အထာလိုတယ်

in #esteem6 years ago

စကား​ပြော ​ကောင်းဖို့ထက်
ကောင်းတဲ့စကား ​ပြောဖို့အဓိကပါ။
တစ်​​ယောက်​နဲ့တစ်​​ယောက်​ ​တွေ့ဆုံကြရာမှာ
အဓိပ္ပါယ်​ရှိရှိ ထိထိ​ရောက်​​ရောက်​စကား
ပြောဆိုတတ်​ဖို့ အလွန်​အ​ရေးကြီးပါတယ်​။
ကာလ ​ဒေသ ပုဂ္ဂလနဲ့ ကိုက်​ညီတဲ့ စကားမျိုး
ရွေးချယ်​​ပြောဆိုတတ်​ဖို့ပါ။

လူတစ်​​ယောက်
အခြားအရည်​အချင်း​တွေ ဘယ်​​လောက်​​တော်​​တော်
စကား​ပြောဆို မတတ်​ရင်​​တော့
အဲ့ဒီအရည်​အချင်း​တွေဟာ
အလကားအချီးနှီး ဖြစ်​သွား​တတ်​ပါတယ်​။

စကား​ပြော​ကောင်းသူတစ်​​ယောက်​ဟာ
ယဉ်း​ကျေးရမယ်​ ရည်​မွန်​ရမယ်​ ပွင့်​လင်းရမယ်
ရိုးသားရမယ်​ စတဲ့အချက်​​တေနဲ့ ညီညွတ်​​နေရမှာပါ။
ပြောလိုက်​တဲ့စကားလုံးတိုင်းဟာ
အချက်အ​လက်​နဲ့ပြည့်​စုံခြင်း ယုတ္တိ ယုတ္တာရှိခြင်း
အစီအစဉ်​ကျန ​ပြေပြစ်​ခြင်း
အသံ​နေအသံထား မှန်​ကန်​ခြင်း
စတဲ့အင်္ဂါရပ်​​တွေနဲ့လည်း
ပြည့်​စုံရမှာဖြစ်​ပါတယ်​။

ွှစကားကို ရိုးသားမှန်​ကန်​စွာ
စေတနာနဲ့ ပြောဆိုခြင်းဟာ
မြှောက်​ပင့်​စကားထက်​ ပိုတန်​ဖိုးရှိပါတယ်​။
ညစ်​ညမ်းရိုင်းပြတဲ့ စကား မသုံးသင့်​သလို
သူတစ်​ပါးရဲ့ အပြစ်​ကိုလည်း
မ​ပြောသင့်​ အပုပ်​မချ သင့်​ပါ။
ကိုယ့်​စကား ယဉ်​​ကျေးသိမ်​​မွေ့​စေဖို့ပဲ
အ​လေးထား ​ပြော​နေကြရမှာပါ။

အချို့ ကိုယ်​ကျိုရှာသမား​တွေက​တော့
သူတို့ထက်​ အစစအရာရာသာလွန်​ ​နေသူ​တွေထံ
ချီးမွန်း​မြှောက်​ပင့်​တဲ့ စကားလုံး​တွေ
ဗုံး​ပေါလ​အောသုံးပီး
ကျောက်​ရုပ်​ကို ​ခေါင်းညိတ်​​လောက်​​အောင်​ထိ
်​​ပြောဆို နိုင်​ကြပါတယ်​။
အ​ကောင်းဆုံး စကားလုံး​တွေကို
ရွေးထုတ်​ အသုံးပြုကြပီး
ရည်​ရွယ်​ချက်​ရှိရှိ ချဉ်းကပ်​ကြကာ
သူတို့အကျိုး အတွက်​ ခုတုံးအဖြစ်
အသုံးချ​နေကြပါတယ်​။

အ​ပြော​ကောင်းဖို့ ထက်
အ​ကောင်း​ပြောတတ်​ဖို့က
တဖက်​သား နားဝင်​​အောင်
လက်​ခံနိုင်​​အောင်
စကားလုံး
အသုံးချတတ်​ရမှာပါ။
ဒီလိုဆိုင်​ရင်​​တော့
မိသားစုအတွင်းမှာပဲဖြစ်​ဖြစ်
လုပ်​ငန်းခွင်​မှာပဲ ဆိုဆို
မိမိနဲ့ပတ်​သက်​ရာ ပတ်​ဝန်းကျင်​မှာ
လူချစ်​လူခင်​များလာပီး
ထင်​​ပေါ်​လာမည်​ ဖြစ်​​ကြောင်း
အသိ​ပေးပါရ​စေ...။
မျိုးနိုင်​-တန့်​ဆည်

image
@blay

Sort:  

natural photography

This comment has received a 0.24 % upvote from @speedvoter thanks to: @mdgaffarstar.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60859.14
ETH 2917.50
USDT 1.00
SBD 3.61