Min Saw Mon ( King of Myouk Oo) Myanmar History

in #esteem6 years ago

image

မင်း​စောမွန်​ကို ဘယ်​သူ နန်းတင်​ခဲ့သလဲ
....... ........ ......... ........ .................. ......

မင်း​စောမွန်​သည်​ ရာဇသူ (AD 1397_1401) ၏သား​တော်​ဖြစ်​သည်​၊ ရာဇသူ နတ်​ရွာစံ​သောအခါ ထီးနန်းဆက်​ခံခဲ့သူမှာ ရာဇသူ၏ညီ သိင်္ဂသူဖြစ်​ပြီး သိင်္ဂသူကို သံဃရာဇာ လုပ်​ကြံ၍ လွန်​​တော်​မူ​သော မင်း​စောမွန်​မှ ထီးနန်းဆက်​ခံခဲ့ခြင်းဖြစ်​သည်​။

မင်း​စောမွန်​ နန်းတက်​ပြီး​နောက်​၂နှစ်​​မြောက်​ သက္ကရာဇ်​ ၇၆၈ တွင်​ ဒါးလက်​စားအမတ်​ အနန္တသိန်​၏ ညီမ ​စောပုညိုသည်​ အလွန်​အဆင်းလှပသည်​ကို မြင်​​တော်​မူလျှင်​ လင်​ကိုခွာ​စေ၍ သိမ်းယူ​သော်​ အမတ်​ကြီး အနန္တသိန်​မှ ဤမင်းကား မင်းဖြစ်​ကာမျှရှိ​သေးသည်​ ငါတို့မှူးမတ်​မျက်​နှာကို ဖျက်​ခဲ့ပြီ ကာလရှည်​လတ်​လျှင်​ အဘယ်​သူကို အားနာအံ့နည်းဟု အမျက်​ထွက်​ကာ အင်းဝမင်း​ဆွေမည်​​သော ပထမမင်း​ခေါင်​ထံသို့ စစ်​ပန်​​စေလွှတ်​ခဲ့သည်​၊

မင်း​စောမွန်​ နန်းစံ​နေစဉ်​ ညီ​တော်​မင်းခရီ (နရနု)မှာ သံတွဲမြို့စားအဖြစ်​ အုပ်​ချုပ်​လျှက်​ရှိ​နေသည်​၊ အနန္တသိန်​၏ စစ်​ပန်​မှု​ကြောင့်​ အင်းဝတပ်​ချီလာ​ကြောင်း ကြား​သောအခါ ​တောင်​ခွင်းစား ရန်​မသူကို​စေလွှတ်​၍ ​လျှောက်​ထား​စေရာ မင်း​စောမွန်​မှာ ကုန်း​ချော​သော အမတ်​တို့၏ စကားကိုယုံကာ ညီ​တော်​အား အထင်​လွဲ၍ သတင်းလာ​ပေးပို့သူ ​တောင်​ခွင်းစားကို ရာဇသံ​ပေး၍ ပြန်​​စေသည်​၊ မင်းခရီသည်​ သံတွဲမြို့ကို လုံခြုံ​အောင်​ စီမံ၍​နေပြီး အင်းဝတပ်​မှ ​လောင်းကြက်​ကို တိုက်​ခိုက်​သိမ်းယူ​သော မင်း​စောမွန်​ မခံနိုင်​၍ သက္ကရာဇ်​ ၇၀၈ တွင်​ အ​နောက်​ကုလား ဘင်္ဂါ ၁၂ မြို့သို့ထွက်​​ပြေးရ​ကြောင်း ဓညဝတီအ​ရေး​တော်​ပုံ၌ ​ဖော်​ပြသည်​။

image

အင်းဝ မြန်​မာတပ်​များလက်​ထဲ ​လောင်းကြက်​မြို့​တော်​ ကျဆုံးသွားပြီး​နောက်​ ညီ​တော်​မင်းခရီသည်​ အင်းဝမင်း သံတွဲမြို့ကို လာ​ရောက်​တိုက်​ခိုက်​မည်​မလွဲဟု ဆင်​ခြင်​မိ၍ မွန်​ဘုရင်​ ရာဇဓိရာဇ်​ထံခိုလုံ​လေသည်​။ ထိုကာလသည်​ မွန်​_မြန်​မာ နှစ်​ ၄၀ စစ်​ပွဲခင်း​နေကြချိန်​ဖြစ်​သည်​။

