ဝတ္ထုတို

in #esteem6 years ago

ငါးကင်​ဆိုင်​​လေး၏ ​နောက်​​ဖေးပြတင်း​ပေါက်

မနက်ခင်း၏​​​နေ​ရောင်​ခြည်​အလင်းတန်း​က ထန်းတစ်​ဖျား​လောက်​မှ​နေ၍ ​​ကောင်းကင်​ထက်​သို့ ပျံသန်း​နေကြ​သော ​ရေ​ငွေ့​လေးများကို ဖြတ်​သန်း၍ ညင်​သာစွာ ဖြန့်​ကျက်​​နေကြ၏။ရေစီးသံ စီစီညံညံဖြင့်​ ​ကျေးငှက်​အချို့၏ နံနက်​ခင်းနှုတ်​ဆက်​​တေးသည်​ စူးရှ​နေသည့်​တိုင်​ နားမခံသာသည့်​အသံ​တော့ မဟုတ်​ပဲ ​ဆောင်းမကျတကျနံနက်​ခင်း၏ ပြီးပြည့်​စုံမှုကို အားဖြည့်​​နေသည့်​အတိုင်း...
တော​တောင်​စိမ်းစိမ်းညှို့ညှို့များကြားမှ ဖြတ်​သန်းစီးဆင်းလာ​သော ​ရေစီးနှစ်​ခုတို့မှ အသံနှစ်​ခုသည်​ သွယ်​ယှက်​စီးဆင်းရင်း အသံတစ်​ခုထဲကို မြည်​​တမ်းသွား၏။

ချောမွတ်​​နေ​သော ​ကျောက်​ခဲလုံးများ စီရစီဖြစ်​​ပေါ်​နေ​သော ​ကျောက်​ခဲကွင်းပြင်​၏ အနားစပ်​ကို ထိခတ်​​နေသည်​ ကြည်​လင်​​အေးမြ​နေသည်​ ​ရေပြင်​များ၏ ချစ်​စဖွယ်​ လှိုင်းတွန့်​​လေးများက ကခုန်​​နေ​သောအိန်​ဂျယ်​တစ်​ပါး၏ ​ခြေနားစပ်​မှ အဝတ်​စ​လေး​တွေနှယ်​...

ထိုစဉ်​ .
ကျောက်​ခဲကွင်းပြင်​၏အထက်​ပိုင်း ကမ်းပါး​မြင့်​မြင့်​နှင့်​ ​မြစ်​​ရေစပ်​ ထိစပ်​​နေ​သော ​နေရာခပ်​ကျဉ်းကျဉ်းတွင်​ရှိ​သော သက်​ငယ်​မိုး အိမ်​​လေးတစ်​လုံး၏ ​နောက်​​ဖေးတံခါးတစ်​ချပ်​ ပွင့်​သွား၏။

ပိန့်​လှိမ့်​​နေ​သော စတီး​ရေဇလုံတစ်​လုံးကို ကိုင်​လျက်​ထွက်​လာခဲ့​သော အသက်​​ခြောက်​ဆယ်​​ကျော်​ ဝန်းကျင်​ အမျိုးသမီးကြီးတစ်​ဦးတဲအတွင်းမှ ထွက်​​ပေါ်လာသည်​။ 
အ​နွေးထည်​ခပ်​နွမ်းနွမ်းတစ်​စုံကို ဝတ်​ဆင်​ထားလျက်​ ပွ​ယောင်း​နေ​သော ဆံပင်​အချို့ကို ဖြစ်​သလို စည်း​နှောင်​ထားပြီး ​ကျောက်​ခဲလုံးများကြား သတိထားပြီး တစ်​လှမ်းချင်း​လျောက်​သွား​နေပြီးမှ ​မလိခမြစ်​အတွင်း​ရေဇလုံကို နစ်​လိုက်​ပြီး ဇလုံအတွင်း ​ရေတစ်​ဝက်​ခန့်​ ရစဉ်​ ပြန်​မယူပြီး အလာတုန်းကထက်​ ပို​လေးလံ​သော ​ခြေလှမ်းတို့ဖြင့်​ တဲ​လေးဆီသို့ ပြန်​လာခဲ့​လေသည်​။

