Shame

in #esteem6 years ago

ဆန္ဒကိုသိက္ခာတရားနဲ့ထိန်းပါ

ဖောက်ပြန်တော့မယ်ကြံတိုင်း
လက်ရှိ ချစ်သူကို သတိရပါ။

ဖောက်ပြန်တော့မယ်ကြံတိုင်း
လက်ရှိ အိမ်ထောင်ရေးကို သတိရပါ။

ဖောက်ပြန်တော့မယ်ကြံတိုင်း
လက်ရှိ သားသမီးတွေရဲ့ အနာဂတ်ကိုတွေးပါ။

ဖောက်ပြန်တော့မယ်ကြံတိုင်း
ကိုယ့်ကိုအားကိုးနေတဲ့ ဇနီးမယား ခင်ပွန်း
မျက်နှာကို မြင်ယောင်ပေးပါ။

ဖုန်းတွေ ပေါလာတဲ့ခေတ်မှာ
အပျို အအို ဆိုက်စုံ ဂိုက်စုံ
အင်တာနက်ပေါ် တက်လာကြတယ်
effect တွေသုံးထားတဲ့ ဓါတ်ပုံ
ဘယ်က ဘယ်သူ ဘာလုပ်တယ် ဆိုတဲ့
မသေချာမရေရာ တဲ့ အချက်အလက်တွေနဲ့ 
အင်တာနက်ပေါ်က လူတွေ နဲ့ သာယာပြီး
လက်ရှိ အိမ်ထောင်ရေးကို
ပျက်စီးအောင်မလုပ်သင့်ပါဘူး။

ဘယ်သူဘယ်လောက်ကောင်းကောင်း
ဘယ်သူဘယ်လောက် ချောချော
ကိုယ့်ရဲ့ ငယ်လင်ငယ်မယားလောက်
ဘယ်သူမှ မချောနိုင် မကောင်းနိုင်ပါဖူး။

မယားငယ်
လင်ငယ် ဆိုတာ
ကိုယ့်ရဲ့ လက်ရှိ ငယ်လင်ငယ်မယားလောက်
ကောင်းနိုင်ပါ့မလား။

အင်တာနက်ကနေ တွေ့ တဲ့
လူတွေကိုယုံပြီး
လက်ရှိ အိမ်ထောင်ရေးကိုဖျက်စီးပြီး
အင်တာနက်ကတွေ့ တဲ့လူဆီကိုသွားမလို့လား

တန် လို့လား ?

မယားငယ်
လင်ငယ် ဆိုတာ
တကယ်တော့ တိတ်တိတ် ပုန်း
ယူရတဲ့ လူတွေပါ

သူတို့ကို ပေါ်တင်ယူလို့ မရဖူး
လူ့ ပတ်ဝန်းကျင်ကလက်မခံဖူး

မြို့လယ်ခေါင်က
အများသုံးသန့်စင်ခန်း ဆိုတာ
လူတကာ လာရောက်ပြီး
အညစ်အကြေးတွေ စွံ့တဲ့နေရာပါ
တန်ရာတန်ကြေးပေးပြီး
အညစ်အကြေးစွံ့ပြီးရင်
လူတွေက အဲဒီသန့်စင်ခန်းကို
ကျောခိုင်းကြတာပါပဲ။

မယားငယ်
လင်ငယ် ဆိုတာလည်း
အများသုံးသန့်စင်ခန်းလိုပါပဲ။

အညစ်အကြေးစွံ့ ဖို့ 
တစ်ခုသာ သုံးလို့ရတာပါ။

လက်ရှိအိမ်ထောင်ရေးကို
ပျက်စီးခံပြီး
အများသုံးသန့်စင်ခန်းဆီသွားမလို့လား။

@chitchit

Sort:  

ဟုတ်ပါတယ်

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67657.28
ETH 3498.77
USDT 1.00
SBD 2.70