ကျွန်တော်တို့ရဲ့ Hip hop ပွဲတော်

in #esteem6 years ago (edited)

image

ပုန်းကျင်းထဲမှာကောင်မလေးကို ဖက်တဲ့သူကဖက်
အဆင်မပြေလို့နောက်တစ်ယောက်နား ကပ်တဲ့သူကကပ်
လူကြားထဲမှာရည်းစားနဲ့ ပြတ်တဲ့သူကပြတ်
ဖုန်းနံပါတ်ပေးလို့မှတ်တဲ့သူကမှတ်
Rapper တွေစဉ်ပေါ်ကို တတ်တဲ့သူကတတ်
Microphone ကိုင်ပြီးတော့ ရှက်တဲ့သူကရှက်
CD ထဲမှာလူသံတွေကို ထပ်တဲ့သူကထပ်
Auto ရေးဖို့ Rapper တွေနားကပ်တဲ့သူကကပ်
စကပ်အနီနဲ့ကောင်မလေးကို ချက်တဲ့သူကချက်
နေဝင်လဲနေကာမျက်မှန် တပ်တဲ့သူကတပ်
ဘော်ဒါထမ်းပြီးပွဲခင်းထဲက ထွက်တဲ့သူကထွက်
မိုးချုပ်ရင်အိမ်ပြန်ဖို့ခက်တဲ့သူကခက်
ဝက်သားဒုတ်ထိုးရောင်းပြီး မြတ်တဲ့သူကမြတ်
ဝယ်မစားခင်ဈေးမေးပြီးတော့ တွက်တဲ့သူကတွက်
ရေခဲချောင်းကိုအရသာခံပြီး လျက်တဲ့သူကလျက်
ပေါင်ရင်ဆံချည်ငေးပြီးတော့ တတ်တဲ့သူကတတ်
သားတို့ရဲ့ hiphop ပွဲမှာ ဒီလိုဒီလိုမျိုး
hiphop ကိုမကြိုက်တဲ့သူတွေ အိမ်ကိုအိမ်ကို go
Rapper တွေအကုန်လုံး စဉ်ပေါ်စဉ်ပေါ်ဒိုး
ပွဲပြီးရင်အရှိန်မသေဘူး Disco ကို Go
ဆရာတို့ရဲ့ Hiphop ပွဲမှာ ဒီလိုဒီလိုမျိုး
Rapper တွေအများကြီးနဲ့ ငါနဲ့ငါနဲ့ Go
သူတို့ဘေးမှာငါကပြောတယ် ဒီလိုဒီလိုမျိုး
ပွဲပြီးရင်အရှိန်မသေဘူး ကာရာအိုကေ Go

image
photo credit

Rap သီချင်းတွေသံပြိုင် အော်တဲ့သူကအော်
အသစ်တစ်ယောက်ရလို့ ပျော်တဲ့သူကပျော်
လူစုံတုန်းဇာတ်ရှုပ်တွေ ပေါ်တဲ့သူကပေါ်
ဘော်ဒါကိုလက်တို့ပြီး ခေါ်တဲ့သူကခေါ်
လူကြည့်တော့အိုက်တင်တွေ ခံတဲ့သူကခံ
ပွဲမပြီးခင်အိမ်ကိုအမြန် ပြန်တဲ့သူကပြန်
ပွဲပြီးရင် Club ကိုသွားဖို့ ကြံတဲ့သူကကြံ
လေမရှိတဲ့ကားဘီးကို ကန်တဲ့သူကကန်
ပိုက်ဆံတွေအများကြီးသုံးပြီး ကြွားတဲ့သူကကြွား
မိန်းခလေးချင်းဝတ်တာကြည့်ပြီး ဟားတဲ့သူကဟား
ပေါက်ကရတွေဝယ်ပြီးတော့ စားတဲ့သူကစား
နေမကောင်းလို့ဆေးခန်းအမြန် သွားတဲ့သူကသွား
အမိုက်စားတွေဝတ်ပြီးတော့ ကဲတဲ့သူကကဲ
အိတ်ထဲမှာဘာမှမရှိလို့ မွဲတဲ့သူကမွဲ
ယောက်ဖနဲ့တိုးမှာစိုးလို့ တချို့ကလက်မတွဲ
စာမေးပွဲနီးကာစဆို တချို့ကတော်တော်ကဲ
သားတို့ရဲ့ hiphop ပွဲမှာ ဒီလိုဒီလိုမျိုး
hiphop ကိုမကြိုက်တဲ့သူတွေ အိမ်ကိုအိမ်ကို go
Rapper တွေအကုန်လုံး စဉ်ပေါ်စဉ်ပေါ်ဒိုး
ပွဲပြီးရင်အရှိန်မသေဘူး Disco ကို Go
ဆရာတို့ရဲ့ Hiphop ပွဲမှာ ဒီလိုဒီလိုမျိုး
Rapper တွေအများကြီးနဲ့ ငါနဲ့ငါနဲ့ Go
သူတို့ဘေးမှာငါကပြောတယ် ဒီလိုဒီလိုမျိုး
ပွဲပြီးရင်အရှိန်မသေဘူး ကာရာအိုကေ Go

