📄📄✏✏📒
How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး
How do we face the problems in the modern age?
"မျက်မှောက်ခေတ် ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ"
The modern age is marked with unprecedented transcience. Changes take place so rapidly that we have lost our sense of balance. No longer is the world in the state of calm it had been in the past. This is an age of turbulence in which the traditional societies are crumbling before the monster of modernism. The rate of change occurs at a vastly accelerated pace. Changes that in the past would take hundreds or even thousands of years to materialize are suddenly now packed into a few years,
မျက်မှောက်ခေတ်ကို မကြုံစဖူး အထွတ်အထိပ်ရောက်မှုအဖြစ် သတ်မှတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ တည်ငြိမ်တဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားလောက်အောင် အပြောင်းအလဲတွေ အလွန် လျင်လျင်မြန်မြန် ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာကြီးဟာ အတိတ်ကရှိခဲ့တဲ့ တည်ငြိမ်မှု အနေအထားမျိုး မဟုတ်တော့ပါဘူး။ ခေတ်မီအတွေးအခေါ်ဆိုတဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီးရှေ့မှာ အစဉ်အလာရှိတဲ့ လူ့အဖွဲ့အစည်းတွေ တစ်စတစ်စနှင့် ပြိုလဲပျက်စီးလာနေတဲ့ ရှုပ်ရှုပ်ထွေးထွေး ခေတ်ဖြစ်ပါတယ်။ ပြောင်းလဲမှုနှုန်းဟာ အလွန့်အလွန်ကို အရှိန်မြင့်တဲ့ အဟုန်နဲ့ ဖြစ်ပေါ်နေပါတယ်။ ယခင်အတိတ်က နှစ်ပေါင်း ရာထောင်ချီကြမှ ဖြစ်ပေါ်တဲ့ အပြောင်းအလဲတွေကို ယခုဆိုရင် နှစ်အနည်းငယ် အတွင်းမှာ ဗြုန်းကနဲ့ အတော်များများ လုပ်လာနိုင်ပါတယ်။
During the last 100 years, tremendous changes which started in the developed countries have swept throughout the world. We witness worldwide population explosions; rapid rise of industrial economies and urbanization; unprecedented expansion of knowledge; rapid technological innovations; the erosion of traditional values, and appearance of new subcultures.
ဖွံ့ဖြိုးတိုးတက်တက်ပြီး နိုင်ငံတွေမှာ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်းက စတင်ခဲ့တဲ့ ကြီးကြီးမားမား အပြောင်းအလဲတွေဟာ ကမ္ဘာတစ်ဝှမ်းကို ရိုက်ခတ်ခဲ့ပါတယ်။ ကမ္ဘာအနှံ့ လူဦးရေ တစ်ဟုန်ထိုး တိုးပွားခြင်းများ၊ စက်မှုနှင့်ဆိုင်တဲ့ စီပွားရေးလုပ်ငန်းများ၊ မြို့ပြပုံစံဖော်ဆောင်မှု၊ မကြုံစဖူး အသိပညာဗဟုသုတ ကျယ်ပြန့်လာမှုများ၊ မြန်ဆန်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်ပြောင်းလဲမှု၊ ရိုးရာဓလေ့ဆိုင်ရာ တန်ဖိုးထားမှုများ တစ်စ တစ်စ ဆုတ်ယုတ်လျော့ပါးလာခြင်း၊ လူအနည်းစုရဲ့ ရိုးရာဓလေ့ဆိုင်ရာ ယုံကြည်မှု အသစ်အသစ် ပေါ်ပေါက်မှုများ အလျင်အမြန် တိုးတက်လာတာကို တွေ့မြင်ကြရပါတယ်။
Changes in all these spheres have had a tremendous impact on the socio-cultural aspects of societies. Rapid change inevitably produces massive transformation of society, bringing disorganization and chaos to all levels of human experience and institutions: personal, family, social and global. People are facing frustration, restlessness and anger not quite knowing how to deal with the heightened pace of paradoxical conduct of human affairs in the political, economic, social spheres.
