လူသားတိုင်း လိုအပ်​​နေတဲ့<br> အရာ( ၅)ခု

in #esteem6 years ago (edited)

၁)မိသားစု



မိသားစုဆိုတာ

ကိုယ့်​ကို​မွေး​ပေးတဲ့ အ​ဖေ အ​မေအပါအဝင်

ညီအကို ​မောင်​နှမများနှင့်​ ​ဆွေမျိုးများပါဝင်​ပါတယ်

ဆွေမရှိ မျိုးမရှိ တစ်​​ကောင်​ကြွက်​ဘဝ​တွေက

ကံကြမ္မာအလှည့်​အ​ပြောင်း ကြမ်းတမ်းခဲ့လွန်း​တော့

ရပ်​တည်​မှု အရမ်းခက်​ခဲ့တတ်​ပါတယ်​။

မိသားစုဆိုတာ ကိုယ့်​ဘဝအတွက်​ မရှိမဖြစ်​ လိုအပ်​တဲ့အရာပါ။



၂)ပတ်​ဝန်းကျင်



လူရယ်​လို့ ဖြစ်​လာရင်​ မချစ်​လည်း နမ်း

ချစ်​လည်း ​ပေါင်းသင်း​နေရတာက ပတ်​ဝန်းကျင်​ပါ

ပတ်​ဝန်းကျင်​ဆိုတာ ကိုယ့်​ဘဝရဲ့ ဆရာဖြစ်​သလို

ကိုယ့်​ကို ဒုက္ခ​ပေးနိုင်​တာလည်း ပတ်​ဝန်းကျင်​ ပါ

ပတ်​ဝန်းကျင်​ ဖိအား​ကြောင့်​ ကိုယ့်​ဘဝတိုးတက်

မြင့်​မားလာသလို ပတ်​ဝန်းကျင်​ရဲ့ ​သွေးထိုးမှု​ကြောင့်

အ​တွေးအ​ခေါ်နုနယ်​​နေသူ​တွေရဲ့ ဘဝ​တွေ

နိမ့်​ပါးလာတတ်​ပါတယ်​။

ပတ်​ဝန်းကျင်​ဆိုတာ လက်​​ချောင်း​တွေလိုပါပဲ

အတိုအရှည်​မညီတတ်​သလို အဆိုးအ​ကောင်း

ဒွန်​တွဲ​နေတတ်​ပါတယ်​။

ကိုယ့်​အသိဥာဏ်​​လေးနဲ့ ထိန်းပြီး ပတ်​ဝန်းကျင်​နဲ့

အဆင်​​ပြေ​အောင်​​နေတတ်​လာရင်​ ဘဝပါမြင့်​မားလာကာ အနည်းဆုံး​တော့ ကိုယ်​​သေတဲ့အခါ

စည်​စည်​ကားကား ဖြစ်​လာမှာပါ။

image


၃)အ​ဖော်



အ​ဖော်​ဆိုတာ သူငယ်​ချင်း အ​ပေါင်းအသင်း အပါအဝင်

ဘဝလက်​တွဲ​ဖော်​ ၊မိတ်​​ဆွေ​ကောင်း​တွေကို

ဆိုလိုခြင်းပါ။လူ့ဘဝဆိုတာ သံ​ယောဇဉ်​နဲ့ တည်​​ဆောက်​ထားပြီး သံ​ယောဇဉ်​ ​ကြောင့်​ပူ​လောင်​ရသလို

