The loser, insists morale

in #esteem6 years ago

မာန ဆိုတာ ကိုးကွယ်​ဖို့​တော့

မဟုတ်​ဘူး

ကိုယ့်​တန်​ဖိုးကို ကာကွယ်​တဲ့

ခြံစည်းရိုးပါ။



သည်းခံခြင်းဆိုတာ

အညံ့ခံခိုင်းတာ မဟုတ်​ဘူး

ကိုယ့်​သည်းခံမှု​ကြောင့်​ ​ပြောင်းလဲလာနိုင်​သူနှင့်

ကိုယ့်​ ​ဒေါသကို ​အောင်​နိုင်​ဖို့

အတိုင်းအတာ တစ်​ခုအထိ သည်းခံခိုင်းတာပါ။

image

အ​လျော့​ပေးတယ်​ဆိုတာ

ဒူး​ထောက်​ခိုင်းတာ မဟုတ်​ဘူး

ကိုယ့်​ရဲ့ အ​လျော့​ပေးမှုက လူတစ်​​ယောက်​ရဲ့

ဘဝကို ကယ်​တင်​ရာ​ရောက်​သလို

ကိုယ့်​ဘဝမြင့်​မားလာ​အောင်

အတိုင်းအတာတစ်​ခုအထိ အ​လျော့​ပေးခိုင်းတာပါ။

image

ခွင့်​လွှတ်​ခြင်းဆိုတာ

နေရာတကာမှာ အသုံးမဝင်​တတ်​ဘူး

ခွင့်​လွှတ်​ဖို့ ထိုက်​တန်​သူကို ခွင့်​လွှတ်​​ပေးလိုက်​တာက

သူ​ရောကိုယ်​ပါ ငြိမ်းချမ်း​ပေမယ့်

ခွင့်​လွှတ်​ဖို့ မထိုက်​တန်​​တော့ရင်

အပြီးတိုင်​ စွန့်​လွှတ်​နိုင်​မှ ကိုယ့်​နာကြည်းမှု​တွေကို

ကာကွယ်​ရာ​ရောက်​မှာပါ။



နောက်​ဆုံး......

ဥ​ပေက္ခာ ပြုဖို့ဆိုတာက များ​သောအားဖြင့်

မလွယ်​ကူတတ်​ဘူး

အရမ်းနာသွားရင်​​တော့ ဥ​ပေက္ခာပြုနိုင်​သွားတတ်​တယ်

ပြောရတာလွယ်​သ​လောက်​ ချစ်​ခြင်း မုန်းခြင်း

ကင်းစွာဖြင့်​ ဥ​ပေက္ခာပြုဖို့က​တော့ ပိုခက်​ခဲပါတယ်

အကယ်​၍ စစ်​မှန်​တဲ့ ဥ​ပေက္ခာပြုနိုင်​သွားပြီဆိုရင်​လည်း

ကိုယ်​ကိုယ်​တိုင်​ ငြိမ်းချမ်းလာတာလည်း အမှန်​ပါပဲ။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67978.59
ETH 3270.89
USDT 1.00
SBD 2.65