ယောက်ျားလေးမို့ပါ...

in #esteem8 years ago

သန်မာကြံ့ခိုင်တယ် ဆိုပေမယ့်လည်း

အားငယ်ချိန်မှာ ချစ်ရသူကိုတောင့်တမိတယ်။



မငိုတတ်ဘူးဆိုပေမယ့်လည်း

စိတ်ဓာတ်ပြိုကျနေချိန်မှာ ကြင်နာတတ်တဲ့ ရင်ခွင်တစ်စုံတော့

တောင့်တမိတယ်။



အနေတည်တယ်ဆိုပေမယ့်လည်း

ကိုယ့်ချစ်သူရှေ့မှာတော့ ကလေးတစ်ယောက်လို

ပျော်နေမိတယ်။
image

ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ရင့်ကျက်တယ်ဆိုပေမယ့်လည်း

အချစ်နဲ့တွေ့တဲ့ အခါ ခဏတာတော့ အရှက်မဲ့နေမိတယ်။



နှလုံသား မာကြောတယ်ဆိုပေမယ့်လည်း

ခံစားတတ်လာတော့ လွမ်းတတ်လာတယ်။



ထက်မြက်တယ်ဆိုပေမယ့်လည်း

အခက်အခဲတွေကို ဖြေရှင်းနိုင်ပေမယ့် ချစ်သူပျော်အောင်

ထားဖို့အတွက်တော့ စီးပွား​ရေး လုပ်ရတာထက် ပိုခက်လာသလိုပဲ။
image

သံ​ယောဇဉ်​ကြိုးကို ကြောက်တယ်ဆိုပေမယ့်လည်း

ကြိုးက တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်နေတာကို သိသိကြီးနဲ့

ကျေနပ်သလို ခံစားမိလာတယ်။



ရင့်ကျက်လာတာနဲ့အမျှ အချစ်ကို ကစားဖို့ထက်

အချစ်ကို လေးစားတန်ဖိုးထားတတ်လာတယ်။



ယောက်ျားလေးဆိုပေမယ့်လည်း အသည်းမာသလိုလိုနဲ့

နူးညံ့တဲ့ နှလုံးသားရှိမှန်း တကယ်ချစ်လာတော့မှ အမှန်သိလာတယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 62970.54
ETH 1745.73
USDT 1.00
SBD 0.39