ရွှေလီမူဆယ်သဘာဝအလှ

in #esteem6 years ago

မူဆယ်မြို့ အစွန် ယခင်လေယဉ်ကွင်းဟောင်းနေရာ အနီးမှာဖြစ်ပါတယ်
ယခုတော့ အိမ်ခြံမြေကွက်တွေ ဖေါ်ဆောင်လို့ထားပါပြီ လွန်ခဲ့သောနှစ်အနည်းငယ်ကတော့ ဒီနေရာ ဒီမြေတွေက နှစ်ရှည်ပင်တွေ စိုက်ပျိုးရာနေရာတွေပါ
အခုတော့ ခြံတွေဖျက်ပြီး မြေတွေထိုးထားပါပြီ ရာဘာခြံတွေလည်းပါတယ်
မြေဈေးကွက်ကအတော်ကောင်းတော့ ရာဘာခြံလည်း ကြာကြာတောင့် မခံနုင်ပါဘူး မြေကွက်ရိုက်တဲ့အထဲ ပါသွားတာပါဘဲ
အနောက်ဖက်က မြင်တွေ့ရတဲ့ တောင်တန်းနဲ့ ဘုရားတည်ရှိရာ နေရာကတော့ တရုတ်ပြည်အပိုင် ရွှေလီမြို့နယ်နိမိတ် ဖြစ်ပါတယ် ဒီဘက်က မြေထိုးထားတဲ့ မြေသားနီနီတွေက မြန်မာဘက်အခြမ်းပါ ဟိုဘက်က ဘုရားကုန်း
တောင်တန်းနဲ့ ဒီဘက်ကမြေသားနီနီကုန်းမြေနှစ်ခုကြားမှာ တရုတ်ပြည်နဲ့
မြန်မာပြည်ကို နယ်နိမိတ်ပိုင်းခြားထားတဲ့ ရွှေလီမြစ်ရှိပါတယ် ဒီပုံတွေထဲမှာတော့ ရွှေလီမြစ်ကို မမြင်ရပါဘူး မြစ်ကိုတွေ့ရဖို့အတွက် မြေသားနီနီကုန်းမြေ
ကိုကျော်လွန်ပြီး အောက်ဘက်ကို တော်တော်ဆင်းရပါဦးမယ်
မကြာခင်အချိန်တွေမှာတော့ ဒီနေရာက အထူးစည်ကားလာပြီး မြေတန်ဖိုးလည်း အလွန်ဈေးများလာမည့် နေရာဖြစ်လာမယ်လို့ ယူဆမိပါတယ် ရှုခင်းလည်းကောင်းတယ် တရုတ်ပြည်နဲ့ကလည်း ရွှေလီမြစ်ဘဲခြားတယ် တောင်ကုန်းပေါ်ကနေရာတွေဖြစ်လို့ ဘေးပါတ်ဝန်းကျင်ကို အပေါ်စီးကမြင်နိုင်တယ်
မူဆယ်မြို့ရှုခင်းတွေ ရွှေလီမြစ်ရှုခင်းတွေ တရုတ်ပြည်ရဲ့ရှုခင်းတွေ တောတောင်ရေမြေ သဘာဝအလှတွေကိုလည်း တစ်မျှော်တစ်ခေါ် မြင်တွေ့နိုင်ရာနေရာပါ

image

image

image

image

image

@bobokyaw

Sort:  

မြေနီနီကုန်းမြေရယ် တောင်တန်းရယ် မိုးကောင်းကင်ပြာကြီးရယ် မိုက်တယ်ဗျာ

Thanks you michaelcabiles

You're always welcome @bobokyaw😁

ရောက်ဖူးချင်လိုက်တာ

ပျော်စရာကောင်းပါတယ် အစ်မရေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.18
ETH 2610.29
USDT 1.00
SBD 2.83