ငါတကယ်မသိခဲ့တာပါ မိန်းမရဲ့Style တွေကို

in #esteem6 years ago (edited)

image

သာသာယာယာ beat နဲ့ဖြဲ
သူနစ်နာမလား မတွေးမိတဲ့အခါ
ခွာနာလျှာနာ ရှိတဲ့ကျွဲကို
ပလာတာ သွားကျွေးမိတဲ့အခါ
စေတနာကို တန်ဖိုးမထားတဲ့သူ
ငါ့ရဲ့အချစ်ကို ဘာမှအရေးမကြီးတဲ့ အထာနဲ့
စငားက သွေးမကြီးနဲ့ဟာ
ငါ့အတွက် ဈေးကြီးတဲ့အရာက နင့်အတွက်ခွေးချေးပဲလား
မွေးပြီးကတဲက သူ့မှာရွှေအတိနဲ့ဖွား
မီးတွေမလောင်ဖူးသေးတဲ့ သူ့တစ်ကိုယ်လုံးမှာ
အခုအတိုချုံးပြောရင် ဟိုတုန်းကတည်းက ငါ့ကို
မလိုသုံး သုံးတာ သူ့တစ်ဆွေလုံးတစ်မျိုးလုံးကဟ
ဒီခေတ်အဆိုထုံးများအရ အိုဇုန်းလွှာပါးတာထက်
ဦးနှောက်စားစရာ ငါ့စကားအမှားတစ်လုံး ကြားတာနဲ့ကို
လေသံအသုံးအနှုန်းကမာ လုံးဝဂျောက်ဂျက် ကလုံးများဟာ
ဆံထုံးထုံးရာကနေ ဘယ့်နှယ့်ကတုံးတုံးရမလားဆိုပြီး
ငါ့ကျောကုန်း တဗုန်းဗုန်းလာချ အဖုံးဖုံးထားရတဲ့
ငါ့ရဲ့ဒေါသ တဗြုန်းဗြုန်းနဲ့ ကုန်းရုန်းကာထ
နည်းနည်းနောနော မဟူတ်ဘူး လုံးဝမုန်းတာဟ
မီးထဲက ခဲ ကိုင်ခိုင်းနေရသလိုပဲ
အိပဲ့အိပဲ့ ငါတကယ်မသိခဲ့တာ
မျက်ရည်စီးလွယ်ကျလွယ်တယ် မင်းရုပ်မင်းကြည့်အုံး
မင်းသမီးလည်းမဟုတ်ဘူးဟေ့ ဘယ့်နှယ့်

image

အိပ်ခန်းထဲထိ ဖိနပ်ကြီးစီးလာ နင်စပ်ဖြီးဖြီးပဲလား
ပြောသမျှစကားတိုင်းပြောင်းပြန်လုပ်ကာ
ကပ်သီးကပ်ဖဲ့တအား ငါနဲ့ယူပြီးညားထဲက
ထမင်းချက်ပြီး တံမျက်စည်းပါလှည်းရမှာ
တင္ကစီငှားစီးရမှာရှက်ရင် Bus car တတ်စီးသွား
Hand phone တစ်လုံးလောက်ဝယ်ပါလားတဲ့
သူဌေးမှတ်နေလားကွာ ငါတောင်မှလမ်းဘေးဖုန်းကနေ
မင်းဆီကို အကြွေးဆပ်နေရတာ
ဘာဖိနပ်စီးမှရမတဲ့ သူကမ္ဘာပတ်ပြီး သွားဝယ်လာတဲ့
ဖိနပ်တစ်ရံ ရှစ်သိန်းကအောက်ထစ်
Rock.တွေ Punk တွေမကလို့
Hiphop ကပ္ပလီ Rap.မသိ
ခေါင်းထဲရှိတာသူ့ရဲ့ Succeed Gallery
ဒါဆိုဒါဖြစ်ရမှဆိုတဲ့ ရမ္မက်သည်ခက်၏
တစ်ခြား Brand ဆို စေ့စေ့မကြည့် LV မှ LV
မာစီဒီးစ် ကားမရှိ Ferrari တစ်စီးငှားစီးဖို့အနေသာ
အနားထိသွားကြည့်ဖို့ ဘဝမမှီ
အစ N96 နောက် iphone
Style ထုတ်ပြီးတော့လဲပြောင်းကိုင်ဦး
အခုဖြစ်သွားပြန်ပြီ Limited Edition သိန်းနှစ်ဆယ်တန်မှ
အကြိုက်ဆုံး မီးထဲက ခဲကိုင်နေရသလိုပဲ အိပဲ့အိပဲ့
ငါတကယ်မသိခဲ့တာ မျက်ရည်စီးလွယ်ကျလွယ် မင်းရုပ်မင်း
ကြည့်ဦး မင်းသမီးလည်းမဟုတ်ဘူးဟေ့ဘယ့်နှယ့်

