အချစ်​ နဲ့ ​ငွေ

in #esteem6 years ago

image
အချစ်​ကြီးရင်​အရှုံးရတယ်
နာလည်​မှု​တွေ​ပေးရင်​လှည့်​စားတယ်
အောက်​ကျွံခံရင်​မာန်​တတ်​တရ်
စာနာစိတ်​နဲ့ကူညီရင်​​စော်​ကားတတ်​ကြတရ်
လူတချို့ကစာနာစိတ်​​တွေ
အချစ်​​တွေဂုနာ​တွေနဲ့မတန်​သူ​တွေ
ဆန္ဒ​တွေ​တော့ရှိတယ်
မ​တောင်းဆို​တော့ဘူး
ဂရုစိုက်​မှု​တွေ​တော့လိုချင်​ခဲ့တယ်
မ​ပြောပြ​တော့ဘူး
နီးသည်​ဖြစ်​​စေ ​ဝေးသည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

တကယ်​ချစ်​ခဲ့တာ​တော့ဝန်​ခံတယ်
မလိုအပ်​​တော့ဘူး
ပေးဆပ်​ခဲ့သမျှ​တွေ​တော့သိ​စေချင်​​တယ်
နစ်​နာခဲ့တယ်​လို့မသတ်​မှတ်​ဘူး
သူသိသည်​ဖြစ်​​စေ ​သူမေ့သည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

အချစ်​နဲ့​တော့ပတ်​သက်​​နေတယ်
မသက်​ဆိုင်​​တော့ဘူး
မ​မေ့နိုင်​​သေးတဲ့ခံစားချက်​​တွေ​တော့ရှိတယ်
နာကျည်းမုန်းတီး​နေတာမဟုတ်​ဘူး
ဘယ်​သူမှန်​သည်​ဖြစ်​​စေ ဘယ်​သူမှားသည်​ဖြစ်​​စေ မဆုံချင်​​တော့ဘူး ...

အ​ကြောင်းတိုက်​ဆိုင်​တိုင်းခံစားချက်​​တွေဖြစ်​တည်​​နေတယ်
မ​မျှော်​လင့်​​တော့ဘူး
နှလုံသားကတိုးထွက်​လာမှု​တွေသာဖြစ်​တယ်
နာကျင်​စွာအသည်း တွေကွဲပြီးခံစား​နေတာ​တော့မဟုတ်​ဘူး
ပြန်​ဆုံသည်​ဖြစ်​​စေ မဆုံဖြစ်​​တော့သည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

ရာသီ​တွေ​ပြောင်းလဲ​နေတယ်
ဟိုအရင်​လိုသက်​ပြင်းချက်​​တွေနဲ့မမွန်းကျပ်​​တော့ဘူး
အချိန်​​တွေနဲ့ကုစားခဲ့တာဖြစ်​တယ်
အပြီးတိုင်​​မေ့​ဖျောက်​နိုင်​စွမ်း​တော့မရှိ​သေးဘူး
ချစ်​သည်​ဖြစ်​​စေ မုန်းသည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

တကယ်​ချစ်​ခဲ့လို့…
နာကျင်​စွာခံစားဖူးတဲ့ သူတိုင်းသာ
အသိဆုံးဖြစ်​လိမ့်​မယ်
ချစ်​ဖူးခဲ့တဲ့အချစ်​မျိုးကို
နောက်​ထပ်​ဘယ်​​တော့မှ
မဆုံချင်​​တော့ဘူး ...။

ဆန္ဒတွေတော့ ရှိသည်
မျှော်လင့်ချက်တော့ မရှိပါ ။
သို့ သော်…
သူ့ ကို ကျွန်မ အလွန်ချစ်ပါသည် ။

ကျွန်မလေ …သူ့ ကို ဘယ်တော့မှ မမျှော်လင့် တော့ပါဘူး ။

ကျွန်မဘေးမှာ သူ ရှိသည်ဖြစ်စေ…
မရှိသည် ဖြစ်စေ…
ကျွန်မ ရင်ဘတ်ထဲ အသည်းနှလုံးထဲမှာ
သူသာလျှင် ထာဝရ ရှိနေမှာပါကွယ်…

ရယူလိုမှု့ တစ်စုံတစ်ရာ မပါပဲ
သူ့ ကို မြတ်နိုးစွာ ချစ်ခဲ့တယ်ဆိုတာ…

ပျော်စရာတွေကို ဝေမျှလိုက်ရင် နှစ်ဆတိုးပွှားလာပြီး သင့်ကော သင့်ပတ်ဝန်းကျင်ကော ပျော်ရွှင်ရတယ်​ စိတ်ညစ်စရာကို ဝေမျှလိုက်ရင် သင်နဲ့ရင်ဘတ်ခြင်းနီးသူက ကူခံစားပေးလို့ တစ်ဝက်သက်သာလာလိမ့်မယ်………။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 64197.36
ETH 3181.98
USDT 1.00
SBD 2.49