✏✏

in #esteem6 years ago

အထင်နဲ့ အယူအဆကို ပယ်တာဗျား။

÷÷÷÷÷÷÷÷÷÷÷÷

မိုးကုတ်ဆရာတော်ဘုရားကြီးက ဘယ်လိုများ ဟောသလဲ လို့ ပြန်စိစစ်ဖို့ မကောင်းလား။ နားက တရားကိုနာ။ ဉာဏ်က ခန္ဓာကိုလှည့်။ဟော ခန္ဓာလှည့်လို့ မခိုင်းဘူး လား။ ခန္ဓာလှည့်ခိုင်းတယ်နော်။

ခန္ဓာဘက်ကို ဉာဏ်လှည့်တဲ့အခါ ပုဂ္ဂိုလ်သတ္တဝါ တွေ့သလား။နာမ်နဲ့ရုပ်တွေ့သလား။ ကဲ ပုဂ္ဂိုလ်သတ္တဝါ မတွေ့ရင် ချစ်စရာကော တွေ့သေးရဲ့လား။ မုန်းစရာကော တွေ့သေးရဲ့လား။ အဲဒါကြောင့်မို့ စဉ်းစားဖို့ ကောင်းတယ်နော်။

ကြားတာကို သညာဖုံး တယ်။ မြင်တာကို သညာဖုံးတယ်။ မဟောဘူးလား။ ဒါကြောင့် အမှတ်မှား တယ်လို့ မဟောဘူးလား။ အသိမှားတယ် လို့ မဟောဘူးလား။ အယူအဆမှား တယ်လို့ မဟောဘူးလား။ အမှတ်မှားတာ နာမ်ရုပ်ကို ပုဂ္ဂိုလ်သတ္တဝါ အမှတ်မှားတာ သညာဝိပလ္လာသ။ နာမ်ရုပ်တရားနှစ်ပါးကို ပုဂ္ဂိုလ် သတ္တဝါလို့ အသိမှားတာ စိတ္တဝိပလ္လာသ။နာမ်ရုပ်တရားနှစ်ပါးအပေါ်မှာ လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါလို့ အယူအဆ မှားတာ ဒိဋ္ဌိဝိပလ္လာသ။ အဲဒီဝိပလ္လာသတရားသုံးပါးကြောင့် သက္ကာယဒိဋ္ဌိဖြစ်တာဗျား။

ကဲ နာမ်ရုပ်လို့သိ။ အနိစ္စလို့သိ။ နာမ်ရုပ်လို့သိ။ ဒုက္ခလို့သိ။ နာမ်ရုပ်လို့သိ။ အနတ္တလို့သိ။ နာမ်ရုပ် လို့သိတဲ့အခါ လူစွဲဒိဋ္ဌိ၊ နတ်စွဲဒိဋ္ဌိ ပြုတ်တယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့သိတော့ တဏှာ သေတယ်။ တဏှာသေ ဥပါဒါန်ပြုတ်တယ်။ နာမ်ရုပ်သိတော့ ဒိဋ္ဌိပြုတ်တယ်။ ဒိဋ္ဌိပြုတ်တော့ ဝိစိကိစ္ဆာချုပ်တယ်။ အာသဝအနေနဲ့ နာမ်ရုပ်တရားနှစ်ပါးကသိတာ ဘယ်လိုလဲ။အခုပြတာ စဉ်စား။

ထိထိမိမိ စိစစ်ဖို့လိုတယ်။ကဲ ဥပမာအားဖြင့် သမီးလေး၊ သား လေး အခါလည်ကျော် သမီးလေး တုတ်တုတ်တစ်တစ် ကျန်းကျန်းမာမာ ချစ်စရာလေးကောင်း ပွေ့ပြီးတော့ နမ်းလိုက်တာ။ သမီးလေးရဲ့ပါးကို ရှုံ့ပြီးတော့နမ်းလိုက်တာ။ မွှေးတာဟေ့ မပြောဘူးလား။ ငါ သမီးလေးက မွှေးတာဟေ့။ ငါ့သားလေးက မွှေးတာ မပြောဘူးလားဟေ့။ စင်စစ်တော့ သမီးလား၊ အနံလား။ သားလား၊ အနံလား။ ဟော ကဲ အနံလို့တွေ့တဲ့အခါ သမီးကား တွေ့သေးရဲ့လား။ သားကား တွေ့သေးရဲ့လား။ မွှေးတာကား ပါ သေးရဲ့လား။ မပါဘူးကွဲ့။

