volcanic risk

in #esteem6 years ago

ကိုယ့်​အနား ဘယ်​သူမှ မရှိ​တော့တဲ့အခါ

ဘယ်​သူ့ကိုမှ အပြစ်​တင်​မ​နေပါနဲ့​တော့

အဲ့ဒါက မင်းရဲ့ ကံကြမ္မာပဲ

အ​ကောင်းဆုံး ရုန်းထပါ။



ကိုယ့်​ ဘဝမှာ ကျရှုံးမှု​တွေ ​တွေ့ကြုံရတဲ့အခါ

လောကကြီးကို အပြစ်​တင်​မ​နေပါနဲ့ 

ကိုယ်​အသုံးမကျလို့ ကျရှုံးရတာဆိုပြီး

လုပ်​​ဆောင်​ခဲ့သမျှကို အ​ကောင်းဆုံး ပြင်​ဆင်​သုံးသပ်​၍

အသစ်​ကပြန်​စပါ။
image

ကိုယ့်​​စေတနာ​တွေ ​စော်​ကားခံရတိုင်း

ပေါက်​ကွဲခံစားမ​နေပါနဲ့

စေတနာဆိုတာ ကိုယ်​က​ကျေ​ကျေနပ်​နပ်

ပေးချင်​လို့ ​ပေးခဲ့တာဖြစ်​ပြီး လက်​ခံသူရဲ့

တန်​ဖိုးထားခြင်းမထားခြင်းက သူ့ကိစ္စဖြစ်​၍

ကိုယ့်​ဘက်​က ​စေတနာဆက်​ထားသင့်​ရင်

ဆက်​ထားတာက ကိုယ့်​ရဲ့သ​ဘောထားပြည့်​ဝမှုကို

ယဉ်​​ကျေးစွာ ပြသနိုင်​လိုက်​ခြင်းပါပဲ။



ကိုယ်​ကိုင်​စွဲထားတဲ့ အမှန်​တရား​ပေတံကို

ပတ်​ဝန်းကျင်​ ဖိအား​ကြောင့်​ လွင့်​မပစ်​လိုက်​ပါနဲ့

ကိုယ့်​​ပေတံ မှန်​တယ်​ မမှန်​ဘူးဆိုတာ

အချိန်​ကာလတစ်​ခု​ရောက်​ရင်​ အဆုံးအဖြတ်​​ပေးသွားမှာ

ဖြစ်​ပြီး ကိုယ်​ချင်းစာတရားအပြည့်​နဲ့

ခရီးဆက်​ပါ။
image

ကိုယ့်​ယုံကြည်​မှုကို နင်း​ခြေခံရတိုင်း

လူတိုင်းအ​ပေါ် သံသယမထားလိုက်​ပါနဲ့

လက်​​တောင်​အတိုအရှည်​မညီသလို ယုံကြည်​လို့ရတဲ့

လူ​တွေလည်း ဤ​လောကကြီးမှာ ရှိ​နေပါတယ်

ယုံကြည်​မှုနဲ့ မထိုက်​တန်​​တော့တဲ့သူ​တွေကို

လုပ်​စရာ တစ်​နည်းပဲရှိတယ်

ချစ်​ခြင်းမုန်းခြင်း ကင်းစွာဖြင့်​ ဥ​ပေက္ခာပြုလိုက်​ပါ။



လူ့ဘဝဆိုတာ ကြိုဖတ်​ခွင့်​မရတဲ့ စာအုပ်​တစ်​အုပ်​လိုပါပဲ

ကိုယ့်​အတွက်​ ​ရေးထားတာသိသိကြီးနဲ့

ရောက်​တဲ့စာမျက်​နှာတိုင်းမှာ ကြုံသလို​ဖြေရှင်းရင်းဖြင့်

ဘဝကို အ​ကောင်းဆုံး မယိုင်​လဲ​အောင်

တည်​​ဆောက်​ကာ ကိုယ့်​စိတ်​ကို ငြိမ်း​အေး​အောင်

ကိုယ်​ကိုယ်​တိုင်​ပဲ ​နေရာချတတ်​ရပါလိမ့်​မယ်​။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 56793.50
ETH 3012.22
USDT 1.00
SBD 2.19