📝

in #esteem6 years ago

ပညတ် ပရမတ် ၊ ဒါန နှင့် ဝိပဿနာအ
ကြောင်းကို ဓာတ်ပုံဖိုင်အဖြစ်တင်းပေးခဲ့ပြီး
ပါပြီ။

ယခုအကျဉ်းထပ်ရှင်းပြပါမည်။

သင်ယခုရဟန်းတပါးကိုလှုရန် ဖုံး သိုမ
ဟုတ် ပစ္စည်းတစ်ခု ကိုင်ထားပါ။သတိထား
မိမိကိုင်ထားသောလက်ဖျားဆီသို့အာရုံပြု
ကြည့်ပါ။အသေချာသတိထားပါ။မာသဘော၊
ပျော့သဘော၊ပူသဘော၊အေးသဘောကိုခံ
စားသိရှိနေပါမည်။ဤကားပရမတ်။မျက်စိ
ဖြင့်ပစ္စည်းကိုကြည့်ပါ။အဆင်းဆိုသောအ
မြင်ခံတတ်သောအရေင်ကိုသာမြင်ရပါသည်။
ဤကားအဆင်းပရမတ်။သို့သော်သင့်စိတ်
ထဲတွင် ဖုံးကိုကိုင်မိသည်။ ဖုံးကိုမြင်ရသည်
ဟုထင်နေပါမည်။

သင်လှုလိုသောရဟန်းကိုကြည့်ပါ။သင်မမြင်
နေရသည်ကားအဆင်းပရမတ်။သင့်စိတ်ထဲ
တွင်ရဟန်းကိုမြင်သည်ဟုထင်နေပါသည်။

မာသဘော၊ပျော့သဘော၊အဆင်းသည်ပရ
မတ်၊မူလအရှိတရား၊။ပရမတ္ထသစ္စာတရား
မှန်ပါသည်။

ဖုံး ၊ ရဟန်း ဆိုသည်ကား ပရမတ်ကိုမှီ၍
ဖြစ်သော ပညတ်အရိပ်အမှန်တရား။သမ္မုတိ
သစ္စာအမှန်တရားဖြစ်သည်။

သင်သည် ရဟန်းဆိုသောအဆင်းပရမတ်
ကိုအာရုံပြု၍မာသဘော၊ပျော့သဘောကို
လှု၍မရပါ။သင်သတိထားကြည့်ပါ။အဆင်း
ပရမတ်သက်သက်သာဆိုလျင် ရဟန်း၊ လူ
ခွေး ခွဲ၍ရမည်မဟုတ်ပါ။

မာ၊ပျော့သဘောသက်သက်သာဆိုလျင်
ဖုံး ၊ရွှေ ငွေ စသည်ခွဲ၍ရမည်မဟုတ်ပါ။

စိတ်သည်အာရုံနှစ်ခုကိုပြိုင်ယူ၍မရပါ။
ပညတ်ကိုအာရုံယူချိန်၌ပရမတ်ညာဏ်၌မ
ထင်၊ပရမတ်အာရုံပြုချိန်၌ပညတ်မထင်ပါ။

သို့ဆိုလျင်လှုသည့်အခါပရမတ်ကိုအာရုံပြု
မရ၍ဝိပဿနာမဖြစ်နိုင်ပါ။ဝိပဿနာမဖြစ်
လျင်ဖြစ်ပျက်မမြင်ပါ။

သို့ကြောင့်ဒါနအရာ၌ဝိပဿနာမရောကြစေလိုပါ။

အရှင်ပညာသီရိ
image

@elay

Sort:  

I don't know what you said

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.029
BTC 61043.90
ETH 3378.35
USDT 1.00
SBD 2.46