ကြီးထွား

in #esteem6 years ago

အသည်းရောင်ခြင်း (သို့) အသည်းအဆီဖုံးခြင်း - ဒါတွေက အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ • အဝလွန်ခြင်း • ရောဂါပိုးဝင်ခြင်း • ဆေးဝါးအချို့ (သို့) အရက် • အဆိပ်များ • မိမိကိုယ်ခံအားစနစ်ကို ပြန်တိုက်သောရောဂါများ • ဇီဝကမ္မဆိုင်ရာ ရောဂါလက္ခဏာစု (သွေးတိုး၊ သွေးတွင်းသကြားဓာတ် များခြင်း၊ သွေးတွင်း အဆီဓာတ်များခြင်း၊ ဝမ်းဗိုက်အဆီများရှိခြင်း စတဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေများသော အချက်များရှိခြင်း) • အဆီ၊ အသားဓာတ်နဲ့ အခြားအရာများ စုပုံလာစေသော မျိုးရိုးဗီဇပြဿနာများ
image
ပုံမမှန်သော ကြီးထွားမှုတွေကြောင့်လည်း အသည်းကြီးစေပါတယ်။ ဒါတွေကတော့ - • ရေအိတ် • အသည်းထဲမှာ စဖြစ်သော (သို့) အသည်းဆီသို့ ပျံ့လာသောကင်ဆာသွေးစီးဆင်းမှုပြဿနာဖြစ်ခြင်း - ဒါကလည်း အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ • နှလုံးညှစ်ထားခြင်းကြောင့်ဖြစ်သော နှလုံးရောဂါ - နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်ခြင်း • အသည်းသွေးပြန်ကြော ပိတ်ခြင်း
ကုထုံးတွေကလည်း ဘာကြောင့် အသည်းကြီးရတယ်ဆိုတဲ့ အရင်းအမြစ်အပေါ် မူတည်ပါတယ်။ ဥပမာအားဖြင့် အရက် အလွန်အကျွံသောက်လို့ အသည်းကြီးတာဆိုရင် ထပ်ပြီးမထိခိုက်စေဖို့အတွက် အရက် ရှောင်ရပါမယ်။

Sort:  

Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58615.18
ETH 2559.55
USDT 1.00
SBD 2.52