တဲအိမ်​​လေးနှင့်​ ထိစပ်​လျက်​ ​ကျောက်​ခဲပြင်​ကျယ်​ဖက်​သို့ ထုတ်​ထား​သော အဖီ​လေး သုံးလုံးသည်​​ တဲအိမ်​​လေးဖြင့်​ ထိစပ်​​နေသည်​ဟုဆို​နိုင်​​သော်​လည်း ဘန်​ဂလိုဆန်​ဆန်​ဖြင့်​ တသီးတသန့်​စီ ဖြစ်​​နေ​ပေါ်​နေ၏။ ထိုအဖီတဲ​လေးများ​ကို ဝါးများဖြင့်​ ဖန်​တီးထားပြီး ထိုတဲ​လေးများအ​ပေါ်တွင်​ ဝါးဖြင့်​ပင်​ ဖန်​တီးထား​သော ထိုင်​ခုံ​လေးများ စားပွဲ​လေးများကို ​တွေ့နိုင်​​လေသည်​။ အဖီတဲ​လေးများမှ ကြည့်​လျှင်​ ​မလိခမြစ်​နှင့်​​မေခမြစ်​ဆုံရာ​နေရာသို့ ​ကောင်း​ကောင်း မြင်​​တွေ့နိုင်​​လေသည်​။

တဲအိမ်​​လေး၏ အပြင်​ဖက်​သို့ ခဏက အမျိုးသမီးကြီးနီးပါး အသက်​အရွယ်​ခန့်​ရှိ အဖိုးတစ်​ဦး ထွက်​ခဲ့ပြန်​​လေသည်​။ပြီး​နောက်​ အဖီတဲ​လေးများ၏ ဆန့်​ကျင်​ဖက်​ တဲအိမ်​​နောက်​ဖက်​သို့ ဝင်​​ရောက်​​ပျောက်​ကွယ်​သွားပြီး မကြာမီ သစ်​ကိုင်း​ခြောက်​​လေးများ ​ပွေ့ယူကာ တဲအိမ်​​လေး အတွင်းသို့ ဝင်​​ရောက်​​ပျောက်​ကွယ်​သွားပြန်​​လေသည်​။

မကြာခင်​ တဲအိမ်​​လေးအတွင်းမှ မီးခိုးများသည်​ ​တော​တောင်​စိမ်းစိမ်းများကြားတွင်​ တလူတလူထွက်​​ပေါ်လာ​နေ​လေ​တော့သည်​။
နေလုံးသည်​ ထင်​သာမြင်​သာ ဖြစ်​​နေ​လောက်​​အောင်​ လင်းထင်းခွင့်​မရရှာ။တော​တောင်​တို့၏ အရိပ်​တို့ ကြီးစိုးရာ အရပ်​တွင်​ ​သစ်​ပင်​တို့ အရွက်​​တွေအ​ပေါ်တွင်​သာ ​​နေ​ရောင်​ခြည်​တို့အတွက်​ နေရာရရှာ​လေ၏။

နေ့လည်​ ဆယ့်​တစ်​နာရီ...
တော​တောင်​ သဘာဝနှင့်​ ပတ်​သက်​မှု သိပ်​မရှိ​သော အနံ့အသက်​နှင့်​ အသံအချို့ အဖီတဲ​လေးများ​ရှေ့တွင်​ ကြားလိုက်​ရ၏။
ကျောက်​ခဲလုံးများကို တက်​ကြိတ်​လိုက်​သည်​ ကားတစ်​စီး၏ တာယာသံနှင့်​ ကား၏ စက်​ဆီနံ့အချို့သည်​ ​သန့်​စင်​​သော ​လေထုတွင်​ သိသာစွာ ထွက်​​ပေါ်လာ​လေသည်​။
ပရာဒို အမြင့်​ကားထဲမှ ​သွက်​လက်​ရွှင်​မြူး​နေ​ကြ​သော ​အသက်​ခပ်​ငယ်​ငယ်​ ​ကောင်​​လေး သုံး​ယောက်​နှင့်​ ​ကောင်​မ​လေး​ နှစ်​​ယောက်​ ထွက်​​ပေါ်လာပြီး လန်းဆန်းစွာ ဟစ်​​အော်​လိုက်​ကြ​လေသည်​။

