Can easily lapped fried rice

in #esteem7 years ago

လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ပသျှူးထမင်းကြော်
ဒီတစ်ပတ်ရဲ့ Food Recipe ကဏ္ဍမှာတော့ လွယ်လွယ်ကူကူချက်ပြုတ်စားသောက်နိုင်တဲ့ ပသျှူးထမင်းကြော်ချက်ပြုတ်ပုံကို တင်ပြပေးပါမယ်။
ပါဝင်ပစ္စည်းတွေကတော့ ထမင်း၊ ကြက်သား (သို့) ၀က်သား၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပဲတောင့်ရှည်သီး၊ ကြက်ဥ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအစိမ်းတောင့်၊ ပဲငံပြာရည်အကျဲ၊ ငရုတ်ကောင်း၊ ဆား၊ အချိုမှုန့်၊ ခရုဆီ၊ တရုတ်မဆလာ တို့ဖြစ်ပါတယ်။ချက်ပြုတ်ပုံကတော့ ပထမဆုံး ထမင်းတွေကို ချေထားပါ။ ကြက်သား (သို့) ၀က်သားကို ပြုတ်ပြီး အတုံးပါးပါးလေးတွေ တုံးထားပါ။ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပဲတောင့်ရှည်သီး တို့ကို လှီးပြီး ရေစစ်ထားပါ။
image
ပထမဦးဆုံး ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်ဥဖောက်ထည့်ပါ။ ကြက်ဥကိုချေပြီး နည်းနည်းလောက်လှိမ့်ပြီးရင် ပြုတ်ပြီး လှီးထားတဲ့ အသားတွေ ထည့်ပါ။ ပြီးရင်တော့ ငရုတ်သီးမှုန့်ထည့်ပါ။ ရောမွှေပြီး ဆီသတ်ပါ။ ဆီသတ်လို့ မွှေးလာပြီဆိုရင် မုန်လာဥနီ၊ ပန်းဂေါ်ဖီနဲ့ ပဲတောင့်ရှည်သီးလှီးထားတာတွေကို ထည့်ပါ။ အရသာအတွက် ဆား၊ အချိုမှုန့်ထည့်ပါ။ ပြီးရင် ခရုဆီ၊ တရုတ်မဆလာတို့ကို အစဉ်လိုက်ထည့်ပါ။ စပ်စပ်လေးစားချင်ရင်တော့ ငရုတ်သီးအစိမ်းတောင့်ကို လှီးပြီးထည့်ပါ။ ဆီသတ်ထားတာတွေ အဆင်ပြေပြီဆိုရင်တော့ ထမင်းထည့်ပါ။ ပြီးရင် ပဲငံပြာရည်ထည့်ပါ။ ငရုတ်ကောင်းမှုန့်ထည့်ပါ။ ထမင်းနဲ့ အသီးအရွက်တွေ သမအောင်မွှေပါ။ အချိန်အနည်းငယ် သမအောင် ရောမွှေပြီးရင်တော့ အရသာရှိတဲ့ ပသျှူးထမင်းကြော်တစ်ခွက်ရရှိပြီပေါ့။
Eng image

  • item
    This week's Food Recipe sector can easily cook and eat lapped'll present how to cook fried rice.
    The ingredient, rice Chicken, or 0 Carrots, Cauliflower Yearning eggs, Chili powder, Chili, green capsules Stay cool, sparse, pepper, salt, The sweet powder, Eurasian oil, China Masala cooking housewife. Similar to the first compound. Chicken or 0 blocks of small blocks of boiled pork and thin. Carrots, Cauliflower He cut his long desire.
    image
    image
    First, add the oil pan, add egg breed. Boiled egg and roll a little and then add a slice. Next, add chili
    image
    powder. Oil mix. If getting sweet carrots, Cauliflower and add the broad slice. Salt to taste Add the sweet powder. Now snail Enter China Masala. If you want respect tinged with green chili, add a slice. Rolling convenient if you have anything to add. Then add soy sauce. Add pepper powder. Stir rice and vegetables consistency. After a few temperate mix, have a glass of delicious Malay fried rice.
    image

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60794.44
ETH 2623.30
USDT 1.00
SBD 2.62