😁

in #esteem6 years ago

တိုတောင်း၍ ပိုကောင်းသော ဘဝဒဿနများ (၁၂)
The shorter and deeper philosophies of life


ခမ်းခမ်းနားနာ အဆောက်အဦးတစ်ခုကို
တည်ဆောက်ရတာ နှစ်တွေချီပြီး ကြာမြင့်ပါတယ်။
ဒါပေမယ့် ယင်းအဆောက်အဦးဟာ အကြီးအကျယ်
ဖျက်ဆီးနိုင်တဲ့ ခေတ်မီ လက်နက်တွေနဲ့ဆိုရင်
မျက်စိတစ်မှိတ်အတွင်းမှာ အလွယ်တကူ ပြိုပျက်သွားနိုင်ပါတယ်။
ထိုအတူပါပဲ နာမည်ကောင်းရအောင် လုပ်ဆောင်ရတာဟာ
တစ်ခါတစ်ရံ နှစ်တွေချီပြီး ကြာမြင့်ပါတယ်။
သို့ပေမယ့် ခက်ခက်ခဲခဲ ရထားတဲ့ နာမည်ကောင်းဟာ
မလိုတမာ ဝေဖန်ပြစ်တင်မှုကို သဘောခွေ့တဲ့
ရန်သူတွေရဲ့ အထိန်းချုပ်မဲ့ လျှာတွေအောက်မှာ
အလျင်အမြန်မြန် ပျက်ဆီးသွားနိုင်ပါတယ်။

Normally it takes years to erect a magnificent building.
In a wink, with modern devastating weapons,
it could easily be demolished. In the same way,
sometimes it takes years to build up a good reputation.
In no time, the hard-earned good name can ​be ruined
under uncurbed tongues of enemies who found of unjust criticism.


လူတွေကို ငွေနဲ့ အသက် ဘယ်ဟာက ပိုအရေးကြီးလဲလို့ 
မေးခွန်းထုတ်ကြည့်ရင် အဖြေတစ်မျိုးစီ ကြားရပါလိမ့်မယ်။
နှမျှောတွန့်တိုသူကိုမေးရင် ငွေကပိုအရေးကြီးတယ်လို့ အဖြေပေးပြီး
ချမ်းသာသူကတော့ အသက်က ပိုအရေးကြီးတယ်လို့ အဖြေပေးပါလိမ့်မယ်။
ဒါမေမဲ့ ကြီးကျယ်မြင့်မြတ်သူတစ်ယောက်အနေနဲ့ဆိုလျင်
ငွေနှင့်အသက်ထက် ကိုယ်ကျင့်တရားက ပိုအရေးကြီးပါတယ်။
ဒါကြောင့် ကျွန်တော်တို့က သူတို့ ကို ကြီးကျယ်မြတ်သူတွေအဖြစ်
လေးလေးစားစား မှတ်ယူကြတာပါ။
သူတို့ဟာ တစ်ခါတစ်ရံ အခြေနေတွေကြားမှာ
သူတို့ရဲ့  ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းဖို့၊
လက်မြှောက်အရှုံးပေခြင်းကို ငြင်းပယ်ဖို့
ကောက်ကျစ်သူတွေရဲ့  နှိပ်ကွပ်ဒဏ်ကို ခံကြရပါတယ်။

Different answers can be heard when people are asked
which is more important , their money or their lives.
To a miser, money is more important but
to a wealthy person, life is more important.
However, to a great noble one, principles
are far more important than money and life.
That is why we regard them as great noble people
with respect. Sometimes for adhering to their principles
and refusing to surrender under any circumstances,
they are persecuted by the crafty fellowmen.

ဒေါက်တာအရှင်ကုမုဒ (ဗောဓိထောင် ကြာတစ်ပွင့်)

image

@bokaung

Sort:  

Artikel tang indah,,,, sukses selalu ya

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60345.08
ETH 2986.57
USDT 1.00
SBD 3.81