သံ​ယောဇဉ်​ ​တွေ​ကြောင့်​ပဲ အားဖြစ်​လာရတယ်​။

သံ​ယောဇဉ်​​ကြောင့်​ အမှား​တွေကျူးလွန်​ခဲ့ကြသလို

သံ​ယောဇဉ်​​ကြောင့်​ပဲ လူဆိုး​တွေက​နေ လူ​ကောင်း

ဖြစ်​လာတတ်​ပါတယ်​။ကိုယ်​အားငယ်​စိတ်​ဓာတ်​ကျချိန်​မှာ

မှီတွယ်​စရာ ပခုံးတစ်​ဖက်​ရှိ​နေရင်​ ဘဝက

မပြည့်​စုံ​သော်​လည်း အဓိပ္ပာယ်​ ​လေးနက်​လာတာလည်း

အမှန်​ပါပဲ။ အ​ဖော်​ဆိုတာ ကိုယ့်​အ​ပေါ် ​ကောင်း မ​ကောင်းဆိုတာ ကိုယ့်​အ​ပေါ်မူတည်​​နေတတ်​ပြီး ကိုယ်

ကောင်းခဲ့ရင်​ တူ​သောအကျိုး​ပေးတတ်​တာလည်း

အမှန်​ပါပဲ ။



၎)အလုပ်​အကိုင်​ နှင့်​ ပညာ



လူရယ်​လို့ဖြစ်​လာရင်​ မိသားစုအတွက်​ပဲဖြစ်​ဖြစ်

အလုပ်​အကိုင်​နှင့်​ ပညာကို ရှာ​ဖွေဆည်းပူးလုပ်​ကိုင်

ရပါတယ်​။ ပညာဆိုတာ အတန်းပညာ အပြင်

ဘဝပညာကိုပါ ​လေ့လာဆည်းပူးရတယ်​။

ဘဝပညာ​တွေက ကိုယ်​လုပ်​​နေတဲ့ အလုပ်​အကိုင်​​တွေ​ကြောင့်​နှင့်​ ကိုယ်​နဲ့ပတ်​သက်​ခဲ့တဲ့ လူ​တွေ​ကြောင့်​ပဲ

အ​တွေ့အကြုံနှင့်​ ​​လောကဓံတို့မှ ယူနိုင်​ရင်​ယူနိုင်​သ​လောက်​ ရလာတဲ့ အ​တွေးအ​ခေါ်​တွေပါ။

ဘဝနဲ့ရင်းခဲ့ရတဲ့ သင်​ခန်းစာ​တွေ​ကြောင့်​ပဲ

လူသား​တွေရဲ့ အရည်​အ​သွေး​တွေ မြင့်​တက်​လာပြီး

အသိပညာပါမက အတတ်​ပညာ​တွေပါ

မြင့်​မားလာကြတယ်​။ လူသားတစ်​​ယောက်

ရှင်​သန်​ရပ်​တည်​ဖို့်ကအလုပ်​အကိုင်​နှင့်

ပညာက မဖြစ်​မ​နေ လိုအပ်​ပါတယ်​။



၅)​ငွေ​ကြေး



ပိုက်​ဆံဆိုတဲ့အရာက လူသား​တွေ သတ်​မှတ်​ထားတဲ့

တန်​ဖိုးတစ်​ခု ၊ အလဲအလှယ်​ကြားခံပစ္စည်းတစ်​ခု

ဖြစ်​​နေလို့ မဖြစ်​မ​နေ လိုအပ်​တဲ့ အရာတစ်​ခုပါ။

ချစ်​ခြင်း​မေတ္တာကို ခိုင်​မြဲ​စေတာကလည်း ​ငွေ​ကြေးက

တစ်​ခုအပါအဝင်​ဖြစ်​​နေတတ်​သလို လူမှုဆက်​ဆံ​ရေးရဲ့

အဓိက ဇာတ်​လိုက်​က ​ငွေ​ကြေးဖြစ်​​နေတတ်​တယ်​။

အသုံးအ​ဆောင်​ပစ္စည်းများရဲ့ အရှင်​သခင်​က

ငွေ ဖြစ်​သလို စား ၊ ဝတ်​ ၊ ​နေ​ရေးအတွက်

ငွေ​ကြေးမပါရင်​လည်း ပွဲမစည်​ပြန်​ဘူး။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59218.43
ETH 2534.91
USDT 1.00
SBD 2.44