ဤနယ်ပယ်အားလုံးမှ အပြောင်းလဲများဟာ လူ့အဖွဲ့အစည်း၏ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုကဏ္ဍအပေါ် အကျိုးသက်ရောက်ခဲ့ပါတယ်။ မြန်မြန်ဆန်ဆန် ပြောင်းလဲမှုဟာ လူတစ်ဦးချင်း၊ မိသားစု၊ လူ့အလွှာ၊ ကမ္ဘာလုံးအတိုင်းတာထိ လူသားတွေရဲ့ အကျင့်စရိုက်၊ အလေ့အထ အဆင့်အားလုံးမှာ စည်းကမ်းမဲ့ခြင်း၊ ပရမ်းပတာဖြစ်ခြင်းများ ပေါ်ပေါက်စေပြီး လူ့အဖွဲ့အစည်းအတွင်း ကြီးမားတဲ့ အပြောင်းလဲ ဧကန်မုချ ဖြစ်ပေါ်စေပါတယ်။ လူသားတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်က ကိစ္စရပ်တွေမှာ အရှိန်မြင့်တက်နေတဲ့ ဝိရောဓိဆန်သည့် အပြုအမူ အဟုန်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ လုံးလုံး မသိတော့ဘဲ အားမလို အားမရဖြစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်းများနဲ့ ရင်ဆိုင်နေရပါတယ်။
The deep-rooted frustration is expressed through increased violence, intolerance and drug abuse in society today. At the same time moral values have changed as a result of materialism and inclinations to sensual pleasures. There has been an increase in the rates of divorces and separations, casual extramarital affairs, and incidents of sexually transmitted diseases. There are many people who believe that marriage is now an of out of date institution which can be dispensed with.
ယနေ့ လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှု၊ သဘောထားသေးမှု၊ မူးယစ်ဆေးသုံးစွဲမှုများ တိုးပွားလာခြင်းအားဖြင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စိတ်ပျက်စရာအခြေနေကို သိသာမြင်သာစေပါတယ်။ တစ်ချိန်တည်းမှာပဲ ရုပ်ဝါဒအားကောင်းလာမှုနှင့် ကာမဂုဏ်အာရုံ ဝါသနာထုံမှု၏ အကျိုးဆက်အဖြစ် ကိုယ့်ကျင့်တရားဆိုင်ရာ တန်ဖိုးထားမှုများ ပြောင်းလဲလာပါတယ်။ အိမ်ထောင်ရေး ကွာရှင်းပြတ်စဲမှုနှုန်းများ၊ အလေးနက်မထားသော ကာမဂုဏ်ဖောက်ပြန်မှုများ၊ လိမ်ဆက်ဆံမှုကြောင့် ဖြစ်ပေါ်သော ရောဂါများ မြင့်တက်လာပါတယ်။ လက်ထပ်ထိမ်းမြားခြင်းကို ခေတ်မမီတော့တဲ့ ဘေးချိတ်ထားသင့်သည့် ပြဌာန်းချက်ဟု ယုံကြည်ယူဆသူ အများအပြား ရှိလာပါတယ်။
Nations have reached the pitch of insanity, especially in the armament race of building up military hardware which endangers all forms of existence on earth. If mankind does not start learning how to live peacefully with one another and use science and technology with responsibility, it is doubtful if human civilization, as we know it, can long exist. In every country today people are trying to produce nuclear weapons for the destructive purposes. It is a big competition. They also produce biological and chemical weapons for the destruction of the human beings.