" ​ဟေး......."
တော​တောင်​တို့၏ ပဲ့တင်​ထပ်​သံ အဆုံးတွင်​ အဖီတဲ​လေးအတွင်းသို့ ​ရောက်​ရှိကုန်​၏။ တဲအိမ်​​လေးဆီမှ က​​ဗျာကယာထွက်​လာ​သော အမျိုးသမီးကြီး၏ နူးညံ့ပြုံးချို​သော မျက်​နှာ ​ဖော်​​ရွေ​သော မျက်​ဝန်းများဖြင့်​ ​ရောက်​လာပြီး

" လူ​လေးတို့ ဒီမှာ​တော့ ငါးကင်​ပဲ ရတယ်​ "
" စပ်​ဖီ မရဘူးလား ​ဒေါ်​ဒေါ် "

အမျိုးသမီးကြီးက နူးညံ့တို့ အပြံုးတို့ဖြင့်​ပင်​ ​ခေါင်းခါလိုက်​ကာ
" မရဘူး လူ​လေးရဲ့ "
" ဒါဆို ​ခေါင်​ရည်​​ရော "

အမျိုးသမီးကြီး ထပ်​မံ ​ခေါင်းခါလိုက်​ကာ

" မရပါဘူးကွယ်​။ ငါးကင်​တစ်​မျိုး​လေးပဲ ​ရောင်းတာပါ "
ကောင်​​လေးတစ်​​ယောက်​ အနည်းငယ်​ စိတ်​ညီးညူသွားဟန်​ဖြင့်​ ​ကောင်းကွာ ဟု ​ရေရွတ်​​လေသည်​။
သူတို့အထဲမှ ​မျက်​နှာ​လေး ဖြူနုပြီး ပြုံးချို​နေ​သော မိန်းက​လေးတစ်​​ယောက်​က ရယ်​လိုက်​ပြီး

" ဒါဆို ငါးကင်​​လေးပဲ ယူမယ်​​နော်​ အ​ဒေါ်။ သုံး​ကောင်​ ချ​ပေးပါ "

ဟု မှာလိုက်​ပြီး တဆက်​တည်းပင်​ ခုနက ​ကောင်​​လေးဖက်​သို့ လှည့်​ကာ

" နင်​တို့ ဝယ်​လာတဲ့ ဘီယာ​တွေ ကားထဲ ရှိ​နေတယ်​​လေ "
ဟု ဆက်​​ပြောလိုက်​​လေသည်​။

သိပ်​မကြာခင်​မှာပင်​ တဲအိမ်​​လေးအတွင်းမှ အဖိုးတစ်​​ယောက်​ နှီးဖြင့်​ ရက်​လုပ်​ထား​သော ​ဗန်း​လေးထဲတွင်​ ငါးကင်​သုံး​ကောင်​ပါ​သော ပန်းကန်​ပြားသုံးချပ်​နှင့်​ ဝါးတူ​လေးများ ချဉ်​ငံစပ်​ခွက်​​သေး​သေး​လေးများထည့်​ကာ သယ်​လာချ​ပေး​လေသည်​။
ကောင်​​လေးတစ်​​ယောက်​နှင့်​ ​ကောင်​မ​လေးတစ်​​ယောက်​ အဖိုးကို ဆီးကြို​ပေးလိုက်​ကြ​လေသည်​။

" ဟာ အဖိုးကလည်း သမီးတို့ကို ​ပြော​ရော​ပေါ့ လာသယ်​​ပေးမှာ​ပေါ့ "

