Oppo . .အစွမ်း

in #esteem6 years ago

သာအေးနဲ့ ချက်ကြီးတို့ သူငယ်ချင်းနှစ်ယောက် ရွာမှနေ နေပြည်တော်သို့ ပစ္စည်းဝယ်ရန် ဆိုင်ကယ်ဖြင့် နေပြည်တော်မြို့မဈေးသို့ ရောက်လာပေတော့သည်။
သူတို့ သူငယ်ချင်း(၂) ယောက် ဟာ ရွာမယ် Facebook ကြည့်သူ များကြလို့
မြို့ မဈေးက ဖုန်းဆိုင်ကို ဟန်းစက် အကောင်းစား ဝယ်ချင်လို့ လာရောက်ခြင်းဖြစ်သည်။ မြို့မဈေး လ္ဘက်ရည်ဆိုင်ရောက်တော့ ကျွန်တော့်နှင့် စကားစပ်မိလေတော့သည်။ သာအေးနဲ့ ချက်ကြီးက အကိုရေ ရေ coffee သောက်ပါဦးဗျ။ ကျွန်တော်တို့က တောင်ညိုရွာက ပါ။ Facebook သုံးတတ်ချင်လို့ အချိန်ရလည်း သင်ပေးပါလား။ ဟန်းစက် ကောင်းတာလေး ဈေးမများတာလေး ဝယ်ပေးပါလားလို့ ပြောလေတော့သည်။
ကျွန်တော်လည်း Taxi ဆွဲရတာ ဈေးဦးက မပေါက်သေး အကူအညီက အရင် ပေးရဦးမည် ဆိုပြီး သူတို့တိုက်တဲ့ coffee ပူပူ ခါးခါးလေး တဂွတ်လောက် သောက်လိုက်ပေတော့သည်။ အရသာ ကိုတအားရှိပြီး ဆေးလိပ်က ဖွာချင်လာပေတော့သည်။ ကျွန်တော်လည်း လ္ဘက်ရည်ဆိုင်ကို ဈေးလိပ်တစ်ပွဲလောက် မှာပြီး တဖွာလောက် သောက်လိုက်မှ အဆင်ပြေလေတော့သည်။
အေး ညီလေးတို့ oppoဟန်းစက်လေးတွေလည်းတအားကောင်းတယ် ။သံုးရတာ အင်တာနက်လည်း လိုင်းတအားသွက် တာဆိုပြီး ဆိုင်သို့ ခေါ်သွားလေတော့သည်။ဆိုင်ရောက်တော့ ဆိုင်က ကောင်မလေးတွေက သူတို့ကို အသေးစိတ်ရှင်းပြ သဘောကြလေပေတော့သည်။ ကျွန်တော်လည်း ကားအော်တာ ပါလို့ သူတို့ကို ဆိုင်ခနထားခဲ့လေတော့သည်။ ခနနေတော့ သူတို့နှစ်ယောက် ဆိုင်ကညွှန်တာလေး ဝယ်လာကြတော့သည်။ oppoဘဲဝယ်လာကြလေသည်။ ဆိုင်က ကောင်မလေး ပုံကိုပါ အစမ်းရိုက်လာခဲ့လေတော့သည်။

image

အစ်ကိုရေ ဟန်းစက်တအားကောင်းတယ်ဗျ။ ဆိုင်က ကောင်မလေး ပုံရိုက်ထားတာ တအား ကောင်းတာဘဲ နော့ ကင်မရာကလေ။
ဟုတ်တယ် အဲတာကြောင့် အစ်ကိုက oppo ဝယ်လို့ ပြောတာပေါ့။ Facebook Account အကိုဖွင့်ပေးလိုက်မယ်လ။ ကင်မရာကောင်းတော့ အသားမဲလဲ စက်ထဲမယ် တအားထြူသွားတာမလို့လေ။
သာအေးနဲ့ ချက်ကြီးကတော့ oppoကို သဘောကြလေတော့သည်။ ရွာမယ် အခုလို ကင်မရာ ကောင်းကောင်းနဲ့ ပုံတွေတင်လို့ကတော့ နာမည် တမ်းကြီးမှာဘဲနော့ အစ်ကိုရေ Thnk Youပါ အစ်ကိုရာ။

image

ပုံလေးကို သေချာကြည့်တော့ ဟိုက်! !တအားကို တအားလှနေပါလား oppoအစွမ်း တကယ်မိုက်နေပါလားဟေ။ ကြည့်ရတာ ရှင်းထွက် နေပါရော့လားဟယ်။ သာအေးနဲ့ ချက်ကြီးကို ကျွန်တော်က ထပ်ကြွားလိုက်သေးသည်။ အစ်ကိုယ့် phone ဟန်းစက်က လည်း oppoဘဲလေ အစ်ကို ရိုက်ထားတဲ့ ပုံ ပြမယ် အစ်ကိုယ့် သူငယ်ချင်းပုံ နော် ဟဲဟဲ။

image

ကျွန်တော့ပုံကို ချက်ကြီးနှင့်သာအေးအား oppoကင်မရာ အစွမ်းပြလိုက်တော့
wow" ဟိုက် ! ! အစ်ကိုရေ့ ရွာရောက်ရင် ရွာက စာဥကို တမ်းရိုက်ပြီး facebook ပေါ် တင်လိုက်မယ်လို့ ပြောသွားပြီး သူတို့နှစ်ယောက် ဆိုင်ကယ်စီးပြီး တောင်ညိုသို့ ပြန်သွားလေတော့သည်။

by-@chitnaingoo
photo- google

Sort:  

ရှင်း ထွက်နေတာဘဲ ဟဲဟဲ

အလန်းပဲဟေ့

oppo အစွမ်း လေ

နဲနဲနော် Oppoကြီးမဟုတ်ဘူး

ရှင်းနေတာဘဲ လေ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58802.33
ETH 3158.99
USDT 1.00
SBD 2.42