ချစ်စရာ့ ဆောင်း
တောအစဉ် တောင်အထပ်တွေ စိမ်းစိမ်း ညှို့ညှို့နဲ့ ပိုပြီး လတ်ဆတ်နေကြပြီ...ဖြူလွှလွှ နှင်းပွင့်လေးတွေ သိပ်သိပ်သည်းသည်း ကြွေကျကြတဲ့ မနက်ခင်းတွေမှာ နှုတ်ဖျားထက်မှာ အငွေ့တထောင်းထောင်းနဲ့ စကားပြောလို့ ကောင်းတဲ့ရာသီ ဖြစ်တယ်။အရိုးခိုက်အောင်အေးလွန်းတဲ့အခါ သီးသန့်ဆောက်လုပ်ထားကြတဲ့ မီးလင်းဖိုလေးဟာ လူစုံတက်စုံနဲ့ စကားဖုံဖုံကို ပြည့်ပြည့်စုံစုံ ကြားရပါလိမ့်မယ်။
တဝဲဝဲ တဖွဖွ လွှင့်ကျနေတဲ့ နှင်းစက်မှုန်လေးတွေရဲ့ ထုတည်အောက်မှာ လမ်းမကြီးတွေပါ ငုတ်လျှိုးနေကြတဲ့အခါ ဆောင်းရဲ့ အငွေ့အသက်ဟာ ပိုပြီး ပြည့်စုံလာတယ် ထင်ရဲ့..။
အေးစက်တောင့်တင်းလို့ ငိုက်မြည်းနေကြတဲ့ စပါးနှံလေးတွေကြားမှာ နှင်းရည်စက်လေးတွေ ခိုစီးနေကြတာကို ချောင်းကြည့်ဖို့ နေရောင်ခြည်က ဖြည်းဖြည်းလေ ဆင်းသက်လာတယ်။
နှင်းပွင့်လေးတွေ သိပ်အရှက်ကြီးတာပဲ။ ဘယ်ဆီ ပြေးဝင်ပုန်းခိုသွားကြမှန်းမသိလိုက်ဘူး..။ညနေခင်း နေမင်းကြီးရဲ့ နှုတ်ဆက်ခရီးမှာ တိတ်တဆိတ်ခုန်ဆင်းရင်း နှင်းစက်လေးတွေကို သီနေကြပြန်လေရဲ့...။
ညတွေကို အချိန်အကြာကြီး ပိုင်စိုးထားပြီး မနက်ခင်းတွေကို ကျီစယ်တတ်တဲ့ ဆောင်း....
မီးဖိုနဘေးမှာ ခပ်ကွေးကွေး ထိုင်ကြရင်း ဒေသစာခေါပုတ်ကိုကင်စားရတဲ့ အရသာက ရပ်ဝေးရောက်သူတို့အတွက် လွမ်းဆွတ်ဖွယ်ရသ တစ်ပုဒ်ပါပဲ....
ဒါမှ မဟုတ် ပေါင်းတင်းကို မီးဖုတ်ပြီး ဝါးနံ့သင်းသင်းမှာ ခိုစီးနေမိတဲ့ စိတ်အာရုံတွေဟာ သူမရှိတော့ချိန်အထိပါ လွမ်းဆွတ်လို့...
လက်ဖျားခြေဖျားတွေ ကျင်ခဲလာတဲ့အထိ အေးလွန်းတတ်ပေမယ့် ဘယ်တော့မှ အပြစ်မမြင်သလို အပြစ်မတင်မိတဲ့ဆောင်း...
နေခြည်ရဲ့အလင်းဝမှာ နှင်းပွင့်တွေနဲ့ ကခုန်ရင်း လတ်ဆတ်နေတတ်တဲ့ ဆောင်းရာသီကို ချစ်တယ်......ကွယ်.....။

ဆောင်းတွင်းတောင်ရောက်သွားချင်မိတယ်:-)
အေးဆို ဆောင်းကိုလွမ်းလို့ရေးတဲ့စာ လေ
ဖတ်မရဘူး
ဟေ
မိုးတွင်းကြီးရှိသေး
ဆောင်းကိုလွမ်းလို့ရေးတဲ့စာ
ဆောင်းတွင်းကိုကြိုက်တယ်ဒါပေမဲ့အရမ်းချမ်းလာရင်တော့ကြိုက်ဘူး
ကောင်းပါတယ်ဟ အိပ်လို့😁
တူတူပဲ
😃😃
romantic!!!
တကယ်ပါ..
တကယ်ပါ ဆိုတာက တကယ် ဖြစ်ခဲ့တာလို့ ဆိုလိုတာလားဗျို့ ဒါဆို ပို Ro တယ်ဗျ သိလား 😜
တွိန်ပြီလေ😖
မကြာမှီလာမည်..ဆောင်းရာသီ🎅🎄🎄🎅
ဟုပ ဟုပ သုံးခါ ဟုပ...😛😛
နှင်းကျနေတဲ့ပုံလေးဆို ပိုကောင်းမယ်။ ကိုယ့်ဘာသာကို ရိုက်ထားတာလား။
ဟုတ်...ကိုယ့်ဘာသာ ရိုက်ထားတာပါ..ရွာမှာ နှင်းကျနေချိန်လေ
nice post
သင့်ခ်