Taxi driver and steemit post write

in #esteem8 years ago

'အလုပ်ဟူသမျှ ဂုဏ်ရှိစွ' ဟူသော မြန်မာရှေးလူကြီး အဘိုးအဘွားများရဲ့ စကားများဟာ အမှန်တွေ မလို့ တသွေမသိမ်း လိုက်နာကျင့်ကြံနိုင်ပါက တိုးတက်မှုများအမြန်ရမည်ဖြစ်ပေသည်။ နေပြည်တော်မယ် မြို့မဈေး တွင် Taxi မောင်းတယ် အသက်မွေး အလုပ်တခုမလို့ စိတ်ရှည်သည်းခံပြီး အလုပ်များကို ဝရိယထား သတိကြီးစွာဖြင့် လုပ်ကိုင်နေလျက်ပါ။
Steemit postတွေကို အထူးစိတ်ဝင်စားလို့ စာတွေရေးဖြစ်ပါတယ်။ ဖုန်းကင်မရာဖြင့် သဘာဝအလှပုံများလည်း postနှင့်အတူ တွဲတင်ရလို့ ပျော်ရွှင်မိပါတယ်။ဝါသနာနှင့် အလုပ်တိုင်းဟာ ထပ်တူကြမှ စိတ်ကို ကြည်လင် စေတာအမှန်ပေ။မနက် မိုးလင်းတာနဲ့ ရန်ကုန်မှ - နေပြည်တော်သို့ လုပ်ငန်းကိစ္စ meeting များအတွက် လာရောက်ကြရင် မြို့မဈေးမှ hotelသို့ ကားလေး Taxiဖြင့်သွားကြလေတော့သည်။အဆင်ပြေသော hotel သို့ အနားယူကြလေသည်။

image

ကားမောင်းရင်း ရှုခင်းလှတာလေးများ ဓါတ်ပုံရိုက် ဝါသနာပါတော့ ခနနားရင်း ရိုက်မိပါတော့သည်။သဘာဝမို့ ရာသီဥတုနှင့် ကိုက်ညီသော ပန်းများလည်း လမ်းတလျှောက်မယ် ပွင့်ဖူးလို့ ဝေနေသည်ကလည်း ကြည့်မဝအောင် အလှဆင်နေပေတော့သည်။
Steemit မယ် စာရေးလိုက် postတင်လိုက် ကားလာခေါ်ရင် ကားမောင်းလိုက်ဖြင့် တနေ့တာ လုပ်ဆောင်ချက်များplan ချပြီး လုပ်နေရပါတော့သည်။နွေကပူသည်။ရေက သောက်မဝမို့ စိတ်ထဲမယ် အချိန်တိုင်း ဆာလောင်နေသည်မှာလဲ လူတိုင်းလိုလို ဖြစ်ပေသည်။

image
နေပူလည်း ကားကို ခနရပ်ပြီး ရှုခင်းလှတာလေးများ ဆက်ဖီဆွဲလိုက်သည်။ စိတ်ကျေနပ်ဖို့က အဓိကမလို့ နေပူလည်း ပုံရိုက်နေပေသည်။နေပြည်တော် လမ်းများတလျှောက် ပန်းပင်များ ဖြင့် လှပ ပွင့်လမ်းနေပေတော့သည်။
နေ့တိုင်း ပွင့်ဝေနေသော ပန်းပင်များသည် ခရီးသွား လူအများစိတ်ကို ကြည်နူးကြည်လင်စေမှာအမှန်ဖြစ်ပေသည်။

image
ရေကန်တွေရှိသည်။ပန်းပင်တွေပေါအောင် စနစ်တကျ စိုက်ပျိုးပေးထားလေသည်။ ညနေဆို ရေဖျန်းပေးကြသည်။စည်ပင်က အဓိက သာယာလှပဖို့ နေ့တိုင်း သူ့လမ်းနှင့်သူ စနစ်တကျ လုပ်နေကြသည်မှာလည်း စိမ်းလန်းစိုပြေနေတော့သည်။
hotelတွေမယ်လည်း မြက်ခင်းစိမ်းများ အမြဲစိမ်းပင်များစိုက်ထားလို့ စိတ်ကို အေးမြစေတော့သည်။

image

နေ့တိုင်းလိုလို Taxiဆိုတော့ လာရောက်ကြသော ဧည့်သည်များပေါ်မူတည်လို့hotelများသို့ ရောက်ဖြစ်လသည်။နေပူတော့ အဲယားကွန်း များကြောင့် hotelမယ် အနားယူကြသူများ သည်ထက် များလာနေပေသည်။ နေပြည်တော်မယ် လမ်းတွေက ကျယ် ကားတွေကနည်းနေလေသေးတော့ ဆိုင်ကယ်နှင့် ကားလေးများ တအားမောင်းကောင်းကြလေသည်။

image
လမ်းတွေက စနစ်တကျ ဖောက်လုပ်ထားလို့ တနေရာနှင့်တနေရာ ဝေးနေပါသော်လည်း ခနလေးဖြင့် အမြန်ရောက်အောင် မောင်းလို့ ရကြလို့ နေပြည်တော် လာရောက်ကြသော မိတ်ဆွေများက သဘောကြကြ လေတော့သည်။
steemitမယ် စာရေးလိုက် ကားမောင်းလိုက် ပုံလှလှရိုက်နေခြင်းဟာ နေ့စဉ် ပုံမှန် ဖြစ်နေလေတော့သည်။
Steem Power များလာဖို့ plan ချ ရေးကြပါလို့လည်း တိုက်တွန်းချင်တာဖြစ်ပေတော့သည်။ အလုပ်ဆိုသည်မယ် ပုံမှန် မှန် လုပ်နိုင်သူ နောင်တချိန်မယ် ရလာဒ် တွေ ကိုယ်စီနဲ့မလို့ ရည်မှန်းချက်များ အမြန်အကောင်အထည် ပေါ်လာမည် ဖြစ်ပေသည်။
Steemit ကို စနစ်တကျ လုပ်ကြပါ လို့ ပြောကြားရင်း အားလံး အဆင်ပြေကြပါစေဗျာ။
by-@chitnaingoo

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.102
BTC 62554.16
ETH 1783.65
USDT 1.00
SBD 0.38