နိုင်ငံများဟာ မိုက်မဲမှု အထွတ်အထိပ်ထိ ရောက်နေကြပါတယ်။ အထူးသဖြင့် ကမ္ဘာပေါ်ရှိသမျှ သက်ရှိအားလုံးကို အန္တရာယ်ဖြစ်စေတဲ့ အကြီးစား စစ်လက်နက်ပစ္စည်း အပြိုင်ဆိုင် ထုတ်လုပ်ရာမှာ အရူးအမူးဖြစ်နေကြတာပါ။ တကယ်လို့ လူသားတွေဟာ တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နည်းကို စတင်မလေ့လာဘဲ သိပ္ပံပညာနှင့် နည်းပညာကို တာဝန်ယူမှုရှိရှိ အသုံးမပြုကြရင် ကျွန်တော်တို့သိတဲ့အတိုင်းပဲ ခေတ်မီလူမှုအဖွဲ့အစည်းဟာ ကြာရှည်တည့်တံပါ့မလားဆိုတာ သံယဖြစ်စပါ။ ယနေ့ခေတ် နိုင်ငံတိုင်းရှိ လူတွေဟာ ဖျက်ဆီးရန် ရည်ရွယ်ချက်နဲ့ အနုမြူလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါဟာ အန္တရာယ်ကြီးတဲ့ ပြုင်ဆိုင်မှုဖြစ်ပါတယ်။ လူသားတွေကို သတ်ဖြတ်ဖို့ ဇီဝလက်နက်များ၊ ဓာတုလက်နက်များလည်း ထုတ်လုပ်နေကြပါတယ်။
In other words, Has Mankind a Future? Very limited, if the present trend of universal degradation continues. But can Mankind have a future? 'Yes', if it reforms its ways and relearns to live in accordance with the noble, moral and spiritual standards taught by the Buddha and other religious teachers.
အခြားစကားနဲ့ ပြောရရင် လူသားမျိုးနွယ်ရဲ့ အနာဂတ်ဆိုတာ ရှိမှ ရှိပါသေးလား။ တကယ်လို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆုတ်ယုတ်ပျက်စီးလာနေတဲ့ လက်ရှိဦးတည်ရာအတိုင်း ဆက်သွားရင် လူသားတွေရဲ့ အနာဂတ်တည်ရှိမှုဟာ အလွန်ကိုပဲ အခွင့်လမ်းနည်းပါးပါတယ်။ လူသားမျိုးနွယ်ရဲ့ အနာဂတ်ဆိုတာ ရှိမှ ရှိပါသေးလား။ ရှိပါတယ်။ တကယ်လို့ ပျက်ဆီးနေတဲ့ လုပ်နည်းကိုင်နည်းတွေကို ပြုပြင်ပြီး မြတ်ဗုဒ္ဓနှင့် အခြားဘာသာရေးဆရားများ လမ်းညွှန်ခဲ့တဲ့ ဗြဟ္မစိုရ်တရား၊ ကိုယ်ကျင့်တရား၊ ဘာသာရေးစံနှုန်းများနဲ့အညီ နေထိုင်ရန် ပြန်လည် လေ့လာသင်ယူကြရင် လူသားမျိုးနွယ်ရဲ့ အနာဂတ် ဆက်ရှိနေမှာပါ။
Just as a chain is as strong as the strength of its individual links, for there to be peace and happiness in the world, individuals comprising families, societies must be at peace with itself. This is also like a pyramid, its various components within the levels must be strengthened. In the modern age man is reaching out and seeking more and more sense stimulation. The popularity of the portable radio and television is a clear indication of the present trend to seek for more and more sense stimulation. By all this we have become alienated from ourselves; we do not know our own real nature, or the real nature of our mind to be more precise.
