Believe Me

in #esteem6 years ago

ယုံကြည်ပေးနိုင်မလား

မင်းအပြုံး မင်းအသံက
ငါ့နှလုံးသားနံရံတံခါးကို
လာခေါက်နေသလားပဲ
ငါ့ရဲ့စိတ်အထင်ပေါ့ ။
တကယ်တော့
ငါဟာ တစ်ဖက်သက် အချစ်သမား
အချစ်မပွါးလဲ ရတယ် ။
ပြစ်ထားလဲ ရတယ် ။
မနမ်းဝံ့တဲ့ ပန်းလေးကို အဝေးကပဲ
အလွမ်းသင့်တဲ့ ငါ့အသဲနဲ့
အမြဲချစ်နေမယ်လေ ။
မင်းဘေးမှာ အဟောင်းတွေမကြွေသေးသလို
အသစ်တွေလဲ ဝေနေဆဲ ။
ဒါတွေကိုမြင်နေလဲ သဝန်မတို
ငါကတော့ အရင်လို ချစ်မြဲပါ ။
ထာဝရထက် တစ်ရက်ပိုသွားလျင်
ဒီရင်ခွင်အပူလှိုင်းကြောင့်
မင်းလေးတစ်ယောက် သွေးခြောက်သွားမှာလဲစိုးတယ် ။
အချစ်နယ်မှာ အရှုံးသမားဖြစ်ပေမဲ့
နှလုံးသားရဲ့ဆန္ဒကိုတော့
ငါ ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတာ ယုံကြည်ပေးပါနော် ။
@cakka
MSU No.055
image

Sort:  

@cakka, I gave you a vote!
If you follow me, I will also follow you in return!
Enjoy some !popcorn courtesy of @nextgencrypto!

ကောင်းတယ် sis။ ကဗျာဆိုတာ စိတ်ကို ကြည်နှုးစေတယ်လေ။

အမ်

ယုံကြည်ပါတယ်နော်😝

ဟုတ်

nice poem ဗျာ ခံစားချက် အလုံးအရင်း နဲ့ကို ဖော်ကျူးထားတာပါလား ✌
@aggamun

အချစ်နယ်​မှ အရှုံးသမားဖြစ်​ရင်​ ဘဝဆိုတဲ့တိုက်​ပွဲမှာ ​အောင်​ပန်း​တွေဆွတ်​ခူးနိုင်​ပါ​စေဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01