အမှန်သိပြီ။ အမှန်သိတော့ သမီးလို့ စွဲဦးမလား။ သားလို့ စွဲဦးမလား။ လူလို့ကော စွဲဦးမလား။ ဒါ သိဖို့လိုတာနော်။ အမှန်သိတော့ အမှားမပျောက်လား။ ကဲ သိတာလေးက နာမ်တရားမရဘူးလား။ အနံက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး။ သမီးလား၊ နာမ်နဲ့ရုပ်။သားလား၊ နာမ်နဲ့ရုပ်။ ကဲ နာမ်ရုပ်တွေ့တဲ့အခါ သမီးတွေ့သေးရဲ့လား။ သားကား တွေ့သေးရဲ့လား။ ဘာဖြစ်လို့ မတွေ့တာလဲ။ မရှိရင် သမီးစွဲ၊ သားစွဲ စွဲစရာလိုသေးရဲ့လား။ မရှိဘဲကိုး။ ဒါတော့ မပယ်ရဘူးလား။

သို့သော် နာမ်ရုပ်အပေါ်မှာ ဌာနူပစာရအားဖြင့် တင်စားပြီးတော့ သမ္မုတိသစ္စာအနေနဲ့ သမီးလို့ မခေါ်ရဘူးလား။ သားလို့ မခေါ်ရဘူးလား။ အောင်ကျော်လို့ မခေါ်ရဘူးလား။ မိအေးလို့ မခေါ်ရဘူးလား။ ခေါ်ရတယ်ကွဲ့။ အဲဒါ နှုတ်ဖျားမှာ။ ဒါ မပယ်ဘူး။ခေါ်တာမပယ်ဘူး။ ရှိတယ်လို့ လူရှိတယ်လို့ ထင်တာ။ အထင်နဲ့ အယူအဆကို ပယ်တာဗျား။

လူလို့ မထင်ဘူးလား။ သမီးလို့၊ သားလို့ မထင်လား။ ရှိတယ်လို့ မယူလား။ တွေ့တာက သမီးလား၊ နာမ်နဲ့ရုပ်။ သားလား၊ နာမ်နဲ့ရုပ်။ ဘာကြောင့် သမီး မတွေ့တာလဲ။ ဘာဖြစ်လို့မတွေ့တာလဲ။ သား ဘာဖြစ်လို့မတွေ့တာလဲ။ မရှိရင် ဘယ်လိုစွဲမလဲ။ အဲဒါ ယုံကြည်ဖို့လိုတာ။

ကဲ အမှန်သိပြီ။ အမှန်သိတော့ သမီးစွဲမပြုတ်ဘူးလား။ သားစွဲမပြုတ်ဘူးလား။ ခေါ်တော့ မခေါ်ရဘူးလား။ ခေါ်တာ မပယ်ဘူး။ တွေ့တာ နာမ်နဲ့ရုပ်။ သမီး မရှိ။ သားမရှိလို့ ပယ်တယ် ပြောတာ။ အဲဒါ နားလည်ဖို့ လိုတယ်ဗျား။ အဲဒီလို စိစစ်ဖို့ မကောင်းဘူးလား။ အဲဒါ လိုတယ်။ ထိထိမိမိ စဉ်းစားဗျား။ သိမှ ပယ်နိုင်တာ။ မသိ ပယ်နိုင်ပါ့မလား။ စဉ်းစား။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၉-ရက်၊တနင်္လာနေ့
၁၆.၅.၂ဝဝ၅(နေ့ ၂နာရီ)အချိန် ဟောကြားတော်မူသော ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ ပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

credit---ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး ဟောကြားတော်မူခဲ့ သော တရားတော်များ

image

@flay

Sort:  

Wow...make me jealous...very beautiful...may I promote yoursto my company? If they buy you get 90% and I 10%. Didn't you sell it to other company, did you? if not please send to my email [email protected] wait your answer...Cheers

Thanks.That's all right.
flay#4437

Congratulations! This post has been upvoted from the communal account, @minnowsupport, by flay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62716.82
ETH 2447.73
USDT 1.00
SBD 2.65