ရုပ်ရှင် အကြိုခံစားခြင်း - A FAMILY MAN

in #esteem6 years ago

ဒီနေ့တော့ ပရိသတ်တွေ ရသအပြောင်းအလဲလေးဖြစ်အောင် အမေရိကန်မိသားစု ဒရာမာဇာတ်ကားလေး အကြိုခံစားကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။

ဒိန်းဂျန်ဆန်ဟာ ချီကာဂိုအခြေစိုက် Blackridgeအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှာ ကုမ္ပဏီတွေအတွက်ထိပ်ပိုင်းအမှုဆောင်အရာရှိတွေ ရှာဖွေပေးတဲ့ အလုပ်လုပ်ပြီး အလုပ်ထဲမှာပဲ ဘ၀ကိုမြှုပ်နှံထားသူတစ်ယောက်ပါ။

ဂျန်ဆန်မှာ ဇနီးအဲလိစ်၊ သားရိုင်ယန်နဲ့ သမီးလော်ရန်ရှိပြီး ဂျန်ဆန်ဟာအလုပ်ကိုလည်း အာရုံစိုက်သလို မိသားစုအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူပါ။ တစ်ရက်မှာတော့ သူ့အလုပ်ရှင် အက်ဒ်ဘလက်ရစ်ခ်ျက ဂျန်ဆန်အား ရာထူးတိုးပေးပြီး ကုမ္ပဏီကိုအုပ်ချုပ်ခွင့်ပေးဖို့ကမ်းလှမ်းခဲ့ပြီး အဲဒီအတွက် ဂျန်ဆန်ဟာ ကုမ္ပဏီရဲ့အကျိုးအ မြတ်တွေတက်လာဖို့ လုပ်ပေးရမယ်ဆိုတဲ့ အပေးအယူနဲ့ပါ။

ရာထူးအတွက် အလုပ်ဘက်ကိုပဲ အာရုံစိုက်လာတော့တဲ့ ဂျန်ဆန်ကို မိသားစုအတွက်အချိန် ပေးဖို့ အဲလိစ်ကသတိပေးခဲ့ပြီး ကြီးကောင်ဝင်လာတဲ့သားကြီးရိုင် ယန်ကို အနီးကပ်သွန်သင်ရင်းအ ချိန်ပေးဖို့ ဂျန်ဆန့်တာဝန်ဖြစ်လာ ခဲ့ပါတယ်။ ရိုင်ယန်ဟာ အ၀လွန် ရောဂါဖြစ်နိုင်ခြေများနေတာကို ဂျန်ဆန်သတိထားမိလို့ ၀ိတ်ကျဖို့ မနက်တိုင်းလေ့ကျင့်ခန်း လုပ်စေ ပေမယ့် ရိုင်ယန်ဟာ လိုက်မလုပ် နိုင်ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ မိသားစုအရေးကို မေ့နေပြီး အလုပ်အတွက်ဂျန်ဆန် ကြိုးစားနေရင်း တစ်ဖက်မှာ ရိုင်ယန်ဟာ ကင်ဆာရောဂါပါဖြစ်နေ တာကိုသိခဲ့ပြီး အလုပ်ကိုပစ်ကာ သားကျန်းမာရေးအတွက် ဂရုစိုက်ရပါတော့တယ်။ နောက်တော့ ရိုင်ယန်ဟာ ကိုမာဖြစ်တဲ့အဆင့်ထိကို ရောက်သွားချိန်မှာတော့ ဂျန်ဆန်ကို သူ့အလုပ်ရှင် အက်ဒ်ကလုပ်ငန်းအမြတ်ရအောင်မလုပ်ပေး နိုင်လို့ဆိုပြီး အလုပ်ဖြုတ်ပစ်ခဲ့ပါ တယ်။ မိသားစုအတွက် အလုပ်လုပ်ရင်း မိသားစုကို လျစ်လျူရှုပြီးအလုပ်ကို အသားပေးလုပ်သော် ငြား အလုပ်လည်း ပြုတ်ရသလိုသားလည်း ဆုံးရှုံးရမလိုဖြစ်နေတဲ့ဖခင်တစ်ယောက်ရဲ့အခြေအနေ ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းမို့ ရသအပြောင်းအ လဲလေးတော့ခံစားရမှာပါ။

သားသမီးကျန်းမာရေး ပြဿနာရင်ဆိုင်ရသလို အလုပ်လည်းပြုတ်သွားတဲ့ ဂျန်ဆန်တစ် ယောက် အနာဂတ်မှာ မိသားစုနဲ့ အလုပ်ကြားမှာ ဘယ်လိုအနေအထားနဲ့ ဖြတ်သန်းမှာလဲဆိုတာ တော့ ကြည့်လိုက်ဦးနော်။

ဒိန်းဂျန်ဆန်အဖြစ် ဂျရတ်ဘက်တ်လာ၊ အဲလိစ်အဖြစ် ဂရက်ချန်မောလ်၊ ရိုင်ယန်အဖြစ် မက်စ် ၀ဲလ်ဂျန်ကင်စ်၊ အက်ဒ်ဘလက် ရစ်ခ်ျအဖြစ် ၀ီလမ်ဒါဖိုး စတဲ့သရုပ်ဆောင်တွေ ပါဝင်ပါတယ်။

Credit:http://7daydaily.com/story/103805

MSO-31
AFamilyMan.jpg

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60906.91
ETH 2920.56
USDT 1.00
SBD 3.69