တစ်ရက်စာ ပလမ်(oneday plan)

in #esteem8 years ago

image
မနက်အာရုဏ်တက် အစောထရတယ်။မျက်နှာသစ်တယ် သွားတိုက်တယ် မျက်နှာကို တံဘက်ဖြင့်သုတ်ပြီး လမ်းလျှောက်ပါတော့တယ်။ မိနစ်၃၀ခန့် အကြာ ပုံမှန်လေးလမ်းလျှောက်ပြီး နံက်စောစော လေကောင်းလေသန့်ရှူလိုက်ပြီး အဆုပ်အတွင်းမှ လေများကို အသက်အောင့်ပြီး ရှူလိုက် ထုတ်လိုက် သတိထားပြီး နေ့စဉ်လုပ်ဖြစ်လို့ ပေါ့ပါးသွက်လက်စွာ နေရသည်မှာသိသာလာပေလိမ့်မည်။ကားTaxiမောင်းတာဆိုတော့ ကားမှန်တွေကို မျက်နှာသစ် ရေဆေး ပြီး ရေ ဆီ အင်ဂျင်ဝိုင် စ်ဆေးပြီး စက်ကို ၅မိနစ်ခန့် နိုးထားရပေတော့သည်။ အိမ်မှအစောထွက်၍ ဆီဆိုင်သို့ ဆီဖြည့်ပြီး လေဆိုင်မယ် လေပါ တခါတည်း ချိန်ထားရပေသည်။ ကိုယ့်ရဲ့တစ်နေ့တာ မနက်ခင်း အလုပ်တွေနေ့တိုင်း တန်းစီနေပေတော့သည်။ နေလေး ထွက်လာသည်နှင့် ဗိုက်ကပါ ဆာလာပါတော့သည်။ ထိုင်နေကြ ကားဂိတ်က ဆိုင်မယ် အဆာခံအောင် ထမင်းကျော်နှင့် ကြက်ဥမွှေကျော် နေ့တိုင်းသာ စားနေရသည်ကလည်း ဆိုင်ရှင်ကတောင် အလွှတ်ရနေပေတော့သည်။ image
အင်တာနက်ခေတ်မယ် Taxiမောင်းရတာကလည်း ဆက်သွယ်ရေးတွေ ကောင်းလာလို့ အလုပ်တွေအဆင်ပြေလို့ပိုလုပ်ကြရလို့ စိတ်ချမ်းသာပေမယ့် ထည့်မလောက် ဖုန်းဘေ(phone bail) ပက်ကေ့ဝယ်သုံးလဲ မလောက်နိုင်လို့ နေ့တိုင်း ဖုန်းဘေထည့်ဖို့ အလုပ်တစ်ခုဖြစ်လာပေတော့သည်။ အင်တာနက်လိုင်းကလည်း ဟန်းစက်လေး ဗားရှင်းမြှင့်မှ လိုင်းက ပိုကောင်းတော့ ဟန်းစက်ပါ ဈေးကြီးပေးပြီး ဝယ်ထားရသည်ကလည်း အရင်းများ ပိုပိုလာနေသည်။ အားသွင်းရတာကလည်း မကြာမကြာ မလို့ ဖုန်းပြောက်မယ် စိုးလို့ စောင့်ကြည့်နေရတာက တမျိုး အမျိုးမျိုး အလုပ်တွေ ပိုပိုလာနေပါတော့တယ်။coffee လေးသောက်လိုက် ဆေးလိပ် အဖြူလေးဖွာလိုက် ကွမ်းယာလေး တမြုံ့ မြုံ့ဖြင့် နေ့စဉ် အပိုထွက်ငွေ များများနေသည်မှာလည်း သတိထားမိလာတော့သည်။
နေ့လည် နေပူလို့ ရေဆာတော့လည်း ရေသန့်တဗူး ၃၀၀ကျပ် ဆိုတော့ ထပ်ဆင့် ကုန်ပါလေတော့သည်။ Taxiကားဂိတ်က ကားဝန်းကို အခြေပြု အထိုင်ထိုးထားရတာ နေပြည်တော်ဖြစ်ပေသည်။ ရန်ကုန်လို လူမပေါ အလုပ်မပေါလို့ အော်တာ တက်မှ လိုက်ကြရပေသည်။ တရွာ တပုဒ်ဆန်း တကျောင်း တဂါထာ လို ပေါ့လေ။ အဆင်ပြေသလို အသက်မွေး အလုပ် ကို နေ့စဉ် plan ချ လုပ်နေတာ တောင် ဝင်ငွေနဲ့ ထွက်ငွေ မမျှလို့ အကြွေး တောင် တင်တင်လာသေးတယ် ။
အကြွေး တင်တော့ ဘေးက ချေး လိုက် ဆပ်လိုက် ယူလိုက် နဲ့ နေ့စဉ် လိုလို အလုပ်အပို တွေ လုပ်လုပ်နေရတယ် ။ အဲတာလဲ လူတယောက်ရဲ့ ဘဝတစိတ်တဒေသမို့ အားလုံး အကျွမ်းဝင်နေပေတော့သည်။
ညနေရောက်လို့ ကားဆွဲကောင်းတဲ့ရက်ဆို ဘီယာလေးနဲ့ အပေါင်းသင်းဖွဲ့ ကာ သောက်လိုက် စားလိုက်နဲ့ မောပမ်းမှုတွေကို တော့ ခနလေးတော့ မေ့စေပါတယ်လေ။ ကားဆွဲမကောင်းရင်တော့ အိမ်သို့သာ အမြန် ပြန်ရပေတော့သည်။ ဝင်ငွေရှာရသော အလုပ်တိုင်းမယ် အချိန်ပေးရပါတယ်လေ။ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမှ ချောမွေ့တာလို့ တစ်ရက်စာ ပလမ် တကယ် ပင်ပမ်း၏။
အပိုဝင်ငွေ လိုချင်လို့ steemit မယ် SMT groupဖြင့်ပေါင်းပြီး စာရေးနေရခြင်းကလည်း plan ထဲ မယ် အချိန်ယူလာပေတော့သည်။ vote power ရှိရင်တော့ အဆင်ပြေမည်။ votepower နည်းရင်တော့ esteem appကို မျှော်လို့သာ စောင့်နေပေရလိမ့်မည် မဟုတ်ပါလော။နေ့စဉ် sbd စုရင်း အဆင်ပြေစေချင်တာ အမှန်ပါ ။ steemit မယ် စာရေးမယ် ပုံတင်မယ် ပို့စ်ကောင်းကောင်းလေးဖြစ်ဖို့ အချိန်ပေးရမည်။ လိုချင်မှုရှိရင် အရင် ပေးဆပ်ထားရတာမို့ တစ်ရက်စာ plan အိပ်မှဘဲ အဆုံးသတ်ပြီး မနက်ခင်း plan က ကြိုဆိုနေပေတော့သည်ဆြာတို့ အဆင်ပြေကြပါစေလို့ SMT 38မှ တင်ပြအပ်ပါသည်။
@chitnaingoo
S.M.T.38

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 65136.12
ETH 1881.91
USDT 1.00
SBD 0.38