ကိုယ်ပိုင်အိမ် အိပ်မက်များ

in #esteem8 years ago (edited)

ဒီနေ့လည်း တောထဲရောက်ရပြန်ပါတယ် တောကြီးမျက်မည်းတော့မဟုတ်ပါ
မြို့အစွန် ခြံစိုက်ခင်းတွေရှိနေတဲ့နေရာပါ တည်နေရာအတိအကျကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မူဆယ်မြို့အကြားက နမ့်ခွန်ရွာအလွန်နေရာပေါ့ လမ်းမကြီးကနေအထဲကို သုံးဖာလုံလောက်တော့ဝင်သွားရတယ် ဆယ့်ငါးပေကျယ်တဲ့
မြေသားလမ်းလေးတော့ ရှိပါတယ် နောင်တစ်ချိန် စည်ကားလာမယ့် နေရာတစ်ခုဖြစ်နိုင်ပါတယ် လယ်ယာမြေတွေကို မြေကွက်ဖေါ်ပြီး ရောင်းနေတာပါ ပေလေးဆယ်ခြောက်ဆယ် မြေတစ်ကွက်ကို သိန်းတစ်ရာနဲ့နှစ်ရာကြားပေါက်ပါတယ် များပြာလာတဲ့လူဦးရေ တိုးတက်လာတဲ့ စီးပွားရေး ဖွံ့ဖြိုးလာတဲ့နယ်မြေဒေသ ဒါတွေပေါင်းစုသွားတဲ့အခါ မြို့ဧရိယာက တဖြည်းဖြည်းကျယ်လာရတော့တယ်လေခုခ်ျန်ဝယ်ထားနိုင်မှအဆင်ပြေနိုင်တယ်ပေါ့ နောင်တစ်ခ်ျန် မဝေးတော့တဲ့ကာလတစ်ခုမှာ ဒီဈေးနဲ့ဒီနေရာ မရနိုင်တော့ပါဘူး
ပြောင်းလဲလာမယ့် မြေယာစီမံခန့်ခွဲရေး ဥပဒေအပေါ်လည်းများစွာ မူတည်ပါသေးတယ် ကိုယ်ပိုင်အိမ် အိပ်မက်တွေကတော့ သာမာန် လက်လုပ်လက်စား
များအတွက် ဝေဝါးနေတုန်းဘဲလေ
သူများကတော့ မြေဝယ်တယ် ကိုယ်ကတော့ စတီးမစ်ကုန်ုကြမ်း လိုက်ယူ
တယ်လေ ငါးမဖမ်းနိုင်လည်း ရေတော့ကူးလို့ရပါသေးတယ်

image

image

image

image

image

image

image

image

image

image

image

@bobokyaw

Sort:  

မြေပိုင်ဆိုင်နိုင်တယ်ဆိုတာကံကောင်းခြင်းတမျိုးပါ

ကံကောင်းရန် အတော်လုပ်ရဦးမယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64611.11
ETH 1868.29
USDT 1.00
SBD 0.38