သိကောင်းစရာလွှတ်တော်တေ

in #esteem6 years ago

လွှတ်တော်ဆိုတဲ့ စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။လွှတ်တော်ကို အင်္ဂလိပ်စကားလုံးအနေနဲ့ parliament လို့ ခေါ်ဆိုကြပြီး စင်စစ်အားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ကြရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းအတန်ကြာ ဥပဒေပြုရေးလွှတ်တော်အဖွဲ့အစည်းတွေ မရှိခဲ့ရာကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်မှာ ဥပဒေပြုလွှတ်တော်တွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လွှတ်တော်စနစ်ဟာ လွှတ်တော်နှစ်ရပ်ပါဝင်တဲ့ bicameral legislature စနစ်ဖြစ်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အမြင့်ဆုံးလွှတ်တော်အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့နဲ့ ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၄၀ ရှိကာ အမျိုးသားလွှတ်တော်မှာတော့ ၂၂၄ နေရာရှိပါတယ်။ ပြည်သူ့လွှတ်တော်ကို အောက်လွှတ်တော်လို့ ခေါ်ဆိုကြပြီး အမျိုးသားလွှတ်တော်ကို အထက်လွှတ်တော်လို့ ခေါ်ဆိုကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သက်တမ်းကတော့ ၅ နှစ်ဖြစ်ပါတယ်။ လွှတ်တော်တွေရဲ့ အဓိကတာဝန်တွေကတော့ ဥပဒေတွေပြုခြင်း၊ မေးခွန်းတွေမေးမြန်းခြင်း၊ အဆိုတွေတင်သွင်းအတည်ပြုခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တို့ကို ထိန်းကျောင်းခြင်းစတာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် WowBox ပရိသတ်တွေ ဗဟုသုတရစေဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လွှတ်တော်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို တင်ပြပါမယ်။
၁။ အမေရိကန်
အမေရိကန်နိုင်ငံရဲ့ လွှတ်တော်အဖွဲ့အစည်းကို congress (ကွန်ဂရက်စ်) လို့ခေါ်ပါတယ်။ ကွန်ဂရက်စ်ကို House of Representatives လို့ခေါ်တဲ့ အောက်လွှတ်တော်၊ Senate လို့ခေါ်တဲ့ အထက်လွှတ်တော် စတဲ့ လွှတ်တော် ၂ ရပ်နဲ့ ဖွဲ့စည်းထားပါတယ်။ အောက်လွှတ်တော်ဖြစ်တဲ့ House of Representatives မှာ ကိုယ်စားလှယ်နေရာ ၄၃၅ နေရာရှိပြီး Senate လို့ခေါ်တဲ့ အထက်လွှတ်တော်မှာတော့ ကိုယ်စားလှယ်နေရာ ၁၀၀ ရှိပါတယ်။ House of Representatives ရဲ့ သက်တမ်းကတော့ ၂ နှစ်ဖြစ်ပြီး Senate ရဲ့ သက်တမ်းကတော့ ၆ နှစ်ဖြစ်ပါတယ်။
၂။ ဗြိတိန်
ဗြိတိန်နိုင်ငံရဲ့ လွှတ်တော်အဖွဲ့အစည်းကိုတော့ Parliament လို့ခေါ်ပါတယ်။ Parliament ကို House of Commons လို့ခေါ်တဲ့ အောက်လွှတ်တော်၊ House of Lords လို့ခေါ်တဲ့ အထက်လွှတ်တော်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ House of Commons လို့ခေါ်တဲ့ အောက်လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၆၅၀ ရှိပြီး House of Lords လို့ခေါ်တဲ့ အထက်လွှတ်တော်မှာတော့ ကိုယ်စားလှယ်နေရာ ၈၀၈ နေရာရှိပါတယ်။ House of Commons ကိုတော့ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ကိုယ်စားလှယ်ရွေးချယ်ကြပြီး House of Lords ကိုတော့ ရွေးချယ်ခြင်းမရှိပါဘူး။
၃။ တရုတ် တရုတ်နိုင်ငံရဲ့ ဥပဒေပြုရေးအဖွဲ့အစည်းကိုတော့ National People’s Congress လို့ ခေါ်ပါတယ်။ လွှတ်တော်တစ်ရပ်တည်းသာ ရှိတဲ့ Unicamera လွှတ်တော်စနစ်ဖြစ်ပါတယ်။ ကိုယ်စားလှယ်အရေအတွက် ၂၉၈၇ ဦးရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ထမ်းဆောင်ခွင့်သက်တမ်းကတော့ ၅ နှစ်ဖြစ်ပါတယ်။
image
၎။ ရုရှား ရုရှားနိုင်ငံမှာတော့ ဥပဒေပြုရေးအဖွဲ့အစည်းကို Federal Assembly လို့ခေါ်ပါတယ်။ Federal Assembly ကို State Duma လို့ခေါ်တဲ့ အောက်လွှတ်တော်၊ Federation Council လို့ခေါ်တဲ့ အထက်လွှတ်တော်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ State Duma မှာ ကိုယ်စားလှယ်နေရာ ၄၅၀ ရှိပြီး Federation Council မှာတော့ ကိုယ်စားလှယ်နေရာ ၁၇၀ ရှိပါတယ်။ အောက်လွှတ်တော်ဖြစ်တဲ့ State Duma ရဲ့ သက်တမ်းကတော့ ၅ နှစ်ဖြစ်ပြီး အထက်လွှတ်တော်ဖြစ်တဲ့ Federation Council ရဲ့ သက်တမ်းကတော့ အတိအကျသတ်မှတ်ထားခြင်းမရှိပါဘူး။
၅။ စင်ကာပူ အာဆီယံဒေသရဲ့ အတိုးတက်ဆုံးနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံမှာတော့ ဥပဒေပြုရေးအဖွဲ့အစည်းကို Parliament လို့ခေါ်ပါတယ်။ လွှတ်တော်တစ်ရပ်တည်းသာရှိတဲ့ Unicameral စနစ်ဖြစ်ပါတယ်။ ကိုယ်စားလှယ်ဦးရေ ၉၉ ဦးရှိပြီး ၅ နှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်လေ့ရှိပါတယ်။

Sort:  

The great post thank you

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63330.76
ETH 3090.95
USDT 1.00
SBD 3.80