ရခိုင်​ မြန်​မာ မွန်​ မှတ်​တမ်းများအရ မွန်​နှင့်​မြန်​မာ ရခိုင်​၌ မိမိဩဇာထူ​ထောင်​နိုင်​​အောင်​ အားပြိုင်​ကြပြီး မင်းခရီမှ ရာဇဓိရာဇ်​ထံ သစ္စာခံ၍ ​လောင်းကြက်​မြို့ကို အင်းဝနိုင်​ ဟူ​သောအမတ်​အား ဗိုလ်​ချုပ်​ခန့်​၍ ရဲမက်​​လေး​သောင်းဖြင့်​ချီတက်​တိုက်​ခိုက်​ရာ အင်းဝမင်းတင်​ထားသည့်​ ​နော်​ရထာမင်းကို ကွပ်​၍ မင်းခရီကို နန်းတင်​ပြီး ​စောပြည့်​ချမ်းသာကို ပဲခူးသို့​ဆောင်​ယူခဲ့၏ ဤရာဇဝင်​မှတ်​တမ်းများကို သက်​​သေခံ​သော ​ကျောက်​စာတစ်​ချပ်​ကို ​လောင်းကြက်​ခံတပ်​​ဟောင်းတစ်​ခုမှ​တွေ့ရှိရ၍ ယခု​မြောက်​ဦးပြတိုက်​တွင်​​တွေ့ရသည်​။ ဤ​ကျောက်​စာတွင်​ ရာဇဓိရာဇ်​အား ပြစ်​မှားလျှင်​ ​သွေးပွတ်​ပွတ်​အန်​ပါ​စေ ​မြေမျိုပါ​စေ ကျိန်​ဆိုသစ္စာပြုထား​ကြောင်း​တွေ့ရသည်​။

လောင်းကြက်​မြို့​တော်​ကို မြန်​မာတပ်​များ ဒုတိယအကြိမ်​ လာ​ရောက်​တိုက်​ခိုက်​​သောအခါ မင်းခရီမှာ နတ်​​လှေတစ်​စင်းဖြင့်​ ကုလားပြည်​သို့​ပြေးရသည်​ဟု မှန်​နန်းရာဇဝင်​တွင်​​ဖော်​ပြပြီး မွန်​ရာဇဝင်​၌လည်း မွန်​တပ်​မှ ကုလားပြည်​သို့​ပြေးသည့်​ မင်းခရီကို​ခေါ်ယူ၍ ရခိုင်​မြို့၌ ဒုတိယအကြိမ်​ နန်းတင်​​ကြောင်း​တွေ့ရသည်​။ ရခိုင်​ရာဇဝင်​သစ်​ကျမ်း၌ သက္ကရာဇ်​ ၇၆၉ တွင်​ မြန်​မာများချီလာ၍တိုက်​​ကြောင်း အမတ်​​မောင်​ခွင်​နှင့်​ မင်းခရီတို့ရှုံး၍ ​မောင်​ခွင်​မှာ တလိုင်းပြည်​သို့​ပြေးပြီး မင်းခရီသည်​ ကစ္ဆပနဒီမြစ်​ညာသို့​ပြေး၍ သူ​ဌေး အ​သေယထံ ခိုကပ်​ပုန်းလျို​နေ​ကြောင်း သူ​ဌေးမှမိမိ၏သမီးနှင့်​ထိမ်းမြှား​ပေးပြီး သူ​ဌေးထံမှ စွမ်းရည်​ သတ္တိရှိ​သောသူတို့၏ အကူအညီဖြင့်​ မွန်​တပ်​နှင့်​ပူး​ပေါင်း၍ တိုက်​ထုတ်​နိုင်​ခဲ့သည်​။

