Freedom in life
အစဉ်ထာဝရ. ချစ်ခင်လေးစားရပါသော
မိတ်ဆွေ သူငယ်ချင်း များရွှင်လမ်းချမ်းမြေ.့ ကြပါစေ...
အားလုးံ မင်္ဂလာ ပါ ဟု. ကျနော် က. နှုတ်ခွန်းဆက်လို့
ဂါရဝ. ပြုလိုက်ပါတယ်...ခင်ဗျ...
ဤ ကမ္ဘာလောက ကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသော
လူ...နတ်...ဗြဟ္မာ ..သတ္တဝါ. အပေါင်းတို့သည်
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ
စိတ်ဆင်းရဲ ခြင်း ကင်း ကြပါစေ
နှလုးံ စိတ်ဝမ်း အေးချမ်းကြ ပါစေ ဟု..ကျနော် မှ
ဆုတောင်း မေတ္တာ..ပိုသလျှက်ပါ
ကျနော်....ဖတ်မိသမျှ...စာပေ. ဗဟုသုတ. သိသမျှလေး
များအား. မိတ်ဆွေ သူငယ်ချင်းများ ကို တဆင့်ပြန်လည်ပြီး
ဖြန့်ဝေပေးခွင့် ရသည့်အတွက် ...ကျေးဇူးတင်ရှိပါ၏....
ကျနော် ဖတ်မိသမျှ စာတိုပေစ လေးများ ဖတ်မိနေရင်းက
စဉ်းစားမိသည့် လေးများမှာ
ကျနော်တို့သည်..နေ့စဉ်နှင့်အမျှ
မိမိတို့၏..ကိုယ်နှုတ် စိတ်တို့ဖြင့် သမ္မာဒိဌိ..မီးရထားစက်ခေါင်း
ကြီးနှင့်...မိစ္ဆာ ဒိဌိ..မီးရထားစက်ခေါင်း ကြီးများမှာ မနားမနေ
တဘူတာပြီး. တဘူတာ..ခရီးဆက်သွားနေကြ သည်မှာအမှန်ပါ
ထိုကြောင့် နက်ဖြန်ဆိုသော.စကားကို ပယ်ဖျက်ပြီး...ယနေ့...
ယခု ပင် စတင်စဉ်းစားကြည့်ကြပါ. စို့...ခင်ဗျ.....
.........................................
ကျနော်တို့. ယခု ရှာဖွေ လုပ်ကိုင်နေသည့် အလုပ်မှ ရှာဖွေ၍ရ
သော ရသမျှကို ဝေပုံချ စီစစ်ကြည့်ပါ လား.....ခင်ဗျ
ရှာဖွေ၍ ရလာသမျှ စိန်..ရွှေ..ငွေ..ကျောက်သံ...ပတ္တမြား...ကို
မယားအတွက် များများ...
ငါ့ အတွက် ကလည်း များများ
မိအို..ဖအို ..အတွက်က နည်းနည်း
ငါ. ဆရာဘို့. ကျေးဇူးရှင် အတွက်နောက် ကြုံမှ
လှုဒါန်းဘို့က. မစဉ်းစားမိသေးဘူး...ခင်ဗျ
.........................................................
ထို့ကြောင့်မို့လည်း ကျနော် တတ်သိသမျှ လက်တွေ ဘဝ
ကျင့်ဆောင်နေဆဲ ...ကာယကံ မှု့ ..ဝစီက မှု့ ..မနောကံ မှု့ ....
များမှာလည် ဟိုတကွက်...သည်..တကွက်နဲ့ မို့...တရားမှန် က
ဝေလာဝေး..နိဗ္ဗာန်ဆိုတာကို ..ဖား ခုန်ကူးသလို ကူးလို့ဘယ်ရ
မလည်းနော်...ကျနော်ရဲ့ အရည်အချင်းကို သိနေပါလေ. ရဲ့
ကျနော်ဟာ အမျိုးမျိုးစဉ်းစားကြည့်မိပါ၏.. ပဋိစ္စ သမုပါဒ်
အကျဉ်းကို သိသမျှလေး ရွှတ်ဆိုပြီး စဉ်းစာမိပါ၏
( ၁) အဝိဇ္ဇာပစ္စယာ..ဘယ်ဘဝကစခဲတုန်းမှန်းမသိခဲ့သဖြင့်
ကောင်းမှု့  မကောင်းမှု့ တွေကို လုပ်ခဲ့မိခြင်းကြောင့်
(၂ ) သင်္ခါယာပစ္စယာ...ကောင်းမှု့  မကောင်းမှု့ တည်းဟူသော
သင်္ခါရအလုပ်.ကြောင့်သံသရာရည့်မည့် ဝိဉာဏ်သစ် ဖြစ်
(၃) ဝိဉာဏ. ပစ္စယာ..ထို ဝိဉာဏ်သစ်ရလာမှု့ ကြောင့်...လူ..ဟူ
သော နာမ်..ရုပ် ဖြစ်လာခြင်း
(၄) နာမ်..ရုပ်..ဖြစ်ထွန်းစည်ပင်ကြီးထွား ပြုပြင်(သင်္ခါရ) ..မှု့ 
ကြောင့်..ခြေ..လက်..ခေါင်း..ကိုယ်..မျက်စိ..နား..လျှာ..အာရုံ
စသည်တို့. ဖြစ်ခြင်း
(၅) သဠာယတနာ ပစ္စယာ..နှင့်
(၆) ဖဿပစ္စယာ တို့သည်...ထို .ကိုယ်..လက်..ခေါင်း..ပါးစပ်..