image
photo credit

Hiphop Beat တွေကြားရင် ခေါင်းကိုဒီလိုလှုပ်
ခေါင်းကိုဒီလိုလှုပ်လို့ပြီးရင် လက်ကိုဒီလိုလှုပ်
လက်ကိုဒီလိုလှုပ်လို့ပြီးရင် ခြေထောက်ကိုဒီလိုလှုပ်
ခြေထောက်ကိုဒီလိုလှုပ်လို့ပြီးရင် လှုပ်ချင်တာကိုလှုပ်
လှုပ်ချင်တာကိုလှုပ်ပြီးကပါ ဒီလိုဒီလိုက
လှုပ်ချင်တာကိုလှုပ်ပြီးကပါ ဟိုလိုဟိုလိုက
လှုပ်ချင်တာကိုလှုပ်ပြီးကပါ ဟိုလိုဒီလိုက
ဟိုနားကအရမ်းချောတဲ့ ကောင်မလေးတွေက
ဒီနားကအရမ်းလှတဲ့ ကောင်မလေးတွေက
သားတို့ရဲ့ hiphop ပွဲမှာ ဒီလိုဒီလိုမျိုး
hiphop ကိုမကြိုက်တဲ့သူတွေ အိမ်ကိုအိမ်ကို go
Rapper တွေအကုန်လုံး စဉ်ပေါ်စဉ်ပေါ်ဒိုး
ပွဲပြီးရင်အရှိန်မသေဘူး Disco ကို Go
ဆရာတို့ရဲ့ Hiphop ပွဲမှာ ဒီလိုဒီလိုမျိုး
Rapper တွေအများကြီးနဲ့ ငါနဲ့ငါနဲ့ Go
သူတို့ဘေးမှာငါကပြောတယ် ဒီလိုဒီလိုမျိုး
ပွဲပြီးရင်အရှိန်မသေဘူး ကာရာအိုကေ Go
ဒီနားကအရမ်းလှတဲ့ကောင်မလေးတွေ က

image
photo credit

@babysister
in myanmar
28/4/2018
I love steemit.
Thank for your upvote @ reply.
Welcome to my blog,dear all steemit friends.

image
photo credit

Sort:  

အိုး..ရေးလှချည်လား။ကောင်းချက်

ဟုတ်အစ်ကို။ရေးမယ်လေအားနေတာဆိုတော့။

အိုးမြန်ချက်နော်ရေးတာ။လန်ထွက်နေတယ်။

အဟိ။ကောင်းဘူးလား ပက်ဆံရတယ်လေ။

အားကျတယ်ဟေးးညီမလေးရေ။

မကြီးလဲရေးလေ အားပေးမယ်လေ။

ဝိုး တစ်ပုဒ်ကို $0.30ကျော်ရတယ်မဆိုးဘူးညီမရေချချ။

ဟုတ်အစ်ကိုအပုဒ်တိုင်းရရင်ကောင်းမယ်နော်။ခုနှစ်ပုဒ်တော့ရပြီ။အရင်ကတင်နည်းမသိလို့တိုင်ပတ်ခဲ့တာသူများဟာတွေလိုက်လေ့လာပြီးတော့ခုလုပ်လိုက်တာအဆင်ပြေနေတယ်။

အားပေးသွားတယ်နော်ညီမရေ။

ဟုတ်ကဲ့မမချောရေ ကျေးဇူးတင်တယ်နော်အရမ်းပဲ။

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 58416.09
ETH 2514.67
USDT 1.00
SBD 2.34