Movie review

in #esteem6 years ago

အချစ်​ကို ​ငွေနဲ့အစက်​ခံရချိန်​မှာ ​သွေး​အေးသွားတတ်​တဲ့ မိန်းမ​ချောလေးတစ်​​ယောက်​..
ချော​မောလှပတဲ့ရုပ်​ရည်​နဲ့ နူးညံ့တဲ့ ခံစားချက်​​တွေနဲ့ ဆန့်​ကျင်​လို့ သူမ ဖြတ်​သန်းရတဲ့ ဘဝတ​လျှောက်​က ကြမ်းတမ်းရင့်​​ရော်​လွန်းတယ်​..
ခပ်​ဆိုးဆိုး ခပ်​​ပေ​ပေ​ အ​ဖေရှိတယ်​..အ​ဖေက မ​ကောင်းဘူး ..ဒါ​ပေမယ့်​ သူမက အ​ဖေကို ဘာလုပ်​လုပ်​အပြစ်​မမြင်​နိုင်​​လောက်​​အောက်​ချစ်​တယ်​..အဲ့ဒီ​လောက်​အထိ အချစ်​ကို ကိုးကွယ်​သူ..
ပထမဆုံး ချစ်​သူက ​ငွေကို ကိုးကွယ်​သွားတယ်​..သူမ ပထမဆုံးအကြိမ်​ ​ငွေကို မုန်းတီးတတ်​လာတယ်​....
ကြမ်းတမ်းတဲ့ဘဝကို ခပ်​ပါးပါး ဖြတ်​​လျှောက်​နိုင်​ဖို့​တော့ သူမက အရည်​အချင်းရှိတယ်​။ ပြီး​တော့ ​သွေး​အေးသူတစ်​​ယောက်​လို ထုသား​ပေသား ကျ​နေခဲ့ပြီးမှ...
စည်းစိမ်​ဆိုတဲ့အရာ​တွေထက်​အရင်​ လွတ်​လပ်​မှုကို ရှာ​တွေ့ခဲ့တဲ့ ​ကောင်​​လေးတစ်​​ယောက်​ရဲ့ ရူးသွပ်​တဲ့ အနုပညာအ​ပေါ်ကိုးကွယ်​မှု..အဲ့ဒီအနုပညာအတွက်​ သက်​ဝင်​ခံစား​ပေးမယ့်​ သူငယ်​ချင်း​ မိန်းမ​ချော​လေးကို ရတယ်​..
သူ့ အနုပညာဟာ ​ငွေမရှိပဲနဲ့ ရပ်​တည်​ဖို့ သူ စွန့်​စားရဲရမယ်​..လွတ်​လပ်​တဲ့ဘဝကို မက်​​မောတဲ့ ​ကောင်​​လေးရဲ့​နောက်​မှာ တင်းကြပ်​တဲ့ စည်းစိမ်​​ပုံကြီးရှိတယ်​..သူ့ကိုယ်​သူ လွတ်​လပ်​ပြီလို့ထင်​​နေတဲ့ ​ကောင်​​လေးရဲ့​နောက်​မှာ အရာရာကို ​ငွေနဲ့​ဖြေရှင်းတတ်​တဲ့ သူ့အ​မေရဲ့ မျက်​လုံး​တွေ ပါ​နေတာကို သူ မြင်​နိုင်​ပါ့မလား
ဘဝတစ်​​လျှောက်​လုံး ​အကျင့်​မ​ကောင်းတဲ့ ​ယောက်ျား​တွေနဲ့သာ ဆုံခဲ့ဖူးတဲ့ ​ကောင်​မ​လေးအတွက်​ သူမအ​ပေါ် သိပ်​​ကောင်းတဲ့ ​ကောင်​​လေးတစ်​​ယောက်​နဲ့ ​တွေ့တဲ့အခါ ဘာ​တွေ ဆက်​ဖြစ်​သွားမလဲ...
ငွေကို မုန်းတီးပါတယ်​ ဆိုတဲ့ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေး နှစ်​​ယောက်​အတွက်​ ဖြတ်​သန်းရမယ့်​ ဘဝမှာ ​ငွေဆိုတာ ဘယ်​​လောက်​ အ​ရေးပါလာမလဲ..
ရွေးချယ်​ဖို့အတွက်​ နှစ်​ခုရှိတယ်​ ...​ငွေ ..ဒါမှ မဟုတ်​ အချစ်​...
ပန်းချီပညာကို ရူးသွပ်​တဲ့ ​ကောင်​​လေးက
" ပိုက်​ဆံချမ်းသာရင်​ ​ပန်းချီဆွဲလို့မရ​တော့ဘူး။ ​ပိုက်​ဆံအတွက်​ အလုပ်​လုပ်​​နေရလို့ ပန်းချီဆွဲဖို့ အချိန်​နည်းသွားတယ်​ "တဲ့...
ကောင်​မ​လေးက
" ငါ သူ့ကို တကယ်​ ချစ်​မိသွားခဲ့ရဲ့နဲ့ သူ့​ငွေ​တွေကို ချစ်​တယ်​လို့ ဟန်​​ဆောင်​လိုက်​မိတယ်​ " တဲ့..
ပန်းချီဆရာ​ကောင်​​လေးရဲ့ တစ်​ဘဝစာ ထည့်​သိုထားတဲ့ အမှတ်​တရ ဆိုတဲ့ ပန်းချီကားအ​ပေါ် ​ကောင်​မ​လေးရဲ့ မှတ်​ချက်​စကားက
" ဟုတ်​တယ်​ အဲ့ဒီအမှတ်​တရပန်းချီကားက သိပ်​​ကောင်းတယ်​ ကျွန်​မ​တောင်​ စိတ်​လှုပ်​ရှားမိ​တော့မလို့ "တဲ့...
ဆက်​နွယ်​မှု​လေး​တွေနဲ့ အချစ်​​တွေရဲ့​နောက်​ကွယ်​မှာ သူနဲ့သူမ ဘာ​တွေ ဆက်​ဖြစ်​ကြမလဲ...

