လူ​တွေ

in #esteem8 years ago

ငါဗိုလ်ကွဟူသော သဘောဖြင့် အသံကုန်တွန်သည့်အကောင်ကတွန်ကျူးး၊ကြက်မအနား အတောင်ဖြန့်ပြီး ရစ်သည့်အကောင်ကရစ်၊ဗိုလ်လုပြီးတစ်ကောင်နှင့်တစ်ကောင်ခွပ်သည့်အကောင်ကခွပ်နှင့်ကြက်ခြင်းထဲက ကြက်များ။
သားသတ်သမားက တစ်ကောင်ပြီးတစ်ကောင် ထုတ်ယူသတ်ဖြတ်နေစဉ်အလှည့်မကျသေးသည့်အကောင်တွေက အလုပ်မပျက်၊နယ်လုဗိုလ်လုကောင်းနေကြတုန်း။ကိုယ့်အလှည့် မရောက်မချင်း ကြောက်ရကောင်းမှန်းမသိကြ။အလှည့်ကျသည့်အခါကျမှ ထိတ်လန့်တကြား အသံကုန်အော်ဟစ်ပြီး သားသတ်သမားလက်ထဲပါသွားကြသည်။
မိမိတို့လူသားများသည်လည်း ကြက်ခြင်းထဲက ကြက်များနှင့် ထူးမခြားနားလှပါ။မာနတလွှားလွှား၊လောဘတကြီးနှင့် ပစ္စည်းဥစ္စာစုသူကစု။မနာလို ဣသ၁ မစ္ဆရိယများနှင့် ရန်လိုသူက ရန်လို။သေမင်းက တစ်ဦးပြီးတစ်ဦး ဆွဲထုတ်နေသည်ကို သတိမပြုမိကြ။ကြိုတင်ပြင်ဆင်ရကောင်းမှန်းမသိကြ။
သေမင်းခေါ်ချိန်ကျမှ ပြင်းပြသည့် ရောဂါဝေဒနာများ၊သားသမီးပစ္စည်းဥစ္စာ သံယောဇဉ် စွဲလန်းမှုမျာွးကြောင့် မခွဲရက် မခွာရက်သည့် စိတ်ဝေဒနာများ၊အပါယ်ဘုံ..ဝီနိပါတဘေးကို ကြောက်လန့်မှုများကို မချိမဆန့်ခံစားရင်း သေမင်းနောက် ကောက်ကောက်ပါအောင်လိုက်သွားရသူချည်းသာ။
ထို့သို့ အဝိဇ္ဇာမောဟ အမှောင်ဖုံးပြီး ကိလေသာမီးများလောင်ကျွမ်းခံနေရသော မိမိတို့အန္ဓပုထုဇဉ်များကို မြတ်စွာဘုရားမှ လွန်စွာသနား မဟာကရုဏာထားခဲ့ပါသည်။
အခါခပ်သိမ်း ကိလေသာမီး တောက်လောင်နေသူများဖြစ်ပါလျှက် အဘယ့်ကြောင့် ပျော်မြူးးရယ်ရွှင်ခြင်း ဖြစ်ဘိသနည်း။အဘယ့်ကြောင့် နှစ်လိုသာယာခြင်း ဖြစ်ဘိသနည်း။
အဝိဇ္ဇာအမိုက်မှောင်ကြီး ပိတ်ဆီးနေပါလျှက် ပညာတည်းဟူသော ဆီမီးအလင်းရောင်ကို အဘယ့်ကြောင့် မရှာဘဲနေကြပါကုန်သနည်း။

(ရှင်တော်ဗုဒ္ဓ )

image

@gla

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 63991.96
ETH 1865.85
USDT 1.00
SBD 0.38