📩

in #esteem8 years ago

ဗုဒ္ဓဘာသာဝင်များ သိကောင်းစရာ...

#မချမ်းမသာ #မသေမိစေနဲ့

"ပုညံသုခံ ဇီဝိတ သင်္ခယမ္ပိ"

အသက်ကုန်ခါနီး၌ ကုသိုလ်ကောင်းမှုသည် ချမ်းသာ၏။

သေခြင်းတရားကို အကောင်းဆုံး ရင်ဆိုင်နိုင်အောင် နေစဉ်အခါမှာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ကုသိုလ်ကောင်းမှုသာ မပြုမိလျှင် သေခါနီးတွင် ဘယ်လိုမှ ချမ်းသာလိမ့်မည် မဟုတ်၊

ကောင်းမှုမပြုဘဲ မကောင်းမှုတို့ဖြင့်သာ ဖြစ်သလို နေလာခဲ့မည်ဆိုလျှင် သေခါနီးတွင် မိမိ၏ နေခဲ့သော ဘဝနှင့် ပတ်သက်၍ ကျေနပ်မှုရစရာ အကြောင်းမရှိ၊

ကျေနပ်မှုမရှိဘဲ မချမ်းမသာဖြစ်ပြီး သေသွားမည်ဆိုရင်တော့ မချမ်းမသာနေရမည့် ဘဝမျိုးကိုသာ ရောက်သွားလိမ့်မည်၊

ကုသိုလ်ကောင်းမှုတို့ကို ပြုထားမှသာ သေခါနီး ချမ်းသာမည်၊ သေခါနီး ချမ်းသာမှ ချမ်းသာသောဘဝကို ရရှိနိုင်မည်ဖြစ်သည်။

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
(ရှောင်လွဲ၍မရသော အရာ)
------------------------------------..
image
@gla

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64918.30
ETH 1894.27
USDT 1.00
SBD 0.38