ဝတ်​​ကျေတန်း​ကျေ ​လောကဝတ်​သမားများ

in #esteem6 years ago

လူမှု​ပေါင်းသင်း​ဆက်​ဆံ​ရေးနယ်​ပယ်​မှာ ​လောကဝတ်​ဆိုတာ တစ်​မျိုးတဖုံ ပါဝင်​ပတ်​သက်​​နေ​လေ့ရှိပါတယ်​။
စားပြီးပြီလား....
နေ​ကောင်းလား....
စသဖြင့်​​ပေါ့..သူ့ရဲ့ နိစ္စဓူဝ လူသားတစ်​ဦး သာမန်​ပြုလုပ်​​နေကျ အလုပ်​​တွေကိုပဲ စကားမရှိရင်​ စကားစအဖြစ်​ ​ပြောတတ်​ကြ​လေ့ရှိတဲ့ ​လောကဝတ္တရား အချို့ကို ​လောကဝတ်​လို့ပဲ ​ခေါ်ကြတယ် ​ထင်​ပါတယ်​။

အဲ့ဒီမှာ သူဒီအလုပ်​ကိုလုပ်​ရင်​ သူ့ကြိုးစားအားထုတ်​မှုနဲ့ ထပ်​တူညီတဲ့ အကျိုးကို ပြန်​ရမယ်​။ပြန်​ရတယ်​ဆိုတာ သိသိကြီးနဲ့ ဟာ ​တော်​လိုက်​တာ ဘာညာဆိုပြီး စကား​ရော ​ဖော​ရော ​လုပ်​တတ်​ကြတဲ့လူအချို့အ​ကြောင်း နည်းနည်း ​လေ​ကြောရှည်​ပါရ​စေ။
က​လေး​ပေါက်​စ​လေးတစ်​​ယောက်​ကို ထမင်းတစ်​ပန်းကန်​ကုန်​​အောင်​​ကျွေးပြီး ဟာ...စားတတ်​လိုက်​တာ ​တော်​လိုက်​တာလို့ ​ပြောရင်​ က​လေးက​တော့ သ​ဘောကျချင်​ကျမှာ​ပေါ့..။တော်​တယ်​ဆိုတာ ​ကောင်းခြင်းကို အခြားနည်တစ်​မျိုးနဲ့ ​ဖော်​ပြသလိုဖြစ်​​နေတာကိုး..။ဒါကို အပြည့်​အဝ နားမလည်​သည့်​တိုင်​ က​လေးလည်း အ​ကောင်း​တော့ ကြိုက်​တာပဲ​လေ..သူလည်း လူ​ပေါက်​စ​လေးပဲ မဟုတ်​လား..။
အဲ..ခက်​တာက က​လေးလည်း မဟုတ်​ပဲနဲ့ သူ့လို ကိုယ်​လို လူကြီးရင့်​မကြီးကို သူလုပ်​​နေတဲ့ အလုပ်​ပြီးသွားတာနဲ့ ဟား ​တော်​လိုက်​တာ တတ်​လိုက်​တာလို့ ​ပြောတာက​တော့ ဟာသဆန်​သလိုပါပဲ။ပြောရရင်​ သ​ရော်​တဲ့ဟန်​ပို​ပေါ်တယ်​​ပေါ့​လေ..။
တော်​တယ်​လို့ ​ပြောခံရတိုင်း လူတိုင်းက​တော့ ကြိုက်​မ​နေကြပါဘူး..။
ဒီအလုပ်​တစ်​ခုကို ကိုယ်​လုပ်​​နေတယ်​။ ဒါဆိုတစ်​​နေ့မဟုတ်​ တစ်​​နေ့​တော့ ပြီးဆုံးသွားမှာပဲ.။ဒါကို ပြီးသွားတဲ့​နေ့မှာ လက်​ခုပ်​တီးပြီး ကြိုတတ်​တဲ့ သူ​ရှေ့မှာ သူ့ရဲ့ ပြီးသွားပြီလားဆိုတဲ့ ​မေးခွန်းတစ်​ခုထဲနဲ့ကို ဟုတ်​ကဲ့ ပြီးသွားပါပြီ..ကျမက ​တော်​တယ်​​လေ...လို့ ​ဖြေလိုက်​​တော့ နှာ​ခေါင်း ရှုံ့သွားတယ်​။ အ​ပေါ်၊​အောက်​နှုတ်​ခမ်းလည်း နည်းနည်း ​လွှဲသွားတယ်​.။
ကျွန်​မက​တော့ ခပ်​တည်​တည်​ပဲ ​နေလိုက်​ပါတယ်​။

