ရွာနဲ့ကြုံခဲ့ရသမျှ ( part 2 )

in #esteem6 years ago

( ဘုန်း​ကျောင်း​တွေ၊ ဘုရား​ကျောင်း​တွေ စတဲ့ ဘာသာ​ရေး အ​ဆောက်​အဦး​တွေဟာ မ​တော်​တဆကလွှဲရင်​ တမင်​တကာ စစ်​တလင်း မဖြစ်​​စေတဲ့ ​နေရာ​တွေမို့ စုရပ်​အဖြစ်​ ထားတာပါ)

အခု အမှိုက်​ကျင်းဖြစ်​သွားတဲ့ အဲ့ဒီတုန်းက ​ပုန်းခိုကျင်း​တွေကို အခု​နေ ပြန်​လည်​အသက်​သွင်းကြမှာ အခုထိ စိုးရိမ်​တုန်းပါပဲ။

က​လေးမ​လေးက အခု​တော့ ဆယ်​တန်းတက်​​နေပါပြီ..။အခုအချိန်​ ​ပြန်​​ပြောရင်​ ဟာသတစ်​ပုဒ်​ဖြစ်​​ကောင်းဖြစ်​​နေမယ်​။ဟိုးတုန်းက အ​ဖေနဲ့အ​မေနဲ့ အိပ်​​ရေးပုတ်​တဲ့ ​ကောင်​မ​လေးဟာ သူနဲ့အတူအိပ်​ခဲ့ရတဲ့ ည​တွေမှာ အမြဲ အိပ်​​ရေးဆတ်​ရတယ်​။ညသန်း​ခေါင်​အိပ်​​ကောင်းတုန်းအချိန်​ ​သေနတ်​ပစ်​သံကြားတာနဲ့ အ​မေ့ရဲ့ ခပ်​အုပ်​အုပ်​နိုးသံကြားရမယ်​။ပြီး​တော့ အ​နွေးထည်​ထူ​ကြီး​တွေကို အဆင်​သင့်​ ​ကောက်​စွပ်​ထားရ​တော့တယ်​။ကောင်​မ​လေးက အမြဲ ဝီရိယ ​ကောင်းပြီး တစ်​ခါ​လောက်​ လှုပ်​နိုးတာနဲ့ ဆက်​ခနဲ ထထိုင်​နှင့်​ပြီးသား ဖြစ်​​နေပြီ။သေနတ်​သံ ဆက်​ပြီး မကြားရ​တော့ရင်​ ပြန်​အိပ်​ရတယ်​။ကျောင်းခန်းထဲ​ရောက်​ချိန်​ဆို ညရဲ့ အိပ်​​ရေးပျက်​တဲ့ဒဏ်​ကို အလူးအလဲ ခံရ​တော့တာပဲ။
အဲ့ဒီအချိန်​​တွေတုန်းက ည​ရောက်​မှာ သိပ်​​ကြောက်​ခဲ့ကြဖူးတယ်။
ည​နေ​စောင်းလာတိုင်း စိတ်​မချမ်း​မြေ့ဖွယ်​ မျက်​နှာ​လေး​တွေ ကိုယ်​စီနဲ့ ကျမတို့ရွာက လူတိုင်းကို​တွေ့နိုင်​တယ်​။
(​နေ့ခင်း​ကြောင်​​တောင်​ သွားလာလှုပ်​ရှားတာ​ သိပ်​ကို ရူးမိုက်​ရာကျမှာ​ပေါ့။ဘယ်​သား​ကောင်​မှ ပစ်​ကွင်း​တွေထဲ တည့်​တည့်​ မတိုးဝင်​ဘူး​လေ )

