ဆုတောင်းလေးပြင်လိုက်ပါ
ဒီနေ့ ညောင်ရေသွန်းပွဲတော် ကဆုန်လပြည့်နေ့
ရွှေတောင်ဦးမှော်ဘုရားမှာ ပဋ္ဌာန်းသိမ်းပွဲအပြီးခဏနားနေခိုက် ဟိုရောက်ဒီရောက် စကားပြော ဖြစ်တယ်...
ရွှေကြက်ယက် ဘုရားညောင်ရေသွန်းတာ အတော်ကိုစည်ကားတာဆိုဘဲ အသံတွေကလည်းဆူလို့ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းထိ နေ့ရော ညရော ကြားနေရတယ်....
အချောအလှတွေ အခေါအမွတွေ အစုံဘဲ လူစုံ စရိုက်စုံ အဖုံဖုံနဲ့ တစ်ခါတစ်လေ လူတွေကိုကြည့်ပြီး စိတ်ထဲသံဝေဂရတယ်....
ဒါနဲ့ ရွှေတောင်ဦးမှော်ရှုမျှော်ခင်းကနေ ထိုင်ကြည့်ရင် အချောအလှတွေ တွေအကြောင်း စကားပြေား မိတယ် ..
ငယ်ရွယ်တဲ့ ကိုရင်တစ်ချို့က အချောအလှလေးတွေလည်း ရွှေတောင်ဦးမှော်မှာ လာပြီး ညောင်ရေသွန်းတာ ပါလာတယ်လေ သူတို့က ငမ်းနေကြတယ် ဒါနဲ့...
“ဟဲ့ ... ကိုရင် ချော်လဲဦးမယ်ဟ ...
ဒါကာမတွေ ချောတာငမ်းမနေနဲ့..”
“တင်ပါ့ဘုရား....”
“လာလာ လုပ်စရာရှိတာလုပ် ...”
“ဘုရားရေသပ္ပာယ်ရအောင်....”
“ရေသပ္ပာယ်ပြီး မင်းဆုတောင်း ...”
“ဒီနေ့လိုနေ့ကောင်းနေ့မြတ်ကြီး ဆုတောင်းတာပြည့်တယ်ကွ...”
“တင်ပါ့ဘုရား....”
“အေး ဘာဆုတောင်းမှာလည်းပြေားကြည့်လေ”
“တပည့်တော် ဆုတောင်းမှာ ဟီး.....”
“ဟို .... အချောအလှလေးနဲ့ တစ်သက်လုံးရိုးမြေကျ ပေါင်းရပါစေသတည်းလို့....”
“ဟ ! ကိုယ်ရင်ရ ဘယ်နဲ့ဆုတောင်းနေတာလည်း....”
“ဆုတောင်းမှားနေပြီ မင်းငမ်းခဲ့တာတွေ ဆုတောင်းနေတာကိုး....”
“ဘုရားရေသပ္ပာယ်ပြီးရင် အိမ်ထောင်အကြောင်း ငါပြေားပြမယ် ငါလည်းမကျဘူးတော့ စာထဲဖက်ဘူးတာ ပြေားမှာပေါ့ကွာ......
“ ထောင် ”
ထောင်ဆိုတာ စည်းကမ်းချိုးဖောက်သောသူ ဥပဒေချိုးဖောက်သူတွေ ကျရောက်ရမည့် လွတ်လပ်ပျော်ရွှင်မှုဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်တယ်ဆိုတာ အားလုံးအသိဘဲမှတ်လား။ အိမ်ထောင်ဆိုတာလည်း ဒီလိုဘဲ မိသားစုတာဝန် ပျက်ကွက်သူ၊ ကိုယ်ကျင့်တရား ချိုးဖောက်သူတွေ ကျရောက်နေတဲ့ လွပ်လပ်ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းရာ နေရာကိုခေါ်တာပါ။ ကိုယ်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့ အတွက်တော့ ၊ ကောင်းကျိုးချမ်းသာတွေပေါတဲ့ ကျက်သရေမင်္ဂလာအတိပြီးတဲ့ ပျော်ရွှင်စရာ သီရိဂေဟာကြီးဖြစ်ကြမှာပါ။
ဒီလိုသီရိဂေဟာကြီးဖြစ်လိမ့်မည်လို့တော့ တွေးထင် စိတ်ကူးယဉ်ပြီး လူထွက် မိန်းမယူလိုကတော့ မင်းဟာထောင်ကျတဲ့သူဖြစ်မှာပါကွာ သီရိဂေဟာနဲ့တော့ တွေ့မှာမဟုတ်ဘူး...
လူ့လောက ကို မင်းတို့နားမလည်ဘူး လူလောက ရှုတ်ထွေးတယ် အကုသိုလ်များတယ် စိတ်ကူး မလွဲလိုက်နဲ့ ကိုရင်...
ကဗျာ စပ်ထားတာ ရှိတယ် ကိုရင်တို့ ၊လူပျိုကြီးတို့အတွက်ပေါ့..
“ ငါအိပ်တယ် ၊
ငါနိုးတယ်၊
နံဘေးမှာကြည့်၊
ဘာမျှမရှိ ၊
သြော်....ကျယ်ဝန်းပါဘိ”
ကဲ ဘယ်လောက်ကောင်းလည်း အိပ်ချင်တဲ့အခါအိပ် စားချင်တဲ့အခါစား ဘယ်သူကိုမှ တာဝန်မယူရဘူး နောက်ဆံတင်းစရာမရှိတော့ ဘယ်သွားသွား တင့်တယ်တယ် ဘယ်သူကိုမှလည်း စိတ်ပူစရာ ၀န်တိုစရာ မရှိဘူး လောကကျယ်ဝန်းသမျှ ကြောင့်ကျမရှိဘူး.....
ဒါကြောင့်ထောင်ကိုတော့ မတမ်းတနှင့်တော့ ဆုတောင်းလေးပြင်လိုက်ပါတော့ကိုရင်.....
@chirstonawba