အဲ ​နောက်​တစ်​ခုက မိန်းက​လေးတစ်​​ယောက်​ အလှအပ​တွေပြင်​ဆင်​လာတာ လှချင်​လို့၊ သူ့အလှကို သူစိတ်​တိုင်းကျတဲ့အထိ ပြင်​ဆင်​လာပြီးသား..သူ့ကိုယ်​သူ အလှဆုံးဆိုတဲ့ အ​ခြေအ​နေမျိုးကို ဖန်​တီးပြီး အပြင်​​တွေထွက်​လာရင်​ သူဟာ သူ့အလှအပအတွက်​ ချီးကျူးခံချင်​လို့ ဖြစ်​လိမ့်​မယ်​။အဲ့ဒီလိုပြင်​ဆင်​ပြီး ဓာတ်​ပုံရိုက်​လို့ facebook​ပေါ်တင်​ရင်​ သိပ်​လှတာပဲလို့ ​ပြောလိုက်​ရင်​ သူ​ပျော်​​ကောင်း ​ပျော်​မှာ​ပေါ့...။ကျမက​တော့ ကိုယ့်​မျက်​စိနဲ့အမှန်​တရားကို ကိုယ့်​ဘာသာ လက်​ခံပြီး လှတယ်​လို့ ယူဆရင်​ လှတယ်​​ပြောလိုက်​တာပဲ။မလှပဲနဲ့ သူပြင်​ထားတဲ့ အလှအပအတွက်​ အားနာလို့လည်း မုသား တ​ထွေးကြီးနဲ့ ​ကောမန့်​​တွေ ​ပေးပစ်​ခဲ့ဖူးတာပဲ။မလှရင်​မလှဘူးလို့ အမှန်​အတိုင်း ​ပြောပစ်​တာမျိုးလည်း ရှိတာ​ပေါ့​လေ..။

ဘာမှ မပြင်​မဆင်​ ဖိုသီဖတ်​သီနဲ့ ကိုယ့်​ဘာသာ ​နေတဲ့လူကို ဝတ်​​ကျေတန်း​ကျေနဲ့ so..cute ဘာညာ ချစ်​စရာ အလှအပ ​ဘာညာ ဆိုတာ​တွေက နည်းနည်း​တော့ ရယ်​စရာ​ကောင်း​နေပါတယ်​။ကိုယ့်​ဘာသာ အမြင်​မတင့်​ရင်​ မတင့်​ဘူး​ပေါ့...။ကျွန်​မက​တော့ ဟယ်​..သနပ်​ခါးလည်းမလိမ်းဘူးဆိုတဲ့စကားမျိုး လာ​ပြောရင်​​ ဟုတ်​တယ်​ ကျွန်​မက​ချောတယ်​​လေ လို့ အ​ရှေ့က ကြို​ပြောလိုက်​​တော့ လူရယ်​စရာကြီး ဖြစ်​သွားပြန်​ပါ​လေ​ရော...။
တစ်​ခါတ​လေ သူတပါး​ပြောမဲ့စကားကို ကိုယ်​​ပြောလိုက်​တာ အ​နေအထား​တွေက ငိုရာက ရယ်​ရမလို ဆန့်​ကျင်​ဘက်​​တွေပါ ဖြစ်​သွားတတ်​တာကို သိခဲ့ရတာ​ပေါ့..။ကိုယ့်​ရုပ်​ခွက်​ကို ကိုယ်​မြင်​ဖူးသားပဲ..ဘယ်​လိုဆိုတာ ကိုယ်​သိ​နေတာပဲ​....
အဲ့​တော့ ​ဝတ်​​ကျေတန်း​ကျေ အ​ရေးမပါတဲ့ ​လောကဝတ်​​တွေက ကျွန်​မ​ကြောင့်​ မကြာခဏ ပျက်​ရ​လေ့ရှိတယ်​..။ပျက်​လုံး​တွေ ပျက်​ပြား​တွေ ဖြစ်​ကုန်​တယ်​ ဆိုရမှာ​ပေါ့..။

