မူလန်အဖြစ် ရွေးချယ်ခံထားရတဲ့ လျူ့ရီဖေး

in #esteem6 years ago

ဒီတစ်ပတ်ရဲ့ Famous Person Biography ကဏ္ဍမှာတော့ တရုတ်မင်းသမီးလေး လျူ့ရီဖေးအကြောင်း တင်ဆက်ပေးချင်ပါတယ်။
image
လျူ့ရီဖေးဟာ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ဇာတိဖြစ်ပြီး ဟန်တရုတ်လူမျိုးဖြစ်ပါတယ်။ သူမရဲ့ ငယ်နာမည်ကတော့ အန်ဖုန်ဖြစ်ပါတယ်။ သူမဟာ မိသားစုရဲ့ တစ်ဦးတည်းသောကလေးဖြစ်ပြီး သူမရဲ့ အဖေက ပြင်သစ်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ပထမအတွင်းဝန်ဖြစ်ပါတယ်။ ဒါအပြင် ပြင်သစ်ဘာသာစကားတက္ကသိုလ်မှာ ပရော်ဖက်ဆာအဖြစ် လုပ်ကိုင်ဖူးသူလည်းဖြစ်ပါတယ်။
သူမရဲ့ အမေကတော့ အကပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမ အသက် ၇ နှစ်အရွယ်မှာ မိဘ ၂ ဦး ကွာရှင်းခဲ့ကြပြီး အန်ဖုန်က သူမရဲ့ အမေနဲ့ လိုက်ပါသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ အမည်ကို ပြောင်းလဲခဲ့ပြီး လျူ့ရှီမေကျစ် အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာ မော်ဒယ်လ်ပညာကို လေ့လာခဲ့ပြီး သီချင်း၊ အကနဲ့ စန္ဒရားတီးတဲ့ပညာတွေကိုလည်း လေ့လာခဲ့ပါတယ်။ သူမအသက် ၁ဝ နှစ်အရွယ်မှာတော့ လျူနဲ့ သူမအမေဟာ နယူးယောက်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် Louis Pasteur Middle School မှာ ပညာလေ့လာခဲ့ပါတယ်။ ၂ဝဝ၂ မှာတော့ တရုတ်နိုင်ငံကို ပြန်လာခဲ့ပြီး သရုပ်ဆောင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သလို အမည်ကိုလည်း လျူရီဖေးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ လျူဟာ ဘေဂျင်းရုပ်ရှင်အကယ်ဒမီမှာ လေ့လာမှုတွေ ပြုလုပ်ခဲ့သလို ၂ဝဝ၆ ခုနှစ်မှာတော့ ဘွဲ့ရခဲ့ပါတယ်။
သူမကို ပထဆုံးတီဗီဖန်သားပြင်ရှေ့ပို့ဆောင်ပေးခဲ့တဲ့ ဇာတ်ကားကတော့ The Story of Noble Family ဖြစ်ပါတယ်။ သူမဟာ Chinese Paladin၊ The Return of the Condor Heroes၊ The Forbidden Kingdom၊ A Chinese Ghost Story၊ The Four စတဲ့ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.030
BTC 67918.33
ETH 3740.37
USDT 1.00
SBD 3.69