အဓိက

in #esteem6 years ago

ပျော်ရွှင်စရာကောင်းတဲ့ ...
ဘဝ ဆိုတာ တစ်ဦးအ​ပေါ်....
တစ်ဦး နားလည် မူ့  စာနာ မှု့အလျော့ပေးမူ့
နွေးထွေးမှု့ တို့​ကြောင့်​ စစ်မှန်​တဲ့​ပျော်​ရွှင်
ခြင်းကိုပိုင်​ဆိုင်ကြ​ရတာပါ....

ပျော်ရွှင်စရာကောင်းတဲ့.....
သူငယ်​ချင်းမိတ်​​ဆွေ​ ခင်မင် မှု့ ဆိုတာဟာလဲ
စာနာ ​ထောက်​ထား မှု ရိုင်းပင်း ညှာတာ​မူ့
တို့ကြောင့်​ခင်​မင်​မူ့အဓွန့်​ရှည်​ကြာခိုင်​မြဲကြ
ရတာပါ....

ပျော်ရွှင်စရာ ကောင်း တဲ့.. ဘဝ မှာ..
မြတ်​နိုး​လေးစားချစ်​ခင်​စရာ​....
ကောင်းတဲ့ယောက်ျားကောင်း...
တစ်ယောက်ဆိုတာ ခန့်ညားလှပမူ့ထက်
စိတ်​ထားတည်ကြည်မယ်​ဥာဏ်ရည်
ထက်မြက်​ပြီးရိုးသား ကြိုးစားတဲ့သူဆိုရင်
ဘဝတခုလုံးယုံကြည်​စွာ​ပေးအပ်​နိုင်​လို့်​ရမဲ့
သူမျိုး နဲ့ ဆုံတွေ့ ခွင့် ရနိင် ဖို့ပါဘဲ..

ပျော်ရွှင်စရာကောင်းတဲ့ ဘဝမှာ.
တန်​ဘိုးရှိတဲ့မိန်းခ​လေးတ​ယောက်​ ဖြစ်ဖို့ ဆိုတာ...
လှပ​ကျော့ရှင်း အပြစ်​ကင်း သည်​ထက်
နွေး​ထွေး ကြင်​နာသနားတတ်​ပြီးမိခင်​​မေတ္တာ
စိတ် အပြည့် အဝထားနိုင်​သူမှသာအရာရာပြည့်​စုံတဲ့...
မိန်းမ​ကောင်းမိန်းမမြတ်​လို့​ယူဆ ထား ပါတယ်​..

အရာရာပြီး ပြည့်​စုံ ​သော ပျော်ရွှင်စရာကောင်း သော မိသားစု ​တွေ ဘဝ မှာ
ခင်​မင်​ချစ်​ခင်​ပါတယ်​ဆိုတဲ့ မိတ်​​ဆွေများ
သိပ်​ချစ်​စရာ​ကောင်းတဲ့သား​တွေသမီးတွေ
ဘယ်​​လောက်​ဘဲ ပြည့်​စုံ နိုင်​ကြပါ​စေ...
တသက်​တာ​အေးချမ်းသာယာ
နိုင်​ဘို့ အတွက်​ဆို မိသားစု တစ်စု လုးံ မှာ လဲ တစ်ဦး အ​ပေါ်..
တဦးနားလည်​စိတ်​​လေး ထားနိုင်​ကြ ဖို့ သာ အဓိက လိုအပ် ပါတယ်....

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63572.67
ETH 3086.22
USDT 1.00
SBD 3.86