GoodMorning(28.4.2018)

in #esteem6 years ago

Dear All Friend:

Goodmorning :

မနက်စောစောစီးစီး ထပြီး TAXI အော်တာ အရင် ပို့ရပေသည်။ အခုခေတ်မယ် ဝန်ဆောင်မှု ကောင်းသော ဆီဆိုင်များမယ် ဆီထည့်တယ် ကားရေဆေးတယ် လေအလကား ချိန်တယ် မျက်နှာသစ်တယ် အဆင်ကို ပြေနေလေတော့သည်။ သန့်စင် ခန်းတွေပါ သီးသန့်လုပ်ပေးထားလို့ မနက်စောစော ဆီထည့်ရင်း အဆင်ပြေလှပေတော့သည်။
ခရီးသွားမည့် ကျွန်တော့်မိတ်ဆွေ ဝန်ထမ်းအိမ်ယာတိုက်သို့ မနက် ၄နာရီခွဲတိတိအရောက်သွားရပေတော့သည်။ မြို့မဈေး ကားကြီးကွင်းသို့ ပို့ရပေသည်။ နံက်စောစောမယ် နေပြည်တော်မှ မိထ္ထီလာ - မြင်းခြံသို့ အစောထွက်သော ကားမယ် ပို့ပေးရခြင်းဖြစ်လေတော့သည်။ ဒီနေ့တော့ ဈေးဦးအစောပေါက်လို့ တကယ်ပျော်မိပေတော့သည်။
ဝန်ထမ်းအိမ်ယာမှ မြို့မဈေးကားဝန်းသို့ ၃မိုင် လောက်ရှိသော်လည်း ၃၀၀၀ကျပ်တော့ ရထားလို့ တကယ် ပျော်မိတာအမှန်ပါ။ စနေနေ့ဆိုတော့ ဝန်ကြီးရုံးတွေ မပို့ရပေမယ့် ဘုရား JUNCTIONတစ်ခုခုတော့ ပို့ပေးရမှာဟသေချာနေပေတော့သည်။

image

APRILလက လည်း ကုန်တော့မယ် လကုန်ဖို့၃ရက်သာလိုတော့သည်။ နေပြည်တော် မြို့မဈေးရဲ့ ငွေစီးဆင်းမှုက လစာထုတ်ရက်ဖြစ်လေတော့သည်။ လစာ
ထုတ်ရက်မှ ကားလည်း ဆွဲကောင်းမောင်းလေတော့သည်။ လစာမထုတ်ခင် ၁၀ရက်ဆိုပါလျင် အဆိုတော် ဝေလ သိချင်းလိုပါဘဲ ပြတ်တုန်းလတ်တုန်း၂၃လိုပါဘဲလေ။ ငွေစီးဆင်းမှုက သူ့ရက်နဲ့သူမလို့ နေပြည်တော် ဝန်ထမ်းအိမ်ယာ ပတ်ရှာလည်က အခြားမြို့နဲ့တော့ မတူ တမူထူးခြားနေပေလိမ့်မည်။

image
ဟိုက်ဝေး EXPRESS ကားတွေကတော့ လူပြည့်ပြည့်မပြည့်ပြည့် အချိန်ကြ ထွက်ရပေတော့သည်။ခရီးသွားဝန်ဆောင်မှုအလုပ်ကလည်း အခြားလုပ်ငန်းများနှင့်မတူပေ။ဧည့်သည်များက သွားသွား ပြန်ပြန် စုသွားစုပြန်ဖြစ်နေလေတော့သည်။
တစ်လမယ် ရက်၃၀ဆို လဝက် ၁၅ရက်တော့ ကောင်းပေတော့သည်။ ကျန်၁၅ရက်က မြတ်ဖို့ထက် အရင်းမပါအောင် ဝရိယထား လုပ်ဆောင်ရသည်မို့အလုပ်တိုင်းလည်း မလွယ်ကူကြပေ။

image

ကျွန်တော်တို့နေပြည်တော်က Taxi သမားတွေက ရန်ကုန်လို မဟုတ်လို့ ဦးနောက်သုံးလုပ်နေကြရပေတော့သည်။ လူသိပ်မရှိသော နေပြည်တော်မယ် taxiငှား သွားဖို့ဆိုသာ တကယ်တော့ရှားပါးလေတော့သည်။ ကဲအလုပ်ကလည်း စပြီးပြီး
coffee ဆိုင်မယ် ထိုင်ကာ ဗိုက်ပြည့်မည့်ဟာ အစားအစာ တွေ အကုန် မှာစားပြီး မျှော်နေရှာတော့သည်။
@chitnaingoo

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58613.96
ETH 3153.58
USDT 1.00
SBD 2.43