စာဖတ်​ ဝါသနာ

in #esteem6 years ago

စာအုပ်​တစ်​အုပ်​​လောက်​ဖတ်​ရုံနဲ့ စာဖတ်​စွဲသွားသလား အစ်​မတဲ့...
မသိဘူးဟ ဆိုတာပဲ ​ဖြေနိုင်​ပါတယ်​။ဟုတ်​ပါတယ်​..အဲ့ဒီ​မေးခွန်းအတွက်​ ကျမမှာ အ​ဖြေမရှိပါဘူး။ဘယ်​စာအုပ်​က​တော့ ဖတ်​​ကောင်းသားပဲ ဆိုတာကိုပဲ ညွှန်းနိုင်​ပါတယ်​။ ဘယ်​စာကိုဖတ်​လိုက်​ပါ စာဖတ်​ကျင့်​ပါ တစ်​ခါထဲ စွဲသွား​စေရမယ်​ဆိုတာမျိုးက​တော့ ကျမလည်း တိတိပပ မ​ပြောနိုင်​ဘူး​လေ။

စာဖတ်​ကျင့်​ဆိုတာ ​မွေးယူခဲ့ရတာမျိုးမဟုတ်​လား။ဒီစာအုပ်​ကို ဖတ်​လိုက်​လို့ မင်း ဘာရသွားလိမ့်​မယ်​ဆိုတဲ့ ရုပ်​ဝတ္တုပစ္စည်း ရပိုင်​ခွင့်​က ရှိမှမရှိတာပဲ။
စာအုပ်​ဖတ်​လိုက်​တာက စာ​ပေထဲက အနှစ်​သာရ စိတ်​ခံစားမှုက​နေ ဖြစ်​​ပေါ်​စေတဲ့ ခွန်​အားကိုသာ ရရှိ​စေနိုင်​တာ​လေ။
လူဆိုတာ စိတ်​ရဲ့ဦး​ဆောင်​မှု​အောက်​မှာ ​နေတာမို့ စိတ်​ကို ထိန်းချုပ်​ဖို့ ကန့်​သတ်​ဖို့ စိတ်​​တွေ ခွန်​အားကြီးမားလာဖို့အတွက်​ပဲ စာဖတ်​ကြတာ မဟုတ်​လား..။
စာအုပ်​ဆိုတာ စာ​ပေ​တွေကို အမှတ်​အသားပြုလုပ်​ထားတဲ့အရာပါပဲ။ကျမတို့ စာဖတ်​သူ​တွေ စွဲထင်​တယ်​ဆိုတာ စာအုပ်​မှ မဟုတ်​ပဲ။ စာ​ပေ​လေ။ဇာတ်​လမ်း ဇာတ်​ကွက်​ အ​တွေးအ​ခေါ် အယူအဆ သိသင့်​တာ​တွေ မှတ်​သားသင့်​တာ​တွေ ဖြစ်​သင့်​တာ​တွေ မဖြစ်​သင့်​တာ​တွေကို ​ရော​မွှေထည့်​သိုထားတဲ့ စာ​ပေ​တွေထဲကမှ ကျမတို့နဲ့ ကိုက်​ညီမယ့်​ စာအုပ်​​တွေကို ရှာပြီး အဲ့ဒီစာအုပ်​ထဲက စာ​ပေ​တွေကိုမှ ဖ​တ်​ရှု့ခံစားကြရတာပါ။
စာအုပ်​နဲ့မှ စာဖတ်​လို့​ကောင်းတာ ဘာညာ ဆိုတာ စာအုပ်​အ​ပေါ်မှာ စိတ်​ရဲ့စွဲလန်းမှု တစ်​ခုပါပဲ။
စာ​ပေကို လက်​ခံနှစ်​သက်​ပြီးမှ စာအုပ်​အ​ပေါ်မှာမှ သီးသန့်​စွဲလန်းမှုတစ်​ခုအ​နေနဲ့ စာအုပ်​နဲ့ စာဖတ်​မှုကို ရူးသွပ်​​နေကြရတာပါ။
စာကြီး ​ပေကြီးဆိုတဲ့ စာကို ညွှန်​ပြပြီး အဲ့ဒါဖတ်​ စာဖတ်​စွဲသွားလိမ့်​မယ်​လို့ ပစ္စလက်​ခတ်​စာအုပ်​ညွှန်းလို့ မရနိုင်​ပါဘူး။ နဂိုစာဖတ်​ဝါသနာမပါပါဘူးဆို စာအုပ်​အထူကြီးကိုမှ သွားညွှန်းရင်​ စာချစ်​သူမဟုတ်​ပဲ စာမုန်းသူတစ်​​ယောက်​​တောင်​ ဖြစ်​သွားနိုင်​ပါ​သေးတယ်​။

လမ်း​ပျောက်​လို့ လမ်းစရှာ​နေသူကို လမ်းပြပြီး ညွှန်း​ပေးရတာ လွယ်​ကူ​ပေမယ့်​ လမ်းမသိသူကို​တော့ နှုတ်​ဖျား​လေးနဲ့ လမ်းညွှန်​ရခက်​ပါတယ်​။

စာကြီး​ပေကြီးဆိုတာ​တွေကို ဖတ်​​စေမှ စာဖတ်​စွဲရမယ်​ဆို ကျမစာဖတ်​ကျင့်​ရခဲ့တာ ကာတွန်း​တွေက စခဲ့တာ ကိုယ်​​တွေ့ပါပဲ​လေ..။

ကိုယ့်​ကိုယ်​ကိုယ်​ သိလွန်း တတ်​လွန်းလှပြီလို့ ခံယူ​နေတာ မဟုတ်​​ပါဘူး။ ဒါ​ပေမယ့်​ ကိုယ်​ယုံကြည်​ရာအတိုင်း​တော့ ကိုယ့်​အယူအဆအတိုင်း​တော့ ဝင်​​ပြောမိတတ်​တဲ့အခိုက်​အတန့်​​တွေရှိပါရဲ့..။

ကျမကို စာအုပ်​ဖတ်​​ကောင်းတာ​လေး ညွှန်းပါဆိုရင်​​တော့ ဖတ်​ဖူးတဲ့အထဲက ကျမ သ​ဘောကျတဲ့ စာအုပ်​​လေး​တွေကို ညွှန်းမိမှာပါပဲ။

အဲ...စာအုပ် ​တစ်​အုပ်​ထဲဖတ်​ပြီး စာဖတ်​ကျင့်​ရသွား​အောင်​ စာဖတ်​စွဲ​သွား​အောင်​ ညွှန်းပါဆိုရင်​​တော့...
ကျမ....သိဘူး​လေ လို့ပဲ ​ဖြေနိုင်​ပါလိမ့်​မယ်​..။

I'm ATM .
Msu 021. image

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63004.58
ETH 2548.62
USDT 1.00
SBD 2.81