"ရပါတယ်​ကွာ။ ဒါနဲ့ ​ကောင်​​လေး ဟိုမှာ​တွေ့လား အဲ့တဲမှာ​တော့ စပ်​ဖီ​ရော ​ခေါင်​ရည်​​ရော ရတယ်​ကွ။တို့များ​တော့ အဲ့ဒါ​တွေ မ​ရောင်းနိုင်​​တော့ပါဘူးကွာ။ သူတို့ဆီ သွားဝယ်​ပြီး ​သောက်​လို့​တော့ ရတယ်​ "

သ​ဘော​ကောင်းပြီး ​ပျော်​တတ်​ပုံရ​သော အဖိုးစကား​ကြောင့်​ ​ကောင်​​လေး​တွေ ပွဲကျသွား​လေသည်​။သူတို့ဝိုင်းထဲ အဖိုးကိုပါ ​ခေါ်လိုက်​ကြသည်​။

" လာ..အဖိုးပါ ဝင်​ထိုင်​ ကျွန်​​တော်​ အဲ့ဒီမှာ ​ခေါင်​ရည်​သွားဝယ်​လိုက်​မယ်​ ။ ကျွန်​​တော်​တို့နဲ့ အဖိုးနဲ့ စကား​ပြောကြမယ်​ "

" ​ကောင်းပါ့ကွာ "
သူပါ ဝိုင်းထဲ ဝင်​ထိုင်​ရင်း လူငယ်​​လေးများ၏ စကားကို နား​ထောင်​လိုက်​ တချို့အရာများကို သူပါ ဝင်​​ပြောလိုက်​ဖြင့်​ ​​ပြော​နေ​လေသည်​။ငါးကင်​ကို​တော့ မစား​ပေ။

" အဖွားက အဖိုးရဲ့ အမျိုးသမီး​ပေါ့ ဟုတ်​လား အဖိုး "
" ​အေး​ပေါ့ကွ "
" သာယာတယ်​ကွာ ..ဒီလို သဘာဝပတ်​ဝန်းကျင်​​ကောင်း​ကောင်း​လေးမှာ ဝါးတဲအိမ်​​လေး​ဆောက်​ပြီး ​အေး​အေးချမ်းချမ်း​လေး ​နေလို့ရတာ။အိဖြူ နင်​​ရော ငါ့ ယူပါလား ဒီလို​လေး ​လာ​နေကြမယ်​​လေ..."
" ​ကောင်​စုတ်​ .."

လွတ်​လပ်​​ပေါ့ပါး​သော ရယ်​သံ​လေးများကို နား​ထောင်​ပြီး အဖိုး မျက်​ဝန်းတွင်​ မျက်​ရည်​အချို့ ရစ်​ဝဲ​နေသည်​ကို ​သေချာကြည့်​ပါက ​တွေ့နိုင်​မည်​ ဖြစ်​​ပေသည်​။

" အ​​ဖေကြီး​ရေ ..က​လေး​တွေနဲ့ ဘာလုပ်​​နေတာတုန်း။ ဧည့်​သည်​​တွေကို အားနာစရာ ဒီကိုလာကူပါအုံး .."

အခြားဧည့်သည့်​တွေ ထပ်​​ရောက်​လာသလို​​တဲအိမ်​အတွင်းမှ ​အော်​သံကို ကြားလိုက်​​သော အခါ အဖိုးကြီးက ထရပ်​လိုက်​ပြီး

" ကဲ ..ဒီ​နေရာမှာ အဲ့ဒီလို ​အသံ​တွေက တစ်​ခါတစ်​​လေ​တော့ သီချင်းလိုပဲကွ။တစ်​ခါတစ်​​လေ​တော့ ငှက်​ဆိုးလိုပဲ ​ကောင်​​လေး​ရေ ။သာယာတာ​တော့ သာယာပါတယ်​..သွားလိုက်​အုံးမယ်​ကွာ ​ကောင်း​ကောင်းစားကြ .."

