ဟောလိဝုဒ်သွားမလား

in #esteem8 years ago

ဟောလိဝုဒ်ဆိုတဲ့အမည်ဟာ လူတွေအကြား ရှေးယခင်ကတည်းက စွဲထင်နေခဲ့တဲ့ အမည်ဖြစ်ပြီး ဘောလိဝုဒ်ကတော့ အခုနောက်ပိုင်းမှ တဖြည်းဖြည်းလူသိများလာခဲ့တာဖြစ်ပါတယ်။စင်စင်အားဖြင့် ဟောလိဝုဒ်ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်မြို့တော်လေးတစ်ခုဖြစ်ပြီး ဘောလိဝုဒ်ကလည်း အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဒီအမည် ၂ ခုအကြား ကွာခြားချက်တွေ ဘယ်လောက်ရှိလဲ။ တင်ပြပေးပေးပါမယ်။
၁။ ကိုယ်စားပြုပုံ
ဟောလိဝုဒ်ဟာ အမေရိကန်ရုပ်ရှင်တွေကို ကိုယ်စားပြုပါတယ်။ဘောလိဝုဒ်ကတော့ ဟင်ဒီရုပ်ရှင်တွေကိုကိုယ်စားပြုပါတယ်။ ဟင်ဒီရုပ်ရှင်တွေဟာ အိန္ဒိယရုပ်ရှင်ကဏ္ဍရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။၂။ စတင်ပေါ်ပေါက်ပုံဟောလိဝုဒ်ဟာ ၁၈၀၀ ပြည့်နှစ်ဝန်းကျင်ကာလတွေမှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဘောလိဝုဒ်ကတော့ ၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၁၀၀ လောက်ကွာဟတယ်လို့ ဆိုနိုင်ပါတယ်။
image
၃။ ဘာသာစကား
ဟောလိဝုဒ်ကတော့ အင်္ဂလိပ်ဘာသာစကားကို အဓိကအသုံးပြုရိုက်ကူးလေ့ရှိပါတယ်။ လိုအပ်ရင် တခြားဘာသာစကားတွေလည်း ထည့်သွင်းရိုက်ကူးပါတယ်။ဘောလိဝုဒ်ကတော့ ဟင်ဒီဘာသာစကားနဲ့ အဓိကရိုက်ကူးပြီး တခြားဘာသာစကားတွေလည်း ထည့်သွင်းရိုက်ကူးလေ့ရှိပါတယ်။

၎။ ကိုယ်စားပြုတဲ့ဒေသ
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိ့စ်မှာရှိတဲ့ သေးငယ်တဲ့အသိုက်အ၀န်းလေးတစ်ခုကို ဟောလိဝုဒ်လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
ဘောလိဝုဒ်အတွက်ကတော့ သတ်သတ်မှတ်မှတ် စုဖွဲ့ထားတဲ့ နေရာဒေသရယ်လို့ မရှိပါဘူး။
၅။ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှု
ဟောလိဝုဒ်ကနေ နှစ်စဉ် ရုပ်ရှင်ဇာတ်ကား ၅၀၀ နီးပါးထုတ်လုပ်ပါတယ်။ဘောလိဝုဒ်ကတော့ နှစ်စဉ် ရုပ်ရှင်ဇာတ်ကား ၁၂၀၀ လောက် ထုတ်လုပ်ပါတယ်။၆။ အောင်မြင်မှုဟောလိဝုဒ်ဟာ ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးနယ်ပယ်တစ်ခုဖြစ်ပါတယ်။
ဘောလိဝုဒ်ကတော့ ရုပ်ရှင်လောကရဲ့ တတိယမြောက်အမြင့်ဆုံးနယ်ပယ်ဖြစ်ပါတယ်။၇။ ဇာတ်ကားကြာချိန်ဟောလိဝုဒ်ဇာတ်ကားအများစုကတော့ ၁ နာရီကနေ ၁ နာရီ ခွဲလောက်အထိ ကြာမြင့်ချိန်ရှိပြီး တစ်ချို့ဇာတ်ကားတွေကတော့ ၃ နာရီလောက်ကြာမြင့်တတ်ပါတယ်။ဘောလိဝုဒ်ဇာတ်ကားကတော့ ၂ နာရီ ကနေ ၃ နာရီအတွင်း ကြာမြင့်ချိန်ရှိတတ်ကြပါတယ်။

Sort:  

Hello myanmar nice to meet you

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.091
BTC 63026.84
ETH 1771.20
USDT 1.00
SBD 0.39