မင်းခရီသည်​ မွန်​တို့၏ အကူအညီဖြင့်​ ​လောင်းကြက်​ထီးနန်းတွင်​ ၂ ကြိမ်​တိုင်​ စိုးစံနိုင်​ခဲ့၏၊ သို့​သော်​ ခဏသာဖြစ်​သည်​။
သက္ကရာဇ်​ ၇၆၉ တွင်​ မြန်​မာတို့ချီလာပြီးတိုက်​ပြန်​သည်​၊
သက္ကရာဇ်​ ၇၇၃ တွင်​ မွန်​တို့လာတိုက်​၍ မြန်​မာတို့​ပြေးရပြန်​သည်​၊
သက္ကရာဇ်​ ၇၇၅ တွင်​ မြန်​မာတို့လာတိုက်​ပြန်​၍ မွန်​တို့​ပြေးရပြီး မြန်​မာတို့မှ င​ခွေးသင်း​တောင်​မြို့ကို အုပ်​ချုပ်​​နေစဉ်​ သက္ကရာဇ်​ ၇၈၈ တွင်​ ရခိုင်​တို့တိုက်​၍ မြန်​မာအကြီးအကဲ ကျစွာကို သတ်​​လေသည်​၊
သက္ကရာဇ်​ ၇၈၈ တွင်​ ရခိုင်​တို့သည်​ မြန်​မာတို့သိမ်းယူထား​သော ပြိုင်းတိုင်​​တောင်​ရင်းကို ဆက်​လက်​တိုက်​ခိုက်​သိမ်းယူ​လေသည်​၊ ဤသို့ဖြင့်​ နှစ်​ ၂၀ တိုင်​တိုင်​ စစ်​​မြေပြင်​ဖြစ်​ခဲ့ရ​သော ​လောင်းကြက်​မြို့​တော်​နှင့်​ဝန်းကျင်​ကို ရခိုင်​တို့မှပြန်​လည်​သိမ်းယူနိုင်​ခဲ့သည်​ဟု ရခိုင်​ရာဇဝင်​သစ်​တွင်​​တွေ့ရသည်​။

image

ဓညဝတီအ​ရေး​တော်​ပုံ၌ နရနုမင်း (မင်းခရီ) လည်း ​နောင်​​တော်​ နရမိတ်​လှ (မင်း​စောမွန်​)ရှိရာသို့ လူ​စေလွှတ်​၍​လျှောက်​​သော ​နောင်​​တော်​ချီလာပြီး သက္ကရာဇ်​ ၇၉၃ တွင်​ထီးနန်း ရမြဲရပြန်​​လေရာ သား​တော်​များကို အိမ်​​ရှေ့မ​ပေး နရနု (မင်းခရီ) ကိုအိမ်​​ရှေ့နှင်း​တော်​မူသည်​။

မင်းခရီ ဦး​ဆောင်​​သောရခိုင်​တပ်​မှ မြန်​မာတို့ကို ရခိုင်​ပြည်​မှအပြီးတိုင်​​မောင်းထုတ်​နိုင်​ခဲ့ပြီး အစ်​ကိုမင်း​စောမွန်​ကို ​လောင်းကြက်​၌နန်းတင်​သည်​၊ မင်း​စောမွန်​ကို နန်းတင်​သူမှာ မင်းခရီသာဖြစ်​​ကြောင်း​တွေ့ရသည်​။

မင်း​စောမွန်​ကို သူရတန်​ဘုရင်​မှ နန်းတင်​ခဲ့သတဲ့
........ ....... ........ ....... ........ ......... ........ ............

လောင်းကြက်​မြို့​တော်​ကို အင်းဝမြန်​မာတပ်​များလာ​ရောက်​တိုက်​ခိုက်​​သော​ကြောင့်​ မင်း​စောမွန်​သည်​ အ​နောက်​ဘင်္ဂါ ၁၂ မြို့သို့​ပြေး​ကြောင်း ဒိုး​ဝေရာဇဝင်​ကို မှီငြမ်းသည့်​ ဓညဝတီအ​ရေး​တော်​ပုံမှဆိုသည်​၊ ရခိုင်​ရာဇဝင်​သစ်​တွင်​မူ မင်း​စောမွန်​ အ​နောက်​သို့​ပြေး​ကြောင်း ​ဖော်​ပြသည်​၊ ဓညဝတီရာဇဝင်​သစ်​တွင်​ အ​နောက်​သူရတန်​ပြည်​ဟုဆိုပြီး ငမည်းရာဇဝင်​တွင်​ မင်း​စောမွန်​ အ​နောက်​ပြည်​သို့​ပြေး​ကြောင်း ​ရေးသားခဲ့ကြသည်​။

