"အ​ကောင်းဆုံ​အောင်​မြင်​သူ့ နဲ့ ကျရှုံးသူ​တွေရဲ့ကွာခြား​သောအချက်​"

in #esteem7 years ago

ကမ္ဘာမှာ​အောင်ဲမင​သူ​တွေဘာလုပ်​​နေလဲ ကျရှုံး​သူ​တွေဘာလုပ်​​နေလဲ​ပြောပြချင်​ပညတယ်​ဗျ...
အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။ အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်​။ အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေး တစ်ခုကိုတွေ့တယ်။
ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။
image

အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူ လက်လျော့နောက်ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။
ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသြူ အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့ အရာဆိုတာ မရှိဘဲ မျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။
ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။
အောင်မြင်သူက တစ်ပါးသူရဲ့ရှုထောင့်ကနေ ကိစ္စရပ်ကိုကြည့်တယ်။ တစ်ပါးသူရဲ့ ခံစားချက်ကို နားလည်အောင် လုပ်တယ်။
ကျရှုံးသူက ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပူပန်တတ်သူဖြစ်တယ်။
အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို ဒုတိယနေရာထားသူဖြစ်တယ်။
ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို နောက်ချန်ထားသူဖြစ်တယ်။
အောင်မြင်သူ အောင်မြင်ရခြင်းက ကိုယ်အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။
ကျရှုံးသူ ရှုံးနိမ့်ရခြင်းက ကိုယ်အောင်မြင်မယ်လို့ မယုံကြည်ရဲသူဖြစ်တယ်။
အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုသင်ယူစရာ၊ လုပ်စရာတွေနဲ့ သိမ်းကျုံးလုပ်နေတတ်တယ်။
ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ သက်ပြင်းအခါခါချပြီး အဲ့ဒီ့ခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။
အောင်မြင်သူက လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်သူဖြစ်တယ်။
ကျရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတောင် အချိန်ဆွဲပြီး လုပ်တတ်သူဖြစ်တယ်။
အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအားကျပြီး သူတို့ရဲ့ကောင်းကွက်ကို ကြိုးစားသင်ယူလေ့ရှိတယ်။
ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို မနာလိုမုန်းတီးပြီး သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေတတ်တယ်။ အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေက ပြင်ပလောက က လာတာဖြစ်တယ်။
ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေက သူတို့အတွင်းစိတ်ထဲက လာတာဖြစ်တယ်။ အောင်မြင်သူက အမြင့်ကိုတက်လှမ်းနိုင်ဖို့ အာသီသပြင်းထန်တယ်။
ကျရှုံးသူက ကြံ့ကြံ့ခံနိုင်ဖို့ အာသီသမရှိဘူး။
image
အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီးက မျှော်လင့်ချက်ဖြစ်တယ်။
ကျရှုံးသူအတွက် အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။
အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။
ကျရှုံးသူက အခွင့်အရေးကို စောင့်တယ်။
အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။
ကျရှုံးသူက ယုံကြည်မှုဆိုတာ မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။
အောင်မြင်သူက ရှည်လျားတဲ့လမ်းတွေကို တစ်လမ်းချင်းနဲ့အဆုံးထိ လျှောက်နိုင်မယ်ဆိုတာကို ယုံကြည်ထားသူဖြစ်တယ်။
ကျရှုံးသူက တိုတောင်းတဲ့လမ်းဖြစ်လည်း ရှေ့ခြေတစ်လှမ်းမတိုးရင် အဆုံးထိလျှောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မသိသူဖြစ်တယ်။ အောင်မြင်သူက အလုပ်မလုပ်ခင် အရင်တွေးတောကြံစည်တယ်။
ကျရှုံးသူက အလုပ်မလုပ်ခင် တွေဝေပြီး အလုပ်ပြီးချိန် နောင်တရတတ်သူဖြစ်တယ်။ဒ​​ကြောင့်​ သင်​ဘဂအတွက်​ဘာ​တွေပြင်​ဆင်​သင့်​လဲ ဆိုတာသိ​နေ​လောက်​ပီးထင်​ပါတယ်​။ကျေးဇူးပါ...
image

photo credit-google photo

Sort:  

Congratulations @chanhtike! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

ဝိုး...​ကောင်းတယ်​အကို...ဆက်​​ရေး.​ပေးပါ...