ချိန်းကြိုးဟာ တစ်ခုချင်းရဲ့ ကွင်းဆက်အားကောင်းရင် အားကောင်းသလောက် ခိုင်ခန့်သလို ကမ္ဘာကြီးထဲမှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်ချမ်းမြေ့မှု ဖြစ်ပေါ်ရန် မိသားစုများ၊ အဖွဲ့အစည်းများအပါအဝင် တစ်ဦးချင်းစီက အေးချမ်းနေရပါမယ်။ ဒါဟာ ပိရမစ်တစ်ခုနဲ့လည်း တူပါတယ်။ အဆင့်အဆင်မှာ ပါဝင်တဲ့ အစိတ်အပိုင်း အမျိုးစုံဟာ ခိုင်ခန့်နေရပါမယ်။ မျက်မှောက်ခေတ်တွင် လူတွေဟာ ပိုမိုများပြားတဲ့ အာရုံနှိုးဆွပေးမှုများကို လက်လှမ်းကာ ရှာဖွေနေကြပါတယ်။ ပိုမိုများပြားတဲ့ အာရုံနှိုးဆွပေးမှုတွေကို လက်လှမ်း ရှာဖွေတဲ့ဆီ လတ်တလော ဦးတည်နေတာနဲ့ ပတ်သက်ပြီး ခရီးဆောင် လေဒီယိုများ၊ ရုပ်မြင်သံကြားများ ရေပန်းစားလာခြင်းက ရှင်းရှင်းလင်းလင်း ညွှန်ပြနေပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ကို မိမိကိုယ်မိမိ ဖယ်ကြဉ်ထားစေပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အစစ်အမှန် ဗီဇသဘာဝကို မသိကြတော့ပါဘူး။ တစ်နည်းပြောရရင် ကျွန်တော်တို့ရဲ့ တကယ့် စိတ်သဘောကို ဂဃဏန မသိကြတော့ပါဘူး။
Moreover, we go about our business in social life wearing masks appropriate for each occasion. We often do not show our true feelings of jealousy, greed, hatred, pride, or selfishness. We hide them in socially accepted verbal expressions such as 'congratulations', 'thank you', 'deepest sympathies'. But there are times when our negative emotions are so acute that they come into the open in the form of violence, stealing, quarreling, backbiting, and so forth. But generally we try to keep these venomous snakes of negative emotions inhibited.
ဒါ့အပြင် လူအချင်းချင်း အဖော်သဟဲ ပြုရတဲ့ ဘဝမှာ အခမ်းအနားအသီးသီးနဲ့ လိုက်ဖက်မယ့် မျက်နှာဖုံးတွေ တပ်ပြီး စီးပွားရေးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မနာလိုတဲ့ အစစ်အမှန် ခံစားချက်၊ လောဘကြီးတဲ့ ခံစားချက်၊ မလိုမုန်းထားတဲ့ ခံစားချက်၊ မာနကြီးတဲ့ ခံစားချက်၊ အတ္တကြီးတဲ့ ခံစားချက်တွေကို မကြာခဏ ကွယ်ဝှက်ထားကြပါတယ်။ ဂုဏ်ယူပါတယ်၊ ကျေးဇူးတင်ပါတယ်၊ တကယ်ကို ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်စတဲ့ လူမှုရေးအရ လက်ခံထားသည့် အပေါ်ယံ စကားလုံးလေးတွေသုံးပြီး ဒါတွေကို ဖုံးကွယ်ကြတာပါ။ ဒါပေမယ့် အကြမ်းဖက်မှုပုံစံ၊ ခိုးမှုပုံစံ၊ အငြင်းပွားမှုပုံစံ၊ ကွယ်ရာမှာ အတင်းပြောမှုပုံစံ စသဖြင့် ပွင့်ထွက်လောက်အောင် ကျွန်တော်တို့ရဲ့ အပျက်သဘော စိတ်ခံစားချက်တွေ အလွန်ကြီးမားလာတဲ့ ကာလတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီအပျက်သဘော စိတ်ခံစားချက်ဆိုတဲ့ အဆိပ်ရှိမြွေတွေကို ချုပ်တည်းရန် အများအားဖြင့် ကြိုးစားကြပါတယ်။

Good post ❤
Thanks.