လုပ်​ငန်းတစ်​ခု၏​အောင်​မြင်​မှု

in #esteem6 years ago (edited)

လုပ်ငန်းတခုရဲ့အောင်မြင်
ဖို့ဆိုတာ အရှိန်အဟုန်လိုပါတယ်
လုပ်ငန်းအသစ်တွေပြိုလဲ
ရခြင်းရဲ့အဓိက အချက်ဟာ
အရှိန်မရခြင်းပါ....
လုပ်ငန်းအရှိန်ရဖို့ လုပ်ငန်းစတင်
လုပ်ကိုင်သူတွေဟာ
နေ့မအိပ်ညမအိပ်နဲ့
ကြိုးစားရပါတယ်...

ဖောက်သည်အသစ်တွေရဖို့
ဝန်ထမ်းကောင်းတွေရဖို့
ငွေကြေးအကြပ်တည်းမဖြစ်ဖို့
Suppliers တွေနဲ့ချိတ်ဆက်ဖို့
ဝန်ဆောင်မှုတွေကောင်းဖို့
စတဲ့ အရေးကြီးတဲ့လုပ်ငန်း
တွေကို ကိုယ်တိုင်ဦးဆောင်ပြီး
လုပ်ရပါတယ်။ ကိုယ်တိုင်
ဦးဆောင်ပြီးမလုပ်နိင်ရင်
တော့ စီမံခန့်ခွဲမှုကျွမ်းကျင်တဲ့
မန်နေဂျာလိုမျိုးတစ်ယောက်
ခေါ်ရပါမယ်....။

အဲလိုခေါ်တဲ့အခါမှာ အထူးသတိ
ပြုရမှာက ကိုယ်ခေါ်တဲ့
မန်နေဂျာ(သို့)စီမံခန့်ခွဲမည့်
သူဟာ တကယ်ကျွမ်းကျင်ဖို့
လုပ်တတ်ဖို့လိုပါတယ်။
အပြောကတော့ရွှေမန်း
ကတော့ ချိုမိုင်မိုင် မဖြစ်ဖို့
အရေးကြီးတယ်..။
အခုနောကပိုင်း အဲလိုသူတွေ
ခဏခဏကြုံရတယ်။
စီမံခန့်ခွဲမှုမကျွမ်းကျင်တဲ့သူ
ဦးဆောင်တဲ့လုပ်ငန်းဟာ
(၁)နှစ်ထက်ပိုမခံပါ ကျရှူံးမှာ
အသေချာပါပဲ။

လုပ်ငန်းအသစ်တခု
အောင်မြင်တဲ့လမ်းကြောင်း
ပေါ်ရောက်အောင်ကြိုးစားရတာ
အလွန်ခက်ခဲသလို
အောင်မြင်နေတဲ့လုပ်ငန်းတခု
လမ်းကြောင်းပေါ်ကနေ
ချော်မသွားအောင်
ပဲ့ကိုင်ရတာလည်းမလွယ်ကူပါ။

ဒါ့ကြောင့်လုပ်ငန်းတခု
စတင်တာပဲဖြစ်ဖြစ်
အရှိန်ရနေတာပဲဖြစ်ဖြစ်
အောင်မြင်နေတာပဲဖြစ်ဖြစ်
Founderတစ်ယောက်အနေနဲ့
လုံးဝမျက်ခြေပျက်လို့မရပါဘူး
အသေးစားနဲ့အလတ်စား
လုပ်ငန်းတွေဆို ပို
ဂရုစိုက်သင့်ပါတယ်။

လုပ်ငန်းငယ်လေးတွေဟာ
Company အုပ်စုကြီးတွေ
ရဲ့ management,organization
တွေအတိုင်း တထေရာထဲ
အတုယူလို့မရပါဘူး။
ဘာလို့လဲဆိုတော့ အဲဒီcompany
ကြီးတွေရဲ့founder တွေဟာ
သူတို့ကိုယ်တိုင်လုပ်ငန်းတွေ
ထဲ ထဲထဲဝင်ဝင် မလုပ်ပေမဲ့
သူတို့ကိုယ်စား ဦးဆောင်ခိုင်း
ထားတဲ့ CEO တွေ MDတွေ
Leader တွေရဲ့ Skills တွေဟာ
မသေးလှပါဘူး။လစာတွေ
ခံစားခွင့်တွေအများကြီးပေး
ရတဲ့ Professional တွေပါ။
အဲလို ကျွမ်းကျင်တဲ့သူတွေကို
ဦးဆောင် ခိုင်းတတ်လို့
Company ဥက္ကဌကြီးတွေ
ချမ်းသာပြီးရင်းချမ်းသာ
အောင်မြင်ပြီးရင်းအောင်
မြင်နေကြတာပါ။

ဒါ့ကြောင့်လုပ်ငန်း
ငယ်လေးတွေအနေနဲ့
Marketing,advertising
Retail sale, distribution
Production,စတဲ့လုပ်ငန်း
တွေမှာ ကိုယ်တိုင်ဦးစီး
ဦးဆောင် လုပ်နိင်မှ
အောင်မြင်နိင်မှာပါ။
လုပ်ငန်းအရှိန်လေးရလာ
ပြီဆိုမှ skills ရှိတဲ့သူတွေကို
တာဝန်အသီးသီးခွဲပေးပြီး
ကိုယ်က လုပ်ငန်းထပ်တိုးချဲ့
ဖို့ အတွက် ဦးစားပေး
ဆောင်ရွက်သင့်ပါတယ်။

ခြေလှမ်းပေါင်း၁သောင်း
လှမ်းဖို့ ၁လှမ်းကနေစရမှာပါ။
ကမ္ဘာ့တန်ဖိုးအကြီးဆုံး
အမှတ်တံဆိပ်ဖြစ်တဲ့ Apple
ကို ကားဂိုထောင်လေးတခုမှာ
လူ၂ယောက်လောက်နဲ့စခဲ့တာပြီး
လက်ရှိကမ္ဘာ့အချမ်းသာဆုံး
စာရင်းဝင် ဘီလ်ဂိတ်ဟာလည်း
သူ့ရဲ့အမှတ်တံဆိပ် Microsoft
ကိုလည်း ကားဂိုထောင်ထဲမှာ
လူ၃ယောက်လောက်နဲ့ပဲစခဲ့ကြတာပါ။
ဒါ့ကြောင့်လုပ်ငန်းသေးတိုင်း
စိတ်အားငယ်စရာမလိုပါ။
ဦးဆောင်နိင်ဖို့နဲ့ စီမံခန့်ခွဲတတ်
ဖို့အရေးကြီးပါတယ်။
image
အားလုံးပဲ အောင်မြင်ကြီးပွားကြပါစေ
Credit#​မောင်သူရ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63885.30
ETH 3142.94
USDT 1.00
SBD 3.86