တွေးမိတွေးရာ နေ့ရက်များ

in #esteem6 years ago

@bobokyaw.jpg

ဒီနေ့အတွက်တော့ မိုးကကောင်းလွန်းနေလေသည်။ ဘယ်မှသွားရန်လည်း မရှိသည့်အတွက် အားလပ်သော အချိန်များလည်း များစွာပိုလျှက်ရှိလေသည်။ အချိန်အားလေးရှိလျှင် စိတ်ကူးပျော်ရာ
လုပ်တက်လေသည့် အလျှောက် စတီးမစ်ထဲ တစ်ခါလောက် ဖြတ်လျှောက်လိုက်ပါသည်။
အထွေအထူး ဖတ်မှတ်ရန် လည်း မတွေ့လေသောကြောင့် ဟိုကြည့်ဒီကြည့်နဲ့သာ ပြန်လို့ ထွက်ခွါလာ
ခဲ့ရပါလေသည်။ ဆက်နေလို့ကမဖြစ်ပါလေ။ စာလည်း ရေးချင်စိတ်မရှိပါ။ ဈေးကျနေလို့ ဘာလုပ်လို့
ဘာကိုင်ရမည်မသိဖြစ်လို့နေလေသည်။ ဈေးတက်လာလျှင် ကောင်းမှာဘဲလို့ ဖြေတွေးလေး တွေးရင်း
မချင့်မရဲ ဖြစ်ကာ ဈေးကျလို့ တန်ဖိုးကျနေသော ဒေါ်လာလေးတွေကြည့်ရင် တစ်ယောက်တည်း ကြိတ်ကာ
ကြေကွဲနေလေသည်။
မကြေကွဲလို့ကလည်း မရပါလေ။ ကိုယ့်မှာက ရှိစု မဲ့စုလေးတွေ လုံးလက် စုဆောင်းပြီး လုပ်ထားရသည်လေ
ဒါကို အလိုက်ကန်းဆိုးမသိ ဈေးကစားသည့်သူများက တက်အောင်တော့ ဆွဲမတင်တက်ကြပါလေ
ကိုယ့်မှာသာ တစ်ယောက်တည်း ကြိတ်လို့ ကြေကွဲနေရသည်။ ရှိတာတွေလည်း ကုန်သလောက်တောင်
ဖြစ်နေလေပြီ ဘာကိုယုံကြည်လို့ ဆက်လုပ်ရမှာလဲ ဟု မေးရတော့မယောင် ပင်။
ဘုတ်မှမလုပ်ရင်လည်း။ စာတောင် ရေးစရာမလိုတော့လေပြီလေ။ အင်း မဖြစ်သေးပါဘူးဟု အားတင်း
လျှက်ဘုတ်တကာလှည့်လို့ စနည်းနာရပြန်သည်။ ဘာဆို ဘာမှ မထူးပါဘူးလေ။ အားလုံးက ကိုယ်မသာ
သူ အသုဘ တွေချည့် အားလုံး ခွက်ခွက်လန်အောင် ရှုံးကြလေသတည်းပေါ့။
အဲ့ဒီလိုတွေ မယောင်မလည် အူတူတူ ဖြစ်စေလေသော ကြောင့် စတီးမစ်ထဲ ကြာရှည် မနေ၀ံ့လေသော
ကြောင့် အသာလေး လစ်ထွက်လာခဲ့ရပါသည်။ စတီးမစ်ထဲကထွက်ပြီး ဘာလုပ်ရင်ကောင်းမည်လည်း
တွေးရပြန်သည်။ အချိန်တွေက အားနေလေသည်ကိုး။ ဖေ့ဘုတ်ဆိုတာကြီးကလည်း သိပ် အာရုံမရ
လေတော့ မသုံးဖြစ်တာ ကြာပေါ့။ အား.............. ဟုတ်ပြီလေ။ မိုးအေးအေးနဲ့ စီအိုစီဘဲ ထိုင်ဖန်းနေတာကောင်းပါတယ် လို့တွေးပြီး တစ်နေကုန် တစ်နေခန်း အဲမှားလို့ တစ်နေ့လုံးနေမှ မမြင်ရ
တာဆိုတော့ တစ်နေကုန်မှန်းတောင် မသိလိုက်ပါဘူး။ စီအိုစီလေး ထိုင် ဖန်းနေရင်း အလီဇာတွေ စုဆောင်းနေပါလေသည်။ မစုလို့ကမရပါ မနက်ဖန်ဆို တောင်းဟော ဆယ့်နှစ်ဆိုတာကြီးက လာတော့
မည်လေ။ ဟုတ်တာမဟုတ်တာ အသာထား သူများ ဆယ့်နှစ်ဆို ကိုယ်ကလည်း လိုက်ပြီး ဆယ့်နှစ်ချင်သည်ဘဲလေ။ နောက်ကျနေလို့မဖြစ် ဒီတော့ ရသမျှ ပါတ်မွှေထားရပါလေသည်။ မိုးလည်းချုပ်
ရော ရှိသမျှ သွေးကန်တွေ လျှံတောင် ကျနေတော့သည်။ လာခဲ့ပါ အပ်ဒိတ်ကြီးရေ ချက်ချင်းဒေါင်းပြီး
တင်ပြစ်လိုက်ပါမည်။ စတင်းဈေးမတက်လည်း။ စီအိုစီတော့ လေဘယ် တက်အောင် လုပ်ရပေဦးမည်။
@bobokyaw

Sort:  

I too love steemit mr @bobokyaw

Thanks you molli90

your post is very extraordinary,
I really enjoyed it

Thanks you tommy123.

မိုးကအဆက်မပျက်ရွာနေတယ်
စတင်မိုးတွေရွာချဖို့ပဲစောင့်နေမိတယ်ဗျို့

အေး ရွာတော့ ရွာမှာပါဘဲ ခံစရာခွက်တွေသာစုထားပါလို့

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 62249.58
ETH 2435.15
USDT 1.00
SBD 2.67