New Adventure Tour In Myanmar ( New Place,New Experience)

in #esteem6 years ago

image
image

ရန်ကုန်နဲ့ နီးနီးနားနား ဆောင်နိုင်ကြီးမှာ Adventure Tour
.
အမြဲတမ်း စွန့်စွန့်စားစားနဲ့ Adventure Activity တွေလုပ်ချင်နေတဲ့ ကျွန်တော့် အတွက်တော့ ဆောင်နိုင်ကြီး - ရာမည အပန်းဖြေစခန်း က အာသာတော်တော်ပြေတဲ့ နေရာတစ်ခုပါ။ ရန်ကုန်နဲ့လဲ နီးနီးနားနား၊ နေ့ချင်းပြန်လဲ သွားလို့ရတယ်ဆိုတော့ တော်တော်ကြီးကို အဆင်ပြေတယ်၊ နေရာကတော့ အားလုံး သိပြီးသားဖြစ်မှာပါ၊ ကျိုက်ထီးရိုး ကင်ပွန်းစခန်း တောင်ခြေ ကျော်ကျော်လေးတင်ပါပဲ။
.
ကျွန်တော်တို့လို Adventure သမားတွေအတွက် ရန်ကုန်မှာ ထိုင်ရတာ ငြီးငွေ့လာတဲ့အချိန်၊ ခရီးအဝေးကြီးတွေ သွားဖို့ ရုံးပိတ်ရက်လဲ လောက်လောက်ငှငှ မရှိတဲ့အချိန်ဆိုရင် ဆောင်နိုင်ကြီးက ဘာမှစီစဉ်စရာမလို ကောက်ကာငင်ကာထသွား လို့ရတော့ ပျော်တာပေါ့။
.
image
image

ကဲ …. ဆောင်နိုင်ကြီးမှာ ဘယ်လို Adventure Activities တွေ လုပ်လို့ရမလဲ ကြည့်ရအောင် ..
.

Cliff Jumping (ကျောက်စွန်းတွေပေါ်က ရေထဲကိုခုန်ချကြမယ်)
.
ဆောင်နိုင်ကြီးမှာ ရေတံခွန်အကြီးကြီးတစ်ခု ရှိပါတယ်၊ အဲ့ဒီရေတံခွန်ကြီးကြောင့်ပဲ နာမည်ကြီးတာပါ၊ ရိုးရိုးတမ်းတမ်း ရေကူးရတာ အားမရလို့ စွန့်စွန့်စားစား အဲ့ဒီရေတံခွန်အပေါ်ဆုံးကနေ ခုန်ချချင်ရင်လဲဖြစ်ပါတယ်၊ ရေကလဲ ၂၅ ပေထိ အနက်ရှိတော့ အမြင့်ကနေခုန်ချရင် ရှိသင့်တဲ့ ရေအနက်ထက်ပိုပါတယ်၊ ရေအရမ်းနက်တဲ့အတွက် ရေကောင်းကောင်းကူးတက်ဖို့လိုပါမယ်၊ ရေတံခွန် နေရာအနှံ့မှာလည်း ၂၅ ပေ အနက်ရှိတဲ့အတွက် ရေမကူးတက်ရင် မခုန်ချဖို့ သတိပေးစာတွေလဲရှိပါတယ်။ ဘာပဲ လုပ်လုပ် Safety First ပါနော်။
.
.
Trekking & Hiking (တောလမ်း တောင်တက် ခရီးကြမ်း လျှောက်ကြည့်မယ်)
.
နေရာက တောင်ကြောကြီးနှစ်ခုကြားမှာ ရှိတော့ အနီးအနားက တောင်တွေတက်ကြည့်လို့ရပါတယ်၊ တောင်တွေကလဲ သိပ်မမြင့်တော့ တက်ရသိပ်မခက်ပါဘူး၊ လမ်းထွင်ပြီးဖောက်ထားတဲ့ လမ်းကြောင်းမရှိတော့ ကိုယ့်ဟာကိုယ်ပဲ လမ်းကြောင်းရှာတက်ရမှာဖြစ်ပါတယ်။ လမ်းမပျောက်စေဖို့တော့ သတိထားပါဗျ။
.
image
image

