သစ်​ခက်​ ဝင်​ရိုး

in #esteem6 years ago

*** သစ်​ခက်​ဝင်​ရိုး ***

စင်္ကြာဝဠာ အလယ်​တည့်​တည့်​မှာ
မောပန်းတကြီး ကူးခတ်​​နေရင်းနဲ့ပဲ
အလယ်​တည့်​တည့်​မှာချည်းပဲ ဖြစ်​​နေရတဲ့
ဝင်​ရိုးစွန်း ပုံပြင်​ကို ကျွန်​မ ပိုင်​ဆိုင်​ခွင့်​ရတယ်​...

မှော်​ဝင်​​နေတဲ့ နှင်​တံ​လေး​တွေကို ​ငေးရီ​နေရင်း
တရှပ်​ရှပ်​ ပါးလွှာလာတဲ့
ဖိနပ်​မြီးတို​လေးရဲ့ ညည်းတွားသံ​တွေကို
မကြားမိခဲ့ဘူး..

ခါးပြတ်​​နေတဲ့ မိုးကုတ်​စက်​ဝိုင်းထဲ ​ယောင်​လည်​​လည်​ ဝင်​ရပ်​ရင်း အ​ဆောင်းမပါတဲ့ ​ခေါင်းတစ်​လုံးဟာ
နေဒဏ်​ ​လေဒဏ်​ မိုးဒဏ်​​တွေအတွက်
ပွဲလယ်​တင့်​တဲ့ ဝတ်​ရုံနဲ့ ပြည့်​ပြည့်​စုံစုံ​လေးပါပဲ...

ပန်းပွင့်​​တွေက ဝတ္တရား​ကျေတာထက်​ ပို​ကျေညက်​​နေခဲ့ပြန်​တယ်​...
ဝတ်​ဆံ​တွေ ဖြန့်​ကျဲလို့ ​လေပြင်းအ​သော့နဲ့ သူ​ပြေး​ဆော့ဖို့ အားယူ​နေခဲ့ပုံပါပဲ..
လေညှင်းက တာဝန်​​ကျေတယ်
ကျွန်​မက တာဝန်​မ​ကျေဘူး
ပန်း​တွေကို ကျိန်​ဆဲလိုက်​မိတယ်
" ပန်းဖြစ်​ဖို့ မထိုက်​တန်​တဲ့ ပန်း "လို့....
ပန်းတစ်​ပွင့်​ရဲ့ ပန်းပွင့်​ဆန်​မှုနဲ့
ဂန္ဓာရုံ​တွေကို ရိုက်​ခွင်းပစ်​တဲ့
Corpse flower....
ကျွန်​မ အပါးမှာ
လူးလွန့်​လိုက်​ပါ​နေတဲ့ တိတ်​တဆိတ်​ မုန်​တိုင်းများ...

စင်္ကြဝဠာရဲ့ အီ​ကွေတာမှာ
တုန်​ခိုက်​လှည့်​ပတ်​ရင်းက​နေ
ကျွန်​မ ကူးခတ်​တတ်​ချင်​တယ်​...
ဘယ်​​နေရာမှာ ဝင်​ရိုးစွန်းရှိသလဲဟင်
ကျေးဇူးပြု၍ လမ်းညွှန်​ပါ...

I'm ATM.
Msu.021
Photo crd image

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63618.84
ETH 2623.39
USDT 1.00
SBD 2.78