ရုပ်ရှင် အကြိုခံစားခြင်း - Godless Youth (2017)

in #esteem6 years ago

Youth Without God ဆိုတဲ့ဇာတ်လမ်းလေးကတော့ Crime/Drama/Science-Fiction အမျိုးအစားဖြစ်ပါတယ်။Bavarian Film Award (2017)မှာ Best young Actor ဆုနဲ့ German Film Award (2018) မှာ Best Production Design ဆုမှာ nominate ခံထားရတဲ့ ဇာတ်ကားဖြစ်ပါတယ်။Rating ကတော့ 5.7 အထိရထားတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ပြောရရင် Hunger Game နဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဂျာမန်ကျောင်းသားတွေက ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Rowald Eduation Performance Center ကို တက်ရောက်ခွင့်ရအောင် ယှဉ်ပြိုင်ကြိုးစားကြတာပါ။အဲ့လို ကြိုးစားတဲ့ အခါမှာ Rowald က လက်ရွေးစင်ကျောင်းသားတွေကို Camp သွင်းပြီး တောအုပ်တွေထဲမှာ missions တွေကို လုပ်ခိုင်းတာပါ။အဲ့ဒီအချိန်မှာ တက္ကသိုလ်ဝင်ခွင့်ရချင်ကြတဲ့ ကျောင်းသားတွေက ဘယ်လို အခက်အခဲယှဉ်ပြိုင်မှုမျိုးလုပ်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။အဲ့ဒီကျောင်းသားထဲက မင်းသားဖြစ်တဲ့ ဇက်ခ်က ယှဉ်ပြိုင်ရင်း မတော်တဆ လူသတ်မှုတစ်ခု ကျူးလွန်လိုက်ပါတယ်။ဒီလူသတ်မှုကရော တစ်ကယ် ဇက်ခ် သတ်တာဖြစ်ပါ့မလားအဲ့ဒီနောက်ကွယ်မှာ ဘယ်သူကြိုးကိုင်နေတာလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ပြောချင်တာက ဇာတ်လမ်း ကို ကြည့်ရင်းနဲ့ အဖြေကို ခန့်မှန်းလို့မရဘဲ Twisted လုပ်ထားတဲ့အတွက် ဇာတ်သိမ်းခန်းရောက်မှ ဟင်ကနဲ ဟာကနဲ ဖြစ်သွားစေတာပါ။ရိုက်ချက်ကလည်း တော်တော်မိုက်တဲ့အတွက် ကြည့်သင့်တဲ့ကားတစ်ကားဖြစ်တယ်လို့ပြောပါရစေ။ (ဘာသာပြန်သူကတော့ Brilliant Star ပါ)

Credit:http://channelmyanmar.org/godless-youth-2017/

MSO-31

GodlessYouth_.jpg

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 67584.80
ETH 3438.61
USDT 1.00
SBD 2.70