ငမည်းရာဇဝင်​တွင်​ မင်း​စောမွန်​သည်​ သူရတန်​ဘုရင်​ထံ ၂၄ နှစ်​ခိုလုံ​နေထိုင်​ခဲ့ပြီး ဘင်္ဂလားဘုရင်​ထံ အမှု​တော်​ထမ်းခဲ့​ကြောင်း ဘင်္ဂလားဘုရင်​အား ​ဒေလီဘုရင်​မှ စစ်​ထိုးလာ​သောအခါ ထူးချွန်​စွာကူညီခဲ့ပုံ ​ဒေလီဘုရင်​၏ နွားခန့်​ကြီး​သော ​ခွေးတပ်​ကို သံဆူးခွပါ​သော အမဲသားတစ်​​​ကျွေး၍​အောင်​နိုင်​ပုံ ​ဒေလီမြို့​တော်​ကို ဝိုင်းရံထား​သော ဝါး​တောများ၌ မင်း​စောမွန်​မှ ဒင်္ဂါးများ သွားကြဲခိုင်း​ကြောင်း ဒင်္ဂါးလိုချင်​သူ ရွာသားများမှ ဝါး​တောကိုခုတ်​ထွင်​ရှင်းလင်း ရှာဖွယ်​ကြရာ ဝါး​တောရှင်းသွားပြီး စစ်​ထိုး​အောင်​မြင်​ခဲ့​ကြောင်း ထူးချွန်​စွာ စစ်​မှုထမ်းခဲ့ပုံကို​ ​ဖော်​ပြသည်​။

image

ဦးသာထွန်း​အောင်​၏ ရခိုင်​မဟာရာဇဝင်​​တော်​ကြီးတွင်​ မင်း​စောမွန်​သည်​ ​ဒီလီမြို့​တော်​ ရုံပါသျှားမင်းထံ အကူညီ​တောင်း၍ ကုလားတပ်​သား တစ်​​သောင်း (၁၀၀၀၀) ဖြင့်​ချီလာပြီး နရနု (မင်းခရီ)လည်း စစ်​သည်​အင်​အားတစ်​​သောင်းဖြင့်​ လာ​ရောက်​ပူး​ပေါင်း မွန်​တို့အား ​မောင်းထုတ်​ကြပြီး မင်း​စောမွန်​ကို ​လောင်းကြက်​မြို့​တော်​၌ နန်းတင်​ပြီး ရုံပါသျှားမင်း၏ လက်​​အောက်​ခံအဖြစ်​ သက္ကရာဇ်​ ၇၆၈ တွင်​ ဆက်​လက်​စိုးစံ​ကြောင်း​ဖော်​ပြသည်​။

ငမည်းရာဇဝင်​၏ ​ရေးသားချက်​တွင်​ မင်း​စောမွန်​မှ မိမိအား နန်းတင်​​ပေးရန်​ နာဇီအူဒင်​ရှားကို ပြန်​ကြား​ကြောင်း မိမိမှာ နာဇီအူဒင်​ရှား၏ ပဏ္ဍာဆက်​အဖြစ်​​နေမည်​ဖြစ်​​ကြောင်း​ရေးသည်​၊ သူရတန်​မင်းမှ ပထမအကြိမ်​ ဗိုလ်​ချုပ်​ ဥလုံခင်​ကို ကုလားစစ်​တပ်​အဖြစ်​ တာဝန်​​ပေးပြီး မင်း​စောမွန်​အားနန်းတင်​​ကြောင်း ထိုဗိုလ်​ချုပ်​ သစ္စာ​ဖောက်​၍ မင်း​စောမွန်​ အချုပ်​ခံရပြီး ရခိုင်​သားတို့ မင်း​စောမွန်​အား ကယ်​တင်​၍ သူရတန်​ပြည်​သို့ ပြန်​​ပြေးပြီး ထပ်​မံအကူညီ​တောင်းရာ စူလတန်​မင်းမှ ဆတျာခတ်​ ရာဇမဏိတို့ကို စစ်​တပ်​ဖြင့်​​စေလွှတ်​၍ ထပ်​မံနန်းတင်​​ကြောင်း ​ဖော်​ပြသည်​။

ဦးစံ​ရွှေဘုမှ ​အေဒီ ၁၄၃၀ တွင်​ ဘင်္ဂလားဘုရင်​ နဇီသျှားမှ မင်း​စောမွန်​အား ထီးနန်းပြန်​တင်​​ပေးပြီး နဇီသျှား၏ ဒင်္ဂါးပုံစံကိုအတုယူ၍ ​မြောက်​ဦး​ခေတ်​ဒင်္ဂါးများကို ခပ်​နှိပ်​​ကြောင်း ​အေဒီ ၁၄၃၀ မှ ၁၅၃၀ အထိ နှစ်​​ပေါင်း ၁၀၀ အတွင်း ဘင်္ဂလားအား အခွန်​ဆက်​သရာ နယ်​​မြေအဖြစ်​ မင်း​စောမွန်​မှ ​နောက်​ပိုင်းမင်း ၁၀ ဆက်​ထိ လက်​​အောက်​ခံအဖြစ်​​​နေခဲ့ရဟန်​ ရေးသားသည်​။

နိုင်​ငံခြားသု​တေသီတို့အမြင်
..... ....... ....... ....... .........