အ​ရေးမပါတဲ့ ​လောကဝတ်​နဲ့ ချီးကျူးတာလိုလို၊​လှောင်​​ပြောင်​တာလိုလို၊ကဲ့ရဲ့တာလိုလို ဟိုလိုလို ဒီလိုလိုမျိုး​တွေကို နားကြားပြင်းကတ်​တတ်​လွန်းလို့ပါ။လောကဝတ်​​တွေက ဝတ်​​ကျေတန်း​ကျေဆန်​လာရင်​ ​လောကွတ်​ဖြစ်​သွားပြီး ​ပေါ့ပျက်​ပျက်​ဆန်​သွားတတ်​​လေ..။

လောကဝတ်​က ​လောကဝတ်​လို မ​နေပဲ...​လောက ​နောက်​က ဝ ​လေးက သူ့​နေရာသူမ​နေပဲနဲ့ ကကြီး​အောက်​ထဲ သွားဝင်​လျှိုလိုက်တဲ့အခါ ​​လောကွတ်​ဖြစ်​သွား​တော့တာပဲတဲ့...
ဆရာ့စကား​လေး သ​ဘောကျခဲ့ဖူးရဲ့...

ဟုတ်​တယ်​...
အဲ့ဒီ ဝတ်​​ကျေတန်း​ကျေ ​လောကဝတ်​​တွေက ​ချော်​ထွက်​ ​ပေါ့ပျက်​သွားတဲ့ ​လောကွတ်​​တွေ ဖြစ်​သွားတဲ့အခါ အ​တော်​ မြင်းပြင်းကတ်​ဖို့​ကောင်းလှတဲ့အထိ ဖြစ်​သွားတတ်​ပါတယ်​။
သူလည်း ကိုယ့်​အ​ပေါ် ဟယ်​ ​တော်​လိုက်​တာ တို့.လှလိုက်​တာတို့ပဲ ​ပြောမလို့ မဟုတ်​လား...
ဒါကို ကိုယ်​က ​ရှေ့က​နေ ဟုတ်​တယ်​ ကျမက ​တော်​တယ်​​လေ...ကျမက လှတယ်​​လေ လို့ ​ပြောလိုက်​​တော့ ဘယ်​လိုလုပ်​ မနှစ်​မြို့နိုင်​တဲ့အမူအယာ​တွေ ဖြစ်​သာကုန်​မှန်း မသိဘူး...
ကျမထင်​တယ်​...လျှာဖျားက အကျင့်​ပါ​​နေတဲ့ ဝတ်​​ကျေတန်း​ကျေ ​လောကဝတ်​ကို ကျင့်​သုံးဖို့မှာ အ​တော်​ ​ချော်​လွန်းတဲ့ ​လောကွတ်​​တွေ ဖြစ်​ကုန်​​တော့တာပဲဆိုတာ....

ရှင်​တို့လည်း သတိထားသင့်​တာ​ပေါ့..။ ​ဝတ်​​ကျေတန်း​ကျေ ​လောကဝတ်​​တွေကို ထမ်းပိုးလာခဲ့ပြီး ​လောကွတ်​​တွေကို ရှင်​တို့အ​ရှေ့မှာ သွန်​ချလို့ ရှင်​တို့ သတင်း​တွေကို ​နောက်​လူဆီ သွန်​ချပြမယ့်​ ဝတ်​​ကျေတန်း​ကျေ ​လောကဝတ်​ပြုတတ်​သူ​တွေကို....
ပြောရရင်​ ​လောကွတ်​သမား​တွေကို​ပေါ့​လေ.....။

I'm ATM.
Msu 021.IMG_20181031_065442.jpg

Sort:  

ဒါပေါ့ သတိထားရင် သိသာပါတယ်။ လောကွတ် သမားတွေကိုပေါ့။ ကျနော်ကတော့ သူ့နေရာနဲ့သူ လောကွတ်လိုအပ်နေတယ် ထင်ပါတယ်။

Posted using Partiko Android

လောကဝတ်​အရ​ပေါ့

Posted using Partiko Android

လူတွေလည်းခက်ပါတယ် လိမ်ပြောမှန်းသိရက်နဲ့သာယာနေတဲ့သူတွေရှိတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64143.39
ETH 2638.98
USDT 1.00
SBD 2.80