နဂါးပွက် တောင်(မင်းဘူး)
မန်းရွှေစက်တော်သွားရင်း မင်းဘူးမြို့က အလွန်ထူးဆန်းသော နဂါးပွက်တောင်သို့ ရောက်ခဲ့ပေည်။ ရွှံ့ရေအပြာများ ပွက်ပြီး လျှံ ကျ နေခြင်းက အထူးအံ့သြစရာ ဖြစ်နေလေတော့သည်။
မီးတောင်လည်း မဟုတ် မြေအောက်က အပူများ အရည်များ မြေပေါ်လို့ ထိုးထွက် နေခြင်းဖြစ်ပေသည်။
မန်းရွှေစက်တော် ဘုရား ဖူးလာကြကုန်သော ကားများ ဟာ နဂါးပွက်တောင်သို့ လာကြပေသည်။ ထူးဆန်းသော လျှော်ရည်များကဲ့သို့ ပွက်ပြီး ထွက်နေခြင်းက လာရောက်ကြသူများ ဓါတ်ပုံရိုက်ခြင်း vdo ရိုက်ခြင်းများ ပြုလုပ်ကြပေသည်။
သဘာဝဖြစ်စဉ်များဟာ ပြောင်းလည်းမှုတွေ ဖြစ်နေလေတော့သည်။
သိပ္ပံပညာများဖြင့် စမ်းသပ် အဖြေရှာလို့ ရပေမည့် မင်းဘူး ရေနံ မြေမယ်တော့ ထူးခြားနေပေတော့သည်။
နဂါး ညီအကို စောင့်ရှောက်သည်ဟု ဆိုကြပါသည်။ နတ်နဂါးစာများ ကျွေးကြရင်း ပသ ကြတာများတွေ့ရပေတော့သည်။
စာဖတ်သူတို့ မကွေး မင်းဘူးရောက်ရင် နဂါးဗွက် တောင်သို့ လေ့လာသွားကြဖို့ အကြံပြုလိုက်ပါရစေ။