စိုက်​ပျိုး​ရေးသမား​...

in #esteem6 years ago

ကျွန်​မတို့နိုင်​ငံမှာ စိုက်​ပျိုး​ရေး​တောင်​သူ​တွေက နိုင်​ငံ လူဦး​ရေရဲ့ 70 %အထိ ရှိတယ်​။ အဲ့ဒီ​တောင်​သူ​တွေတိုင်းက​တော့ေ​ခတ်​ပေါ်စိုက်​ပျိုး​ရေးနည်းပညာ​တွေကို ကျင့်​သုံးနိုင်​သူ​တွေ​တော့ မဟုတ်​ကြပါဘူး..

လေ့လာကြည့်​မိသ​လောက်​​တော့ အ​ရှေ့တိုင်းက မိဘ​တွေ အ​တော်​များများရဲ့ က​လေးကို ထိန်း​ကျောင်းတဲ့ပုံစံ​တွေဟာ ဒီနိုင်​ငံက စိုက်​ပျိုး​ရေးသမား​တွေနဲ့ သိပ်​တူပါတယ်​။
ကိုယ့်​မှာ စိုက်​ပျိုး​မြေ​ကောင်း​ကောင်းရှိ​ပေမယ့်​ စိုက်​ပျိုးတဲ့မျိုး​စေ့​တွေ​ကြောင့်​ အထွက်​မ​ကောင်းသလိုမျိုး။
ကိုယ့်ရဲ့ ပြုစုမှု​ကြောင့်​ နည်းပညာအားနည်းမှု​ကြောင့်​ အထွက်​နှုန်း​တွေမရသလိုမျိုး​တွေ ဖြစ်​​နေကြပါတယ်​။
ကိုယ့်​က​လေး​တွေကို ဘယ်​လိုအ​ခြေအ​နေမျိုးကို ​ရောက်​​အောင်​ ပြုစုပျိုး​ထောင်​ကြမလဲဆိုတဲ့အ​တွေးထက်​ ငါလုပ်​သလို ဖြစ်​ရမယ်​ဆိုတဲ့ ငါပုံသွင်းသလို ပုံ​ပေါ်လာရမယ်​ဆိုတဲ့ အ​တွေးမျိုးကို ပို​တွေးကြတာများပါတယ်​။
image
စပါးကို ကိုယ်​စားဖို့စိုက်​မလား..​ရောင်းဖို့ စိုက်​မလား ​နောက်​ထပ်​ မျိုးအဖြစ်​ပြန်​အသုံးချဖို့ စိုက်​မလား ဆိုရင်​ အ​ရှေ့ကနှစ်​ခုအတွက်​ပဲ စိတ်​ဝင်​စား​နေကြသလိုပဲ ကိုယ့်​သားသမီးရဲ့ ဘဝမြင့်​တင်​​ရေး ​နောက်​ထပ်​ generation ​တွေ ဆင့်​ပွားတိုးတက်​လာမဲ့ မျိုးဆက်​​တွေအတွက်​စဉ်းစားတာထက်​ မင်းတို့ဘဝက ​ကောင်းစားရမယ်​..ဝင်​​ငွေများရမယ်​ဆိုတဲ့ အ​တွေးမျိုးနဲ့ ပိုပြီး ပြုစုပျိုး​နေတတ်​ကြပါတယ်​။
ကိုယ့်​သားသမီး​တွေကို မျိုး​ကောင်းမျိုးသန့်​အဖြစ်​မျိုးထက်​ ​ဈေး​ကောင်းရဖို့အတွက်​ပဲ စိုက်​ပျိုးတဲ့စိုက်​ပျိုး​ရေးသမား​တွေနဲ့ ပိုပြီး တူ​နေကြတယ်​။

တစ်​ခါတ​လေမှာ ကိုယ့်​က​လေးရဲ့ ပင်​ကိုယ်​ဉာဏ်​လည်း ​ကောင်းတယ်​ ​နောက်​က​နေလည်း မိဘ​တွေက ​ထောက်​ပံ့နိုင်​တယ်​။ အဲ့ဒီအဖြစ်​က လယ်​​မြေ​ကောင်းမှာ မျိုး​စေ့​ကောင်းကို စိုက်​ပျိုးနိုင်​တာနဲ့ တူပါတယ်​။ ဒါ​ပေမဲ့ ဘာ​ကြောင့်​ အထွက်​မတိုးသလဲ ​နောက်​ထပ်​ စိုက်​ပျိုးလို့ ဘာ​ကြောင့်​မရ​တော့သလဲဆို​ရင်​​တော့ ပြုစုပျိုး​ထောင်​မှု နည်းလမ်းမကျလို့ ထွက်​သင့်​သ​လောက်​မထွက်​​တော့တဲ့ သီးနှံတစ်​ခုလို မင်းဘာဖြစ်​ရမယ်​ ဆရာဝန်​ဖြစ်​ရမယ်​ အင်​ဂျင်​နီယာဖြစ်​ရမယ်​ဆိုတဲ့ ဖိအား​တွေ​ကြောင့်​ ထွက်​သင့်​သ​လောက်​ မထွက်​​တော့တဲ့ သီးနှံလို ဖြစ်​သွားရခြင်းပါ..။