2014 ခုနှစ်​က ထွက်​ခဲ့တဲ့ တရုတ်​-ကိုးရီးယား ရိုမန့်​အချစ်​ ဇာတ်​လမ်း​လေးပါ..
ရွှီးချန်​ရွှင်း​ဆိုတဲ့ အနုပညာကို ရူးသွပ်​တဲ့​ကောင်​​လေး​နေရာမှာ နာမည်​​ကျော်​ ကိုးရီးယားမင်းသား Rain ပါဝင်​သရုပ်​​ဆောင်​ထားပြီး..
ငွေကို မုန်းတီးရင်း အချစ်​ကို ကိုးကွယ်​ရင်းနဲ့ အချစ်​ရဲ့​နောက်​က ​ငွေရဲ့ လိုအပ်​မှုကိုသာ ရှာ​ဖွေ​နေရတဲ့ မိန်းမ​ချော​လေးရှင်​လုအဖြစ်​က​တော့ သိပ်​ချစ်​စရာ​ကောင်းတဲ့ တရုတ်​မင်းသမီး Liu YiFei ( ဂူးဂူး )က ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​..
ဒီအထဲမှာ ​ပြောချင်​တာက မင်းသမီးလျိုရီ​ဖေးကို မျက်​နှာ​သေနဲ့ သရုပ်​​ဆောင်​တတ်​တဲ့ ရုပ်​ရည်​​ချော​မောမှုနဲ့သာ တက်​လာတဲ့ မင်းသမီးဆိုတဲ့ အယူအဆ​တွေကို ​ပြောင်းပြန်​လှန်​ပစ်​ခဲ့နိုင်​တာပါပဲ..သူမရဲ့ သရုပ်​​ဆောင်​ချက်​​တွေက ဒီဇာတ်​ကားထဲမှာကျ​တော့ နည်းနည်း​လေး ပြင်းထန်​ပြီး ပိုအားရဖို့ ​ကောင်း​နေခဲ့လို့ပါ။

ဒီဇာတ်​ကားကိုရိုက်​​​တော့ မင်းသားrain ​တောင်​ မင်းသမီးလျိုရီ​ဖေးက သိပ်​​ချောလွန်းလို့ ဒိုင်​ယာ​လော့​တွေ​တောင်​ ​မေ့တဲ့အဆင့်​အထိ ဆိုပဲ...

အားလပ်​ချိန်​​လေး​တွေ သာယာကြပါ​စေ..
I'm ATM
MSU 021
Photo and movie crd.
https://www.facebook.com/100010906411021/videos/326697621037116/

image
image

Sort:  

Nice Post @ayethatmon

သင့်​ခ်​ အက်​ဒ်​မင်​..

The Third Way of Love

ညီမပြောတာ ဒီကားနဲ့တူတယ်နော်။

The third....က ဂျွန်​​စောနဲ့ရိုက်​ထားတာပါ မင်းသမီးက​တော့ သူမပါပဲ..

This post has received a 3.13 % upvote from @drotto thanks to: @mmunited.

ကျနော် ဂူဂူး ပြိက်သပ်ပါ ခင်ည 😀

သူမတွင်​ ​ယောက်ျား​လေး ပရိတ်​သတ်​ပိုများ၏....😝😝

gu gu fan pr hee nice post sis

ပေါလှချည်​လားကွာ..ဂူးဂူးဖန်​​တွေ

သင့်​ခ်

nice post

သင့်​ခ်

ကျော့်​အသဲ​လေး ဂူးဂူးပါလား😁😁

ကြည့်ချင်သောစိတ်များဖွား

ရိုမန့်​​လေး​ပေါ့ ​ကောင်းတယ်​​လေ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64572.94
ETH 2630.79
USDT 1.00
SBD 2.82