ရခိုင်​သမိုင်းပါရဂူ ​ဂျော့လိုင်​ဒါ ၊ သမိုင်းသု​တေသီ ​ဖေယာ ၊ ဘင်္ဂလားသမိုင်းပညာရှင်​ ဟာဘီဘူလာတို့မှ မင်း​စောမွန်​အား ထီးနန်းတင်​​ပေး​ကြောင်း မည်​သည့်​ဘင်္ဂလားသမိုင်း အ​ထောက်​အထားတွင်​မျှ မ​တွေ့ရဟုဆိုသည်​။

ဘင်္ဂလားသမိုင်းသု​တေသီ S.M.ALI မှ မင်း​စောမွန်​အား နန်းတင်​​ပေးသည်​ဆို​သော နာဇီအူဒင်​မာမတ်​သည်​ ၁၄၄၂ ခုနှစ်​တွင်​ ထီးနန်းမတက်​​သေး​ကြောင်း၊ သု​တေသီ ​ဖေယာမှ ​ဂေါရ်​ (ဘင်္ဂလား) နှင့်​ ​ဒေလီ စစ်​မက်​ဖြစ်​ပွားသည်​ ဆိုခြင်းမှာ မှားယွှင်း​ကြောင်း ​ဂေါရ်​ နှင့်​ ဂျန်​ပူဘုရင်​တို့သာ စစ်​ပြိုင်​ကြ၍ ဂျန်​ပူဘုရင်​နိုင်​​ကြောင်း မင်း​စောမွန်​ စစ်​​ရေးထူးချွန်​စွာ ကူညီခဲ့သည်​ဆိုသည့်​အချက်​သည်​ သံသယဖြစ်​ဖွယ်​ဖြစ်​သည်​ဟုဆိုသည်​။

ဂျက်​လိုင်​ဒါမှ မင်း​စောမွန်​သည်​ ဒင်္ဂါးတံဆိပ်​နှင့်​ ကုလားဘွဲ့ခံပါမည်​ဟူ​သော ကတိကို ဘင်္ဂလားဘုရင်​အား​ပေးခဲ့သည်​ဆိုသည်​ကို မင်း​စောမွန်​သည်​ မူဆလင်​ အမည်​မခံယူ​သော မင်းတစ်​ပါးဖြစ်​ပြီး သူသည်​ ဘင်္ဂလားစံပြု ဒင်္ဂါးတစ်​ပြားတစ်​ချပ်​မှ မသွန်းလုပ်​ခဲ့ဟုဆိုသည်​။

မြောက်​ဦး​ခေတ်​အ​စောပိုင်းဘုရင်​တို့ ကုလားဘွဲ့ခံယူကြသည်​ကို အ​ကြောင်းပြု၍ ဘင်္ဂလားလက်​​အောက်​ခံ ဘင်္ဂလားအား ပဏ္ဍာဆက်​ခဲ့ရသည်​ဟု သုံးသပ်​ချက်​များကို ပညာရှင်​ ဟာဘီဘူလာ နှင့်​ ယခု​ခေတ်​ ဘင်္ဂလားသမိုင်းသု​တေသီ ပါ​မောက္ခ ဂျူဒင်​ တို့မှ မင်း​စောမွန်​ ကိစ္စ စီစစ်​ပြရာတွင်​ ဘုရင်​ နရနု (မင်းခရီ)၏ သား​တော်​ ဘ​စောဖြူသည်​ ဘင်္ဂလားစူလတန်​တို့ အင်​အားချိနဲခြင်းကို အခွင့်​​ကောင်းယူ၍ စစ်​တ​ကောင်းကို သိမ်းယူခဲ့သည်​၊ ဘုန်​တန်​ခိုးကြီးမား​သော ဘုရင်​မင်းဗာသည်​ ရာမူးနှင့်​ စစ်​တ​ကောင်းကို ထိန်းသိမ်းထားနိုင်​ခဲ့သည်​၊ ဆက်​ခံသူ ရခိုင်​ဘုရင်​ မင်းဖ​လောင်း ၊ မင်းရာဇာကြီး ၊ မင်းခ​မောင်း ၊ သီရိသုဓမ္မရာဇာတို့ စစ်​တ​ကောင်း နှင့်​ တရိပူရ ဘင်္ဂလားနယ်​များကို အုပ်​စိုးနိုင်​ခဲ့ကြသည်​၊ သူတို့ထီးနန်းဆက်​ခံစဉ်​ မူဆလင်​အမည်​နှင့်​ဘွဲ့များခံယူခြင်း ဒင်္ဂါးများ​ပေါ်တွင်​ အာရဗီ နှင့်​ ဘင်္ဂလီစာ​ရေးထိုး ခပ်​နှိပ်​ခြင်းတို့မှာ ဒင်္ဂါးတို့သည်​ အချုပ်​ခြာအာဏာပိုင်​ဆိုင်​ခြင်း၏ အမှတ်​အသားဖြစ်​သည်​၊ ဤဘုရင်​များသည်​ ဘင်္ဂလားဒင်္ဂါးအမျိုးအစားများကို ထုတ်​လုပ်​ကြခြင်းမှာ စစ်​တ​ကောင်း​ဒေသအ​ပေါ် သူတို့အချုပ်​ခြာအာဏာ သက်​​ရောက်​​ကြောင်း ခိုင်​မာ​အောင်​ပြုလုပ်​ထားခြင်းဖြစ်​သည်​ဟုဆိုပါသည်​။