အ​နောက်​နိုင်​ငံမိဘ​တွေက ကိုယ့်​လယ်​ယာ​မြေနဲ့ ကိုယ်​စိုက်​ပျိုးရမဲ့ မျိုး​စေ့​တွေ ကိုယ့်​လယ်​ယာ​မြေက ထွက်​ရှိမဲ့ သီးနှံအ​ပေါ်ထားတဲ့ ရည်​ရွယ်​ချက်​​တွေကို ​ကောင်း​ကောင်းသိနိုင်​ကြတာမို့ စိုက်​ပျိုး​ရေးပညာ ကျွမ်းကျင်​တဲ့ စိုက်​ပျိုး​ရေးသမား​တွေနဲ့ တူတယ်​လို့ ​ပြောချင်​ပါတယ်​။

ဒါ​ကြောင့်​လည်း သူတို့ generation ​တွေရဲ့ မြှင့်​တက်​မှုက အထွက်​​ကောင်းတဲ့ မျိုး​ကောင်းမျိုးသန့်​​တွေကို ​ထုတ်​လုပ်​​ရောင်းချနိုင်​တဲ့ ​စိုက်​ပျိုး​ရေးသမားတစ်​​ယောက်​က စီးပွား​ရေး မြင့်​တတ်​လာသလို generation ​တွေမြင့်​တက်​လာမှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်​မှု​တွေပါ မြင့်​တက်​လာခြင်းဖြစ်​ပါတယ်​။
image
ဒါ​တွေဟာ အ​ရှေ့တိုင်းနဲ့အ​နောက်​တိုင်း​တွေရဲ့ မတူညီတဲ့ အချက်​​တွေထဲက တစ်​ခု ဖြစ်​မယ်​လို့ ထင်​မြင်​ယူဆမိပါတယ်​..

အ​ရှေ့နိုင်​ငံ​တွေမှာ က​လေးအ​တော်​များများက မိဘ​တွေရဲ့ ​ရွေးချယ်​မှုနဲ့ ဘဝလမ်းကို ​လျှောက်​ကြရတယ်​။ အ​နောက်​နိုင်​ငံ​တွေမှာ​တော့ ကိုယ့်​​ရွေးချယ်​မှုနဲ့ကိုယ်​ ဘဝလမ်းကို ​လျှောက်​ကြတယ်​..
အကျိုးဆက်​က​တော့ သူတို့ဆီက​တွေက ကိုယ့်​လမ်းကိုယ်​​ဖောက်​ပြီး နယ်​ပယ်​ကျယ်​ကြီး​တွေကို ရှာ​ဖွေ​တွေ့ရှိခဲ့ကြတယ်​။ ကိုယ်​တို့ဆီမှာ​တွေ​တော့ ဒီလမ်းမှာ ဒီပုံစံနဲ့ ဒီအတိုင်းပဲ သွား​နေလိုက်​​တော့တယ်​။အဲ့ဒီ​တော့လည်း ဒီအတိုင်း ဆက်​ဖြစ်​​နေ​တော့တာပါပဲ..

ကိုယ်​ပိုင်​​ရွေးချယ်​မှုကို လုပ်​လိုတဲ့ လူငယ်​တစ်​​ယောက်​အ​နေနဲ့လည်း သူ့နယ်​ပယ်​ဟာ အ​နောက်​နိုင်​ငံမှာ​တွေ​လောက်​ ​ရွေးချယ်​စရာ မများဘူး​လေ..။ဥပမာ ​တောတွင်းတိရစ္ဆာန်​သု​တေသနသမားတစ်​ဦး လုပ်​မယ်​ဆိုရင်း ​လေ့လာစရာ​တွေများ​ပေမဲ့ သူ့ကို ဘယ်​သူက ​ထောက်​ပံ့​ပေးနိုင်​မလဲ...သူ့ရှာ​ဖွေ​တွေ့ရှိမှုကို ဘယ်​သူက အကျိုးအမြတ်​​ပေးမလဲ...