ရယ်​​မော နှုတ်​ဆက်​သွားသည့်​ အဖိုး၏ စကားသည်​ လူငယ်​တစ်​စုအတွက်​ သ​ဘောကျစရာ ဟာသတစ်​ပုဒ်​ပင်​။ကျောခိုင်းသွားသည့်​ အဖိုး​နောက်​သို့ ​ကောင်​​လေးတစ်​​ယောက်​ ​ပြေးလိုက်​သွားပြီး
" အဖိုး ဒီမှာ အဖွားမသိ​စေနဲ့​နော်​။ သားတို့မပါဘူး "
ဟုဆိုကာ ဝါးကျည်​​တောက်​တစ်​ဘူးကို လက်​ထဲထည့်​​ပေးသွား​လေသည်​။
အဖိုးက တစ်​​ယောက်​ထဲ ပြုံးလိုက်​ပြီး ထိုင်​​နေရာ ထိုင်​ခုံသို့​ရောက်​သွားပြီ ဖြစ်​သည့်​ ​ကောင်​​လေးထံသို့ ကြည့်​ကာ " ​ကျေးဇူးပါကွာ "ဟု တီးတိုးရွတ်​ဆိုလိုက်​​လေသည်​။

" ငါ ဒီ​နေ့​တော့ ​စော​စော ပြန်​လာခဲ့မယ်​​နော့။ မင်းတစ်​​ယောက်​ထဲ ရတယ်​မဟုတ်​လား "

အဖိုးကြီး၏ စိတ်​မချ​လေဟန်​​မေးခွန်းအ​ပေါ် အဖွားက မျက်​​စောင်း​ရေး​ရေး ထိုးလိုက်​​လေသည်​။

" ဒါ​တွေကို ကျွန်​မ​နေ့တိုင်း လုပ်​​နေခဲ့တာပါ။ရှင်​သာ ငါးရ​အောင်​ရှာလာခဲ့ "

အဖိုးက စစ်​တပ်​သုံး ပွိုင့်​ဖိနပ်​ကို စီးရင်း တဟားဟား ​အော်​ရယ်​လိုက်​​လေသည်​။ ပြီး​တော့ သူ၏ ဓားပလိုင်းကို လွယ်​လိုက်​​ကာ တဲတိုင်​တွင်​ချိန်​ထား​သော ခပ်​ပြန့်​ပြန့်​ ခ​မောက်​ကြီးကို ​​ဆောင်းလိုက်​​လေသည်​။ပြီး​နောက်​ တဲအပြင်​ အစွန်​နားတွင်​ ​ကြိုးဖြင့်​စည်းကာထောင်​ထား​သော ဝါးငါးမျှားတံများကို ယူလိုက်​ပြီး မ​နေ့ကတည်းက ကျန်​​နေ​သေး​သော တီ​ကောင်​နှင့်​ ​မြေကြီး ​ရောထည့်​ထားသည်​ ဝါးဆစ်​ဘူးကို ဓားပုလိုင်းထဲ ထည့်​လွယ်​ကာ ကုန်း​ပေါ်တွင်​ ငုတ်​စိုက်​ကာ ကြိုးဖြင့်​တွဲချည်​ထား​သော​ကြောင့်​ ​ရေလှိုင်း​ဖြင့်​ လှုပ်​ခတ်​​နေ​သော မလိခမြစ်​ကမ်းမှ သူ၏ ဝါး​ဖောင်​​လေး​ပေါ်သို့ တက်​လိုက်​​လေသည်​။ရိုးရာသီချင်းတစ်​ပုဒ်​ကို တိုးတိုး​လေး ညည်းကာ ​ထိုးဝါးကို အသုံးပြုပြီး မြစ်​အထက်​သို့ ဆန်​တက်​လိုက်​​လေသည်​။

သူ၏ ပလိုင်းထဲမှ တီထည့်​ထား​သော ဝါးဆစ်​ဘူးကို ယူကာ ​ဖောင်​​ပေါ်ချလိုက်​​သည်​။ပြီး​နောက်​ ပလိုင်းထဲတွင်​ ​နောက်​ထပ်​ကျန်​​နေ​သေးသည့်​ ​ဧည့်သည်​​ကောင်​​လေး​ပေးလိုက်​​​သော ​ခေါင်​ရည်​ပါ​သော ဝါးကျည်​​တောက်​​လေး​ကြောင့်​ ​ကျေနပ်​သွားသည်​။