မြောက်​ဦး​ခေတ်​ အ​စောပိုင်းမင်းများအနက်​ ပင်းဝါနှင့်​ စစ်​တ​ကောင်း​ဒေသကို စစ်​ထိုးသိမ်းပိုက်​ခဲ့​သော မင်းများသည်​ ထို​ဒေသခံများအတွက်​ ရည်​ရွယ်​၍ ကလီမာစာထိုးဒင်္ဂါးများကိုထုတ်​​ဝေကြသည်​ဟု ဒင်္ဂါးသု​တေသီ မီချီနာမှဆိုသည်​၊

မြောက်​ဦး​ခေတ်​​နှောင်းဘုရင်​များသည်​ နရပတိကြီးမင်းလက်​ထက်​မှစ၍ စစ်​တ​ကောင်းကို မထိန်းချုပ်​နိုင်​​တော့​ပေ ထို့​ကြောင့်​ ကုလားဘွဲ့ မခံကြ​တော့​ကြောင်း သု​တေသီ ​ဖေယာမှ ၁၆၃၈ တွင်​ စစ်​တ​ကောင်းကို မင်းစ​နေလက်​ထက်​ မဂိုဘုရင်​ခံချုပ်​ အစ္စလမ်​ခန်​သို့ လက်​လွှတ်​​ပေးခဲ့ရ၏၊ ဤဖြစ်​ရပ်​သည်​ ရခိုင်​ဒင်္ဂါးများ၌ ပါရှင်​ သို့မဟုတ်​ နာဂရီစာများမပါရှိ​တော့ခြင်း အ​ကြောင်းရင်းဖြစ်​​ကြောင်း သုံးသပ်​ပြခဲ့သည်​။

မင်း​စောမွန်​ကို နန်းတင်​သူ
..... ........ ........ ....... ......

မင်း​စောမွန်​ကို သူရတန်​ဘုရင်​မှ စစ်​​ရေးအကူညီ​ပေး၍ ​လောင်းကြက်​ကို ပြန်​လည် သိမ်း​ယူနိုင်​ခဲ့ပြီး ထိုဘုရင်​၏ လက်​​အောက်​ခံအဖြစ်​ ကုလားဘွဲ့ခံ ကတိ​ပေး နန်းတက်​ခဲ့သည်​ဟု ​ရေးသားခဲ့ကြသည့်​ ပုဂ္ဂိုလ်​တို့သည်​ ဖြစ်​ရပ်​မှန်​အချက်​အလက်​များအတွက်​ မူရင်းအ​ထောက်​ထားများမရှိပဲ ထိုကာလ အ​ခြေ​နေများကို မှန်းဆ​ရေးသားခဲ့ကြခြင်းသာ ဖြစ်​မည်​ဟု ယူဆရပြီး မင်း​စောမွန်​ကို နန်းတင်​ခဲ့သူမှာ ညီ​တော်​ မင်းခရီသာဖြစ်​​ကြောင်း တင်​ပြထားပါသည်​။

အကျယ်​ကို ​(မောင်​ဗသိန်း_မင်း​စောမွန်​ကို ဘယ်​သူနန်းတင်​ခဲ့သလဲ)စာအုပ်​တွင်​ရှုပါ။

Credit#Pyae Son San (Historical)
Photo credit # Google Image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawko1987 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87