အဲ့ဒီတုန်းက ကြီးကြီးတစ်​​ယောက်​အ​ကြောင်းကလည်း အခု​ပြန်​​ပြောရင်​ လွမ်းမိသလို​တောင်​ ဖြစ်​မိတယ်​။
အပါးရဲ့အကိုကြီးရဲ့ဇနီး ကြီးကြီးက စိတ်​​ရောဂါခံစား​နေရတာက​နေ ကုသ​နေဆဲအချိန်​..။လုံးလုံးလျားလျား ​ပျောက်​ကင်းပြီလို့ မဆိုနိုင်​​ပေမယ့်​ အ​တော်​ကြီး​တော့ သက်​သာ​နေပါပြီ။ဒါ​ပေမယ့်​ အချိန်​မ​ရွေး ဆိုးဝါးသွားနိုင်​တဲ့အ​ခြေအ​နေနဲ့ပါ။
ညဦးပိုင်းဆို ဘကြီးကလည်း ရပ်​​ရေးရွာ​ရေး​တွေအတွက်​ ရွာထဲ ​ရောက်​​နေတတ်​တယ်​။တစ်​ခုခုဆို သိပ်​​ကြောက်​လန့်​တဲ့ ကြီးကြီးက ညဆို အိပ်​​တောင်​ အိပ်​ရဲ့လား မသိ။ရှိတဲ့သားနှစ်​​ယောက်​မှာ သားကြီးကလည်း ယာခင်းထဲ ​နေတယ်​။ သားအငယ်​က လယ်​ထဲမှာ​နေတယ်​( လယ်​သိမ်းချိန်​​လေ )
အိမ်​မှာက သားကြီးက​မွေးတဲ့ ​မြေးအကြီး​ရယ်​။သမီးအငယ်​ဆုံးရယ်​ ရှိ​နေတယ်​။
တစ်​ညမှာ​တော့ ည ကိုးနာရီ​တောင်​မထိုး​သေးဘူး ​​သေနတ်​ပစ်​သံ​တွေ ဆက်​တိုက်​ကြားရတယ်​။အိပ်​လို့ရတဲ့အချိန်​​လေးမှာ အိပ်​ကြရတာမို့ ​စော​စောအိပ်​ကြ​လေ့ရှိတယ်​။အဲ့ဒီအချိန်​မှာ ကြီးကြီးရဲ့သမီးအငယ်​ဆုံး( ကျမတို့ ဝမ်းကွဲအစ်​မ )နဲ့​မြေးဖြစ်​သူက အိပ်​​​မောကျ​နေကြချိန်​ဖြစ်​​နေပြီ။ကြီးကြီးက အစ်​မကို ထိတ်​လန့်​တကြားနိုးပြီး ဘုန်း​ကျောင်းကိုသွားဖို့​ပြော​နေတယ်​။အစ်​မကလည်း အိပ်​ယာထဲက လူးလဲထပြီး ​ဘောင်းဘီရှည်​နဲ့ အ​နွေးထည်​​ကောက်​စွပ်​ပြီး ရွာထဲက အခြားလူ​တွေ ဘုန်း​ကျောင်းကို ​ပြေးတဲ့လူ​တွေနဲ့ ​ရော​နှောပြီး ​ပြေးလိုက်​သွားခဲ့တယ်​။ကြီးကြီးက နည်းနည်း​လေး ​နောက်​ကျပြီး ဘုန်း​ကျောင်းကို ​ရောက်​လာတယ်​။မြေးဖြစ်​သူကို ​ကျောပိုးပြီး ​စောင်​ထူထူကြီး နှစ်​ထည်​ကိုလည်း ကြိုးစားပမ်း​စား ဆွဲယူလာခဲ့​သေးတယ်​။ အ​တော်​အူယားဖားယားနဲ့ ဖြစ်​ကတတ်​ဆန်းနိုင်​တဲ့ အခိုက်​အတန့်​လို့ပဲ ဆိုရမယ်​။
ဘုန်း​ကျောင်းကို ​ရောက်​​တော့ အစ်​မက ကျမနဲ့အတူ ​ကျမရဲ့ ​စောင်​ထဲ လာဝင်​ခြုံကြတယ်​။အိပ်​မက်​​ယောင်​ရာက ထ​ပြေးလာတဲ့ လူရဲ့ပုံစံ အတိအကျပါပဲ။ဘုန်း​ကျောင်း​ရောက်​မှ ​ခြေအိတ်​စွပ်​မလာမိတဲ့ ​ခြေဖျား​တွေအင်​မတန်​​အေး​နေမှ သူအိပ်​ယာက နိုးခဲ့ပုံရတယ်​။သူ့​ခြေ​ထောက်​ ကျမ​စောင်​ထဲ ထည့်​လာ​တော့ အ​တော်​ကြီး ​အေးစက်​​နေတယ်​​လေ။ဒါ​တောင်​ ဘုန်း​ကျောင်းနဲ့ သူတို့အိမ်​ဟာ ငါးမိနစ်​​လောက်​သွားရင်​ ​ရောက်​တဲ့အ​နေအထားပါ။ကျမတို့ ​စောင်​အတူတူခြုံရင်း ငုတ်​တုတ်​ထိုင်​​နေကြတဲ့အချိန်​မှာ ကြီးကြီးက သူ့​မြေးကို ​ကျော​ပိုးရာက ချပြီး အစ်​မကို ဆူ​တော့တာပဲ။ကျမတို့ ခပ်​ကျိတ်​ကျိတ်​ရယ်​မိကြ​သေးတယ်​။ကြီးကြီးဆူတာ မလွန်​ပါဘူး။အစ်​မက သူ့တူကို ကူပြီးမ​ခေါ်တဲ့အပြင်​ သူခြုံဖို့​စောင်​​တောင်​ ယူမလာခဲ့ဘူး​လေ။ကြီးကြီးယူလာတဲ့ ​စောင်​နှစ်​ထည်​မှာ တစ်​ထည်​က အစ်​မဖို့ ဖြ​စ်​တယ်​။
အဲဒီညက တစ်​ညလုံး အိပ်​တစ်​ဝက်​ နိုးတစ်​ဝက်​နဲ့ ဘုန်းကြီး​ကျောင်းမှာ ငုတ်​တုတ်​မိုးလင်းခဲ့ကြရတယ်​။
အခု​တော့ ကြီးကြီးလည်း ဆုံးသွားခဲ့ပါပြီ။အစ်​မလည်း အိမ်​​ထောင်​ကျပြီး က​လေးနှစ်​​ယောက်​​တောင်​ရ​နေပြီ။အခု အစ်​မနဲ့ဆုံကြလို့ အဲ့ဒီအ​ကြောင်းပြန်​​ပြောမိကြတိုင်း ရယ်​​နေမိကြဆဲပါပဲ။ဒါ​ပေမယ့်​ အဲ့ဒီညရဲ့ အ​ကြောက်​တရားကိုလည်း ခံစား​နေမိကြဆဲပဲ​လေ။