ဒီ​နေ့​တော့ မလိခမြစ်​ကို ဆန်​တက်​ပြီး ​မေခမြစ်နှင့်​ မလိခမြစ်​တို့ မဆုံခင်​ တြိဂံပုံစံကုန်း​လေးကို ဖြစ်​​ပေါ်​စေ​အောင်​ မြစ်​နှစ်​စင်း ဟိုဖက်​ဒီဖက်​ဖြတ်​စီး​နေ​သည့်​ ​ရေစီး​ကြောင်း​နေရာတွင်​ သွားမျှားရမည်​။

မနက်​ဖြန်​အတွက်​ လုံ​လောက်​စွာ ရလျှင်​ ​စော​စောပြန်​မည်​။
စိတ်​ကူးတို့သည်​ တည်​ငြိမ်​စွာ၊ရေစီးတို့သည်​ ကြည်​လင်​စွာ၊​​တော​တောင်​တို့သည်​ စိမ်းစိုစွာ၊ သဘာဝတရားသည်​ သာယာစွာဖြင့်​....


" ဝိုး ဒါဆို အဖွားတို့က ကိုယ့်​ဘာသာပဲ ရှာတာ​ပေါ့ "
အဖွားက စားပြီးသား ငါးကင်​​တွေကို သိမ်းလိုက်​ပြီး
" နင့်​အဖိုးက ငါးရှာ​တော်​တယ်​​လေ။ငါးဘယ်​လိုရှာရမယ်​ဆိုတာ သူ​ကောင်း​ကောင်းသိတာပဲ။အဲ့ဒီလို ရှာလိုက်​​တော့ ငါး​တွေကို မဝယ်​ရ​တော့ဘူး​လေ "
" ဝါး ဒါ​ကြောင့်​ အဖွားတို့ ငါးကင်​က လတ်​ဆတ်​​ပေမယ့်​ ​ဈေးနည်းပြီး စား​ကောင်း​နေတာကိုး ။ "

" ​ဟေး လာကြ​တော့ဟ ..ည​နေ တအား ​စောင်းသွားမယ်​ "

တစ်​​နေကုန်​ ​ရေ​ဆော့လိုက်​ ဓာတ်​ပုံ​တွေရိုက်​လိုက်​ ငါးကင်​စားလိုက်​ စကား​ပြောလိုက်​ဖြင့်​ အချိန်​ကုန်​ခဲ့ကြ​သော ​ကလေး​တွေ ပြန်​ကြ​တော့မည်​ ဖြစ်​သည်​။

"​နောက်​လည်း လာစားအုံးမယ်​ အဖွား​ရေ "

" အဖွား​ရေ အဖိုးကို နှုတ်​ဆက်​သွားတယ်​လို့ ​ပြော​ပေးအုံး​နော်​ ​နောက်​မှ ထပ်​လာ​တော့မယ်​.."

" ​အေးပါ..​ကောင်း​ကောင်းပြန်​ကြ​နော့ "

စားပြီးသား​တွေကို ရှင်းလင်းရင်းမှ ရပ်​တန့်​ကာ တ​ရွေ့​ရွေ့ထွက်​ခွာသွား​သော ​ကောင်​​လေး​တွေ၏ ကား​လေးကို ​ငေးကြည့်​ရင်း အဖွား သက်​ပြင်း ချလိုက်​မိ​လေသည်​။ ပြီး​နောက်​လုပ်​လက်​စကို ဆက်​သိမ်းကာ တဲအိမ်​​လေးသို့ ထွက်​လာခဲ့စဉ်​ ဟိုဖက်​ဆိုင်​က ​ကောင်​​လေးက သူမရှိရာသို့ သုတ်​သုတ်​​လျှောက်​လာ​နေရင်း

" ကြီးကြီး​ရေ ဂျာမိုင်​ စာ​ပါးလိုက်​တယ်​ ။ကျွန်​​တော်​ မြစ်​ကြီးနားကို ​ဈေးဝယ်​သွားတာ။တက္ကသိုလ်​ဖက်​ ဝင်​ခဲ့​တော့ ဂျာမိုင်​နဲ့ ​တွေ့ပြီး ​ပါးခဲ့တာ ကြီးကြီး​ရေ "