အ​နောက်​နိုင်​ငံ​တွေမှာက​တော့ အဲ့ဒီကိစ္စ​တွေအတွက်​ အကုန်​အကျအတွ​က်​​ရော အကျိုးအမြတ်​အတွက်​ပါ ​အာမခံတဲ့​နေရာ​တွေက ရှိပြီးသား​လေ..ဒါ​ကြောင့်​လည်း ဒီအရှေ့တိုင်းက လူ​တော်​​တွေဟာ အဲ့ဒီလို နိုင်​ငံ​တွေမှာ သွား​ရောက်​ ခိုလှုံ​နေကြတဲ့အခါ အဲ့ဒီနိုင်​ငံ​တွေကပဲ လူတစ်​​ယောက်​ရဲ့ ကြီးမားတဲ့ တန်​ဖိုး​တွေကို ခံစားသွားကြရတာ ဖြစ်​ပါလိမ့်​မယ်​...
image
ဒါ​တွေဟာ ကျွန်​မရဲ့ ထင်​မြင်​ယူဆချက်​​တွေပါ..
ကွာခြားမှုကြီးမားခြင်း​တွေဟာ အ​သေးအမွှား​သော ကွဲပြားခြင်း​တွေ​ကြောင့်​ ဖြစ်​လာတယ်​ဆိုတာ ကျွန်​မတို့ လက်​ခံကြရပါလိမ့်​မယ်​....
ကိုယ်​တိုင်​ ကိုယ့်​ generation ​တွေရဲ့အ​ထက်​မှာ​နေပြီး လမ်းညွှန်​ကြမလား...
ကိုယ့်​ generation ​တွေရဲ့ မြှင့်​တက်​မှုအတွက်​ ​အောက်​​ခြေက​နေ ခုံခု​ပေးမလား ကိုယ်​တိုင်​ရဲ့​ရွေးချယ်​မှုအတိုင်းပါပဲ။

စိုက်​ပျိုး​ရေးသမား​ကောင်း​တွေက​တော့ သူတို့ရဲ့ လယ်​ယာ​မြေက​နေ ထွက်​ရှိလာမယ့်​ သီးနှံ​တွေကို ဘယ်​လို အသုံးချရမယ်​ဆိုတဲ့ ရည်​မှန်းချက်​​တွေကို ​ကောင်း​ကောင်း သိကြ​လေ့ရှိပါတယ်​။

I'm ATM.
@ayethatmon
MSU 021.
Photo credit by google.

Sort:  

သမီးရဲ့ယူဆချက်တွေကို..ထောက်ခံတယ်။အန်တီတို့နိုင်ငံကမိဘတွေ..တော်တော်များများဟာ..သားသမီးကို၊ကိုယ်လိုခြင်တဲ့ပုံစံခွက်ထဲမှာ..ဇွတ်ထည့်သွင်းတဲ့အကျင့်။ဒါကိုမိဘရဲ့စေတနာနဲ့မေတ္တာလို့သတ်မှတ်ခြင်ကြတာလေ။မှန်သလောက်မှန်ပေမဲ့..နည်းလမ်းကျတဲ့မှန်ကန်ခြင်းလို့..အန်တီက..မသတ်မှတ်ခြင်ဘူး။

ဟုတ်​...အန်​တီ...။ဝါသနာပါတဲ့ လမ်​​ကြောင်းကို ​လျှောက်​ခွင့်​မရတာက ဆိုးတာတစ်​ခုပဲလို့ မြင်​မိပါတယ်

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu
🇲🇲🇲🇲

ကျေးဇူးပါ

ပက်ပက်စက်စက် ထောက်ခံပါတယ်ဗျာ
mindset တွေ မပြောင်းနိုင်သေးဘူး
ဘောင်ထဲမှာ တဝဲလည်လည် မိရိုးဖလာ အစွဲအလမ်း
ကြီးလွန်းတဲ့ ကျွန်တော်တို့ နိုင်ငံ အနေနဲ့
change မလုပ်နိုင်တောင် update
လုပ်သင့်နေတဲ့ နယ်ပယ်တွေ အများကြီးရှိနေပါတယ်
ကျွန်တော်တို့ လူကြီး တွေ လုပ်တာမလုပ်တာ ကျွန်တော်တို့
မှာ တာဝန်မရှိ next generation ကို မပြောင်းနိုင်ရင်
ကျွန်တော်တို့ တာဝန် မကျေရာ ကျတယ်လို့ ခံယူထားပါတယ်

ကျေးဇူးပါ..
ရှေးထုံး​တွေကို ပယ်​လိုတာ မဟုတ်​​ပေမယ့်​ ကျွန်​မတို့နိုင်​ငံ​တွေက မိဘ​တွေအ​နေနဲ့ သတိပြုဆင်​ခြင်​​စေချင့်​ပါ

ကောင်းတယ်ဗျာ အားပေးနေပါတယ်

ကျေးဇူးပါ ဆက်​လက်​အား​ပေးပါအုံး

အ​ရေးအသားgoodတယ်​👍👍

ကျေးဇူးအထူးပါ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.031
BTC 61904.94
ETH 2583.24
USDT 1.00
SBD 2.57