နောက်​တစ်​ဦးက​တော့ ဦးကြီးတစ်​​ယောက်​​ပေါ့။ခါးနဲ့ ပတ်​သက်​ပြီး ​ဝေဒနာပြင်းပြင်းထန်​ထန်​ ခံစား​နေရချိန်​..လမ်း​တောင်​​ကောင်း​ကောင်း မ​လျှောက်​နိုင်​​သေးဘူး။သူများတကာက ​ပြေးဟယ်​လွှားဟယ်​ဆို​​တော့ သူ့ကို တွဲ​ခေါ်ဖို့ ​ယောက်ျားရင့်​မာကြီး​တွေလို​သေးတယ်​​လေ။သူ့ဇနီး​တွေက သူ့ကို တွဲ​ခေါ်နိုင်​မယ့်​ လူ​တွေကို အကူအညီ​တောင်းဖို့အရင်​သွားရတယ်​။သေ​ဘေးကို ဘယ်​သူတစ်​ဦးတစ်​​ယောက်​ကမှ ​စောင့်​ဆိုင်​မ​နေချင်​ကြပါဘူး။

I'm ATM
Msu 021. image

Sort:  

အဲလိုခေတ်မကောင်းတဲ့အချိန်က လူတွေတော်တော်ဒုက္ခရောက်ကြမှာဘဲ

Posted using Partiko Android

@remind-me on 31 October 2018 14:00

😢

Posted using Partiko Android

Support U , Fighting!!

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63033.54
ETH 2434.49
USDT 1.00
SBD 2.54