" ​အေး ​အေး ဟုတ်​ပြီ..မင့်​ ဘကြီးပြန်​လာမှ ဖတ်​ခိုင်းမယ်​ "

ဖုန်းလိုင်းမ​ကောင်းသလို ဖုန်းမ​ပြောတတ်​ကြ​သော သူတို့လင်​မယားအတွက်​ ဖုန်းမဝယ်​နိုင်​တာ​ကြောင့်​လည်း ပါသည်​ဆိုလျှင်​ ပိုမှန်​ပါလိမ့်​မည်​။
ဗမာစာကို သူမ လုံးဝမဖတ်​တတ်​​ပေမယ့်​ အဖိုးကြီးက​တော့ ဖတ်​တတ်​​သေးသည်​။
ဒီ​နေ့အတွက်​ တစ်​​နေ့တာလုပ်​ကိုင်​ထားသမျှ​တွေကို ရှင်းလင်းပြီး အဖိုးကြီးကို ​​စောင့်​ရမည်​။သူက ဒီ​နေ့​စော​စော ပြန်​လာမယ်​ဟု မှာထားခဲ့တယ်​​လေ..။


" ဂျာမိုင်​ စာ​ပေးလိုက်​တယ်​။ ဟိုဖက်​ဆိုင်​က ​ကောင်​​လေးနဲ့ ပါးလာတယ်​။ ​ဒီမှာ ...."

ည​နေစာ ထမင်းစားပြီးချိန်​ တဲအိမ်​​လေးအတွင်း ဖ​ယောင်းတိုင်​မီး မှိန်​ပြပြ​လေးက ​လေညှင်းတို့၏ ကျီစယ်​မှုနှင့်​အတူ ယိမ်းထိုး ကခုန်​​နေ​လေသည်​။
အဖိုးက စာကို ယူလိုက်​ပြီး ဖ​ယောင်းတိုင်​မီးနားကပ်​ကာ တစ်​လုံးချင်း ဖတ်​လိုက်​​သည်​။

"( အဝှါနဲ့ အနူး​ရေ..
အ​ဆောင်​​ကြေး​တွေသွင်းဖို့ ​ငွေလို​နေပြီ ။ မနက်​ဖြန်​ ​​ဇော်​​ဘောက်​ ပြန်​လာမယ်​တဲ့။ငွေတစ်​သိန်း​လောက်​ သူနဲ့ ထည့်​​ပေးခဲ့လိုက်​ပါအုံး​နော့

                                            သမီး
                                           ဂျာမိုင်​     ) တဲ့ "

ဖ​ယောင်းတိုင်​မီး​လေး၏ အလင်းအားကိုးဖြင့်​ တဲအိမ်​​လေးအတွင်းတွင်​ လူနှစ်​​ယောက်​ သက်​ပြင်း ကိုယ်​စီချလိုက်​မိကြသည်​။

တော​တောင်​ထဲမှ ​တစ်​ခါတရံ ​တော​ကောင်​တို့ ​အော်​မြည်​သံနှင့်​ ဉာဉ့်​သတ္တဝါတို့၏ ​အော်​မြည်​​နေသံ​တို့သည်​ ည၏ ​ခြောက်​ခြားဖွယ်​ တိတ်​ဆိတ်​သံတို့ကို ဖြိုခွဲလျက်​ ထွက်​​ပေါ်​နေကြ၏။
တဲအိမ်ေ​လးအတွင်းမှာလည်း ဖ​ယောင်းတိုင်​မီး​ရောင်​​လေးကို အားပြုလျက်​ မျက်​နှာချင်းဆိုင်​ကာ တိတ်​ဆိတ်​​နေကြ​သော လူသားနှစ်​ဦးသည်​ ​ကျောက်​ရုပ်​သဖွယ်​ ငြိမ်​သက်​​နေကြသည်​။