image

အဆိုတော်လောက်ကို စာရင်းမရှိ
မင်းသားမှအထင်ကြီးသည်
လေသံကတင်တင်စီးစီး လည်လွန်းတဲ့ကျားဟIt's me
ဒိုင်ခံအကြွားသန်တဲ့ နိုင်ငံခြားပြန် နိုင်ငံခြားဟန်
နိုင်ငံခြားအသံနဲ့ ငါမသိတာမရှိ အရာရာ ငါသိတာချည်းတဲ့
သဘာကြီး ဝါကြီးတဲ့ ဒါကြီး ဘာကြီးလဲ
Mafia ကြည့်တဲ့အကြည့်နဲ့ လာကြည့်တာချည်းပဲ
Worry ပွားသည့်အစ်မကြီး ဒါကြီးဘာကြီးလဲ
မီးထဲက ခဲ ကိုင်ခိုင်းနေရသလိုပဲ
အိပဲ့အိပဲ့ ငါတကယ်မသိခဲ့တာ
မျက်ရည်စီးလွယ်ကျလွယ်တယ် မင်းရုပ်မင်းကြည့်အုံး
မင်းသမီးလည်းမဟုတ်ဘူးဟေ့ ဘယ့်နှယ့်

image

@babysister
4/30/2018
in myanmar
1:14 am
Yangon

image

Sort:  

မီးထဲက ခဲ ကိုင်ခိုင်းနေရသလိုပဲ အိပဲ့အိပဲ့ ငါတကယ်မသိခဲ့တာ

ယို့ယို့...ခင်မောင်ခင်မောင်

သဘာကြီး ဝါကြီးတဲ့ ဒါကြီး ဘာကြီးလဲ
Mafia ကြည့်တဲ့အကြည့်နဲ့ လာကြည့်တာချည်းပဲ

အားပေးတာကျေးဇူးတင်ပါတယ်ရှင် မကြီးရေ။

မျက်ရည်စီးလွယ်ကျလွယ်တယ် မင်းရုပ်မင်းကြည့်အုံး
မင်းသမီးလည်းမဟုတ်ဘူးဟေ့ ဘယ့်နှယ့်

အားပေးတာကျေးဇူးတင်ပါတယ်ရှင် အစ်ကိုရေ။

အဆိုတော်လောက်ကို စာရင်းမရှိ မင်းသားမှအထင်ကြီးသည်

အားပေးတာကျေးဇူးတင်ပါတယ်ရှင် မမချောရေ။

ဆံထုံးထုံးရာကနေ ဘယ့်နှယ့်ကတုံးတုံးရမလားဆိုပြီး
ငါ့ကျောကုန်း တဗုန်းဗုန်းလာချ အဖုံးဖုံးထားရတဲ့
ငါ့ရဲ့ဒေါသ တဗြုန်းဗြုန်းနဲ့ ကုန်းရုန်းကာထ

အဲ့နေရာမိုက်တာ အစ်ကိုကဆံပင်မရှိဘူးဆိုတော့ တော်တော်စိတ်တိုမှာ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70013.82
ETH 3766.83
USDT 1.00
SBD 3.80