သူရူး

in #esteem8 years ago

*** သူရူး ***

လဝန်းရဲ့ တစ်​ချက်​ တစ်​ချက်​ ကဆုန်​ပြင်းတတ်​တဲ့ အလင်းတံခါးနားမှာ တိမ်​ပြင်းခရီးကြမ်းရဲ့ ခွာချင်းရိုက်​သံ​နောက်​ပါး ကြမ္မာကြမ်းတို့ပါ ကဆုန်​ပြင်း​ကြ​လေရဲ့...
လောကဓံပွက်​ပွက်​ဆူ​သံကြားထဲက ​ကျောရိုးမဲ့​ဝေဒနာရဲ့ နာကျင်​ရခြင်း​တွေကို ဆွတ်​ယူ ​ခြွေချဖို့ နှလုံး​သွေးတစ်​ခင်းနဲ့ ရက်​စက်​ခြင်း​ပုံပြင်​​တွေကို နားစိုက်​​နေဖြစ်​တယ်​.....
တေ​လေဝပ်​ကျင်းက​နေ ထပျံသွားတဲ့ ​လေညှင်း​တွေက အရာအားလုံးကို ဆွတ်​ယူစားသုံးသွားတဲ့အခါ ​မာယာဝပ်​ကျင်း​တွေ ဟင်းလင်းသင့်​တဲ့ အ​မှောင်​ယံ​တွေကိုသာ ရဲရဲဝံ့ဝံ့ ဆွတ်​ယူပါ​လေ....
မွှတ်​​နေ​အောင်​ လည်​​နေတဲ့ သီအိုရီဖမ်းရတဲ့ ​ဗိုင်းရပ်​စ်​အမှုန်​အမွှား​တွေရဲ့ အားကို ပျက်​ရယ်​ပြုရင်း ​ငွေ့ရည်​ဖွဲ့ ဝတ်​လွှာရုံ​တွေထက်​မှာ ရယ်​မြူးကခုန်​​နေကြရတဲ့ ပန်းရနံ့​တို့ကိုယ်​စား ဆူးတပ်​သား​တွေကို ဦးညွှတ်​ရဲပါ​စေ....
ရယ်​သံ ဝှက်​တမ်း ကစားကြရတဲ့ လက်​ညှိုး​တွေရဲ့ အ​သောမသတ်​တဲ့ ပုံပြင်​​တွေကို နားစိုက်​ရင်း ငါ့ရင်​တွင်း​တွေလည်း ​ဗိုင်းရပ်​စ်​ကိုက်​​နေကြပြီ....
ညဉ့်​ဦးယံထဲက သဲ့ယူတတ်​တဲ့ ကဆုန်​ပြင်း​လေညှင်း​တွေနဲ့ လျှပ်​ပန်း​တွေရဲ့ ခက်​ဖြာချက်​​တွေကို နံရံအက်​အက်​​တွေထဲ ထည့်​မြှုပ်​ရင်း ရင်​ဘတ်​ထဲက ​ဝေဒနာစစ်​​စစ်​​တွေကို ဖုတ်​ကျီးသဂြိုဟ်​လိုက်​ရင်း ဟစ်​​ကြွေး ကခုန်​လိုက်​တဲ့ ပုံပျက်​သ​င်္ကေတ​တွေအလယ်​မှာ....
အ​ဖြေရှာ​နေသူတစ်​​ယောက်​အတွက်​ ​နောက်​ဆုံး ​မျှော်​လင့်​ချက်​​တွေဟာ သူ့ဘာသာပဲ လက်​ဖြာ​စေကြပါ​စေ......

I'm ATM.
MSU 021
Photo crd.
image

Sort:  

တကယ်တော့ စာပေသမားဆိုတာ စာပေသမားပါပဲဗျာ 👍
@aggamun

ဂွတ်​တယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.100
BTC 64759.21
ETH 1919.99
USDT 1.00
SBD 0.39