စတင်​လှုပ်​ရှားလာသူက အဖွား ဖြစ်​ပြီး ဖ​ယောင်းတိုင်​မီးထွန်းထားသည်​ ​ကျောက်​တုံး​လေးကို အနည်းငယ်​မြင့်​သည့်​ ခုံ​ပေါ်တွင်​ တင်​လိုက်​ကာ မနက်​က သိမ်းလိပ်​ထား​သော အိပ်​ယာ​တွေကို ခင်းကျင်​ပြင်​ဆင်​​လေသည်​။
အဖိုးသည်​ ​နေရာမှ ​လေးကန်​စွာ ထရပ်​လိုက်​ပြီး အိမ်​အတွင်းဖက်​သို့ ဝင်​သွားပြီး​နောက်​ ဝါးဆစ်​ဘူးတစ်​ခုကို ဆွဲထုတ်​လာကာ​ ဝါးဆစ်​ဘူး၏ တစ်​ဖက်​ အဆစ်​​နေရာကို ဆွဲဖွင့်​၍ အဖွားခင်းထား​သော အိပ်​ယာခင်း​ပေါ်တွင် သွန်​ချလိုက်​​လေသည်​။
ငွေစက္ကူအချို့ ပြန့်​ကျဲသွားပြီး အဖိုးက မီးထွန်းကို ယူချလိုက်​ပြီး အိပ်​ယာခင်း​ပေါ်တွင်​ ထိုင်​ချလိုက်​သည်​။အဖွားက သူလုပ်​ကိုင်​သမျှကို တိတ်​ဆိတ်​စွာ ​ငေးကြည်​​နေ​လေ၏။

သူ မီးထွန်း​ကျောက်​တုံး​လေးကို အိပ်​ယာခင်​​ပေါ်တွင်​ တည်​ငြိမ်​​အောင်​ ချလိုက်​ပြီး
ပိုက်​ဆံများကို စတင်​ ​ရေတွက်​လိုက်​သည်​..
" တစ်​​သောင်း...
ငါး​ထောင်​....နှစ်​​သောင်း......
တစ်​​ထောင်​....
နှစ်​​ထောင်​.....
သုံး​ထောင်​...."

( ပြီး )
I'm ATM
MSU 021.
image

Sort:  

nice story

Thanks အက်​ဒ်​မင်

ကျေးဇူး

သင့်​ခ်

ကျေးဇူးပါ

အရမ်းကောင်းတယ် sis. ငါးမျှားတဲ့ အ​ကြောင်းလဲ ရေးဉီးနော်

အဟီး ကြိုးစားကြည့်​ပါ့မယ်

အားပါး မခံစားနိုင်ဘူးဗျာ နောက်တစ်ပိုဒ်လောက်ထပ်ဖတ် လိုက်ရရင် ငိုမိတော့မယ် ဒီတစ်ခါတော့ ဒီလောက်နဲ့တင် တော်သင့်သွားပီ 😢
နဲနဲတော့ ပြောမယ်ဗျာ " စီရစီ " မဟုတ်လောက်ဘူးထင်တယ်နော်
" စီရရီ "လို့ ထင်နေလို့

ဟုတ်​..​ကျေးဇူး သတိထားပါ့မယ်​..ဖုန်းနဲ့ပဲ​ရေးတာမို့ ကီးဘုတ်​အ​ခြေအ​နေ​ကြောင့်​ပါ..သည်းခံ​ပေးပါ​နော်

ရပါတယ် ခင်ဗျာ ကျနော်က မသိဘဲ ရေးမိတယ် ထင်လို့ ပြောပြတာပါ 👍

ကျေးဇူးပါ ဂရုတစိုက်​ဖတ်​​ပေးတဲ့အတွက်

ဟုတ် ဂရု တစိုက်ဖတ်တာ မဟုတ်ပါဘူး ဖတ်လို့ကောင်းလို့ပါ 😊 👍

ကျေးဇူး ဖတ်​​ကောင်းတယ်​ဆိုလို့

nice nice nice...

Thanks.Thanks.Thanks.😁😁

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70