Bouldering (ကျောက်တုံး အသေးလေးတွေကို ကုတ်ဖက် တွယ်တက်ခြင်း)
.
ကျွန်တော်တို့လို Rock Climber တွေ အကြိုက်ပါ။ ဆောင်နိုင်ကြီးမှာ တက်စရာ ကျောက်တုံးတွေပေါပါတယ်။ အဲ့ဒီလိုတက်ဖို့ ကျောက်တောင် တက်တဲ့ဖိနပ် (Rock Shoes) ရယ်၊ လက်ချွေးထွက်လို့ အစိုမပြန်စေဖို့သုံးတဲ့ တောင်တက်မြေဖြူမှုန့် (Climbing Chalk)၊ အကျမနာစေဖို့ အောက်မှာခံတဲ့ ဖော့ပြားအကြီး (Crash Pad) တို့လိုအပ်ပါတယ်။ အဲ့ဒါတွေ ဘာမှရှိမနေလည်း ပြုတ်ကျရင် အကျမနာစေဖို့အတွက် တစ်ယောက်က အနောက်မှာ ထိန်းပေးပြီး Spotting လုပ်ပေးလို့လဲ ရပါတယ်။ Crash Pad မပါရင် အမြင့်ကြီး မတက်ပါနဲ့။
.
.
Trail Running (တောတောင်ကြားထဲ ခရီးကြမ်းပြေးခြင်း)
.
ပြေးရတာ ၀ါသနာပါရင်တော့ ဒီလို Trail Running ကိုလဲ သဘောကျမှာ အသေအချာပါပဲ၊ မြေပြန့်မှာပြေးရတာထက် တောကြားတောင်ကြား စမ်းချောင်းတွေကြား ပြေးရတဲ့ အရသာက ဘာနဲ့မှကို မတူတာပါ၊ အဓိကက ဘေးပတ်ဝန်းကျင်က သဘာဝ အရမ်းဆန်ပြီး တအားလှနေတော့ မောသမျှတွေအကုန်ပြေပေါ့၊ Trail Running ကို အခုမှ စပြီးလုပ်မယ့်လူတွေ ဆောင်နိုင်ကြီးမှ စပြီးလုပ်ကြည့်သင့်ပါတယ်၊ အရမ်းလှပြီး ရန်ကုန်နဲ့ နီးနေလို့ပါ။
.
image
image

Slacklining (ကြိုးတန်းပြားပေါ်မှာ လမ်းလျှောက်ခြင်း)
.
အခြားနိုင်ငံတွေမှာတော့ တော်တော်ခေတ်စားပါတယ်၊ ကျွန်တော်တို့ဆီမှာ Slackline လျှောက်တဲ့ လူတွေရှားပါသေးတယ်၊ Outdoor သမားတွေနဲ့ Yoga ကစားတဲ့လူ အနည်းစုသာ ကစားလေ့ရှိပါတယ်၊ Slackline လျှောက်ဖို့အတွက် ဘာမှ များများစားစားမလိုပါဘူး Slackline ကြိုးပြားရယ်၊ ခိုင်ခိုင်ခန့်ခန့် သစ်ပင်ကြီး နှစ်ပင်၊ ဒါမှမဟုတ် ကြိုးချည်စရာ ခိုင်ခန့်တဲ့ နေရာရှိရင်ရပါပြီ ..
.
.
Deep Water Soloing (ရေနက်ပိုင်းက ကျောက်ဆောင်တွေတက်ကြမယ်)
.
.
ဆောင်နိုင်ကြီးမှာက Deep Water Solo လုပ်ချင်ရင်တော့ နေရာကောင်းကောင်းကြီး မရှိသေးပါဘူး၊ ဒီရေတံခွန်ကြီးမှာပဲ အပျော်အနေနဲ့ လုပ်ရုံလေးပဲ ရဦးမှာပါ၊ ဘာပဲပြောပြော ရသေ့စိတ်ဖြေ .. အပျော်ပေါ့ ..
……
Deep Water Solo ဆိုတာက ရေအနက်ပိုင်းမှာရှိတဲ့ ကျောက်တောင် ကျောက်ဆောင်တွေကို ဘာတောင်တက်ကရိယာ (Safety Gear) တစ်ခုမှမပါဘဲ ဒီတိုင်းအလွတ်တက်တာကိုခေါ်ပါတယ်။ ပြုတ်ကျရင်တော့ ရေထဲကျပေါ့ .. ရေထဲကျတဲ့အခါ အန္တရယ် မဖြစ်အောင် မတက်ခင်ကတည်းက ပြုတ်ကျနိုင်တဲ့ ရေအောက်နေရာတွေမှာ ကျောင်ဆောင်တွေရှိမရှိ လုံလောက်တဲ့ ရေအနက် ရှိမရှိ အရင် ကြည့်ပြီးမှ တက်ရတာပါ။ ရေမကူးတက်ရင်လဲ အသက်ကယ်အိင်္ကျီ ဝတ်ပြီး တက်လို့ရပါတယ်။ သိပ်တော့လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရဘူး ကျောက်နံရံက အချွန်တွေနဲ့ ခဏခဏ ငြိတက်တယ် သိပ်အဆင်မပြေဘူး ဒါပေမယ့်လဲ ရေမကူးတက်တော့ ဝတ်ထားရမှာပဲ တက်နိုင်ဘူး .. Safety First ပဲလေ။ ဒီတစ်ခုက နည်းနည်း အန္တရယ်များတော့ အတွေ့အကြုံရှိတဲ့ ကျောက်တောင် တက်သမား ပါရင် ပိုပြီး စိတ်ချရပါတယ်။သတိထား ပြီး စူးစမ်းလေ့လာ ကျဖို့တော့ ကျွန်တို့ အဖွဲ့မှ သတိပေးလိုပါတယ်.

#Amazing
#Adventure
#Life
#Time
#Photography
#Tour

Credit: Adventoure Tour Myanmar ( Facebook Page)

Sort:  

Sir your great job thank you so much

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawko1987 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 68648.42
ETH 3813.42
USDT 1.00
SBD 3.48