🔑

in #esteem8 years ago

အော်..
ခုတော့လည်းလေ
သမိုင်း အမွေအနှစ်တွေက
ဈေးဆစ်တောင် မခံတော့ပါလား..

သမိုင်းကို မနှီးနှောလေတော့
ရောမကို မသိဘူး..

အမွေအနှစ်ကို မချစ်လေတော့
ဗင်းနစ်ကို မမြင်ဘူး..

နှလုံးသား ဗလာမို့
ဂယာကို ခံစားနားမလည်ဘူး..

သူတို့အတွက်
ပုဂံဆိုတာ အဆံမရှိပါဘူး..
မြောက်ဦးဆိုတာ
ကြည်နူးစရာ မဟုတ်ပါဘူး..
သရေခေတ္တရာဆိုတာ
အဖြေရှာစရာ မဟုတ်ပါဘူး..
ဟံလင်းဆိုတာလည်း
ဈေးခြင်းထဲက အမိုက်တစ်စထက်
မပိုပါဘူးလေ..

ကဲ..ကဲ
ထားပါတော့ ထားပါတော့
အသစ် အသစ်တွေရဲ့ဆွဲဆောင်မှုတွေက
ဟို..ဘီကီနီနဲ့ မော်ဒယ်မတွေလို
ခေါင်းထောင်လို့နေစေသကိုး..

အရှင်ဉာဏ်၊ မေတ္တာနိုင်ငံ၊ မစိုးရိမ်။

image

@baly

Sort:  

I will upvote and resteem your last blog post to my 36,000+ followers free. Read my last blog post. a-0-0

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 62600.41
ETH 1629.61
USDT 1.00
SBD 0.40