နား..နှာ..လျှာတို့နှင့် အာရုံတို့ကို ဖန်းစားခြင်း..ထိတွေ့ ခြင်း
နှစ်သက်ခြင်း..ခံစားခြင်း..စသည့်(သင်္ခရ) မှုတို့ကြောင့်
ဝေဒနာ. ဖြစ်ရခြင်း
(၇) ဝေဒနာ ပစ္စယာ နှင့်
(၈) တဏှာပစ္စယာ
(၉) ဥပါဒါန် ပစ္စယာ တို့သည် မီးရောင့်နဲ့ အလင်းရောင် မကွဲပြား
ပြုပြင် ဖြစ်ပျက်မှု့  (သင်္ခါရ) တရားတို့ကြောင့်ယခုဘဝဖြစ်.
(၁၀) ဘဝပစ္စယာ..ယခု လူ ဘဝရပြီးသည်မှ
သံသရာ..အဆက်ဆက်မှကုသိုလ်ဆက်ကြောင့်..ဇာတိ.တည်း
ဟူသော..တဘဝပြီး တဘဝသို့ ဆက်၍ဆက်၍
ခရီး ဆက်နေရပါအုးံမည်...ခင်ဗျ..
ကျနော်ဖတ်နေမိတဲ့ စာအုပ်များမှ လေ့လာခဲ့ရာ တွင်
အုမဲမြင်နေကြ..ဖတ်နေကြ.. သိနေကြ ဖြစ်သော...အိုခြင်း
နာခြင်း..သေခြင်း..ဆင်ရဲခြင်း..မမြဲခြင်းတို့ကို သာမန်စာဖြင့်
သာ.ဖတ်ရှု့ နေခြင်းဖြင့် ဘာခံစားမှု့ များမှ မရှိခဲ့ရိုးအမှန်ပါ
စိုးရိမ်မှု့ လည်း မဖြစ်ခဲ့..ကြိုတင်ပြင်စဉ်မှု့ လည်းမလုပ်ခဲ့တာ
အမှန်မို့.. ကျမ္မာရေးမကောင်းခဲ့ အခါမှ
အနည်းငယ် စဉ်းစား စပြုမိလာပါတော့တယ်
သဗ္ဗေ..သင်္ခါရာ..အနိစ္စာ..
သဗ္ဗေ..သင်္ခါရာ..ဒုက္ခာ..
ဆိုသည့်တရားကို သိစ ပြုလာပါပြီ
ဟိုယခင် အသိက. အသုဘ ဖိတ်စာရောက်လာလျှင်
လူသေသည်ဟု သာ..သိထားပါ၏
သေသည် အဆိုချက်ကိုသာ.လက်ခံခဲ့ပါသည်
ယခု စေ့စေ့တွေးလေ မှ ရေးရေးပေါ်လာခဲ့ပါ ပြီ..
အကုသိုလ်(သင်္ခရ) တရားများက. အလွန်ထိပ့်လန့်ဖွယ်ရာ
တိုသာ. ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများနှင့် ..ဤ. ကမ္ဘာလောက ကြီး
အတွင်းမှာ. မှီတင်းနေထိုင်ကြသော ..လူ နတ်..ဗြဟ္မာ..သတ္တဝါ
အပေါင်းတို့သည်
စိတ်ရွှင်လမ်းလို့. ကိုယ်ကျမ္မာပါစေ
ကုသိုလ်တရား အစုစုများ
တိုးပွားအားထုပ်နိုင်ကြပါစေ.။
Congratulations! This post has been upvoted from the communal account, @minnowsupport, by herrysmit from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.