လွတ်​လပ်​​ရေး

in #esteem6 years ago

အသက်ရှင်နေတဲ့ ပုံပြင် <<<

တစ်ခါက တောအုပ်ကြီးတစ်ခုမှာ သစ်ပင်ကြီးတစ်ပင်ရှိခဲ့ သတဲ့ ။ အပွင့် အသီး အခက် အလက် ပြည့်စုံစွာနဲ့ပေါ့ ။

အဲ့ဒီအပင်ရဲ့ အသီးတွေဟာ ချိုမြိန်လွန်းခဲ့သလို အပင်ကြီးရဲ့ စိမ်းမြလတ်ဆတ်မှုကလည်း ကျက်သရေရှိလွန်းတဲ့အတွက် အဲ့ဒီသစ်ပင်ကြီးကို ပိုင်ဆိုင်လိုသူတွေများပြားခဲ့သတဲ့ ။

အဲ့ဒီလိုနဲ့ သစ်ပင်ကို ပိုင်ဆိုင်လိုသူတွေရဲ့ လောကအောက်မှာ သစ်ပင်ကြီးး ကျရှုံးခဲ့ရပါတော့တယ် ။ ဒါပေမဲ့ ခိုင်မာကျစ်လစ်တဲ့ သစ်ပင်ကြီးကို တစ်ပင်လုံး ပိုင်စိုးဖို့အတွက် ပိုင်ဆိုင်လိုသူတွေက သုံးကြိမ် သုံးခါ ကြိုးပမ်းခဲ့ရသတဲ့ ။

သူတို့က နဂိုကတည်းက အကျိုးအမြတ်အတွက်သာ သစ်ပင်ကြီးကို ပိုင်ဆိုင်လိုခဲ့တာမို့ သစ်ပင်ကြီးကနေ ရနိုင်သမျှ အသီးတွေ အခက်တွေကို အမြစ်တွေ စသည့်အားဖြင့် သူတို့အတွက် အသုံးဝင်သမျှကို စုပ်ယူ နေခဲ့လိုက်တာ သစ်ပင်ကြီးဟာ အရိုးပြိုင်းပြိုင်းနဲ့ သွေ့ခြောက်သွားပါတော့တယ် ။

သစ်ပင်ကြီးရဲ့အရိပ်ကိုခိုနေကြသူတွေက သစ်ပင်ကြီး မခြောက်သွေ့ဖို့ ရေလောင်းကြ ပေါင်းသင်ကြပေမဲ့ သစ်ပင်ကြီးဟာ ရေလောင်းပေါင်သင်သူတွေဆီက ရတဲ့ အာဟာရနဲ့ အပိုင်စီးထားတဲ့ လူတွေကို ပေးရတဲ့ အာဟာရက မမျှတတဲ့ အတွက် တဖြည်းဖြည်း ညှိုးရော်လာပါတော့တယ် ။

တကယ်တော့သူတို့က သစ်ပင်ကြီးကို အမြစ်ပါလှန်ပြီး အခြားသစ်ပင်တစ်ပင်ကို အစားထိုးလိုခဲ့ကြတာလေ ။ ဒါပေမဲ့ သန်မာကျစ်လစ်တဲ့ သစ်ပင်ကြီးကို ချက်ချင်း မဖျောက်ဖျက်နိုင်ကြခဲ့ဘူးတဲ့ ။ပြီးကျ ရေလောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် သစ်ပင်ကြီးက သူတို့လိုချင်တဲ့အချိန်အတွင်း မသေဆုံးနိုင်ခဲ့ဘူးတဲ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ သစ်ပင်ကြီးရဲ့ ကံကြမ္မာကို ဖန်တီးဖို့ စိတ်ကောင်းရှိတဲ့ မှော်ဆရာလေးတစ်ယောက် ပေါ်ပေါက်လာတော့သတဲ့ ။

မှော်ဆရာလေးဟာ သစ်ပင်ကြီးကို ရေလောင်းသူ ပေါင်းသင်သူ စတဲ့လူတွေကို လက်ချောင်းလေးတွေကနေ လက်သီးဆုပ်ဖြစ်လာအောင် အားထုတ်ခဲ့သတဲ့ ။ ပြီးတော့ သူ့နှလုံးသွေးကို ရင်းပြီး သစ်ပင်ကြီးကို အသက်သွင်းပေးခဲ့ပါသတဲ့ ။

သူက သစ်ပင်ကြီး တစ်ချိန်ကလို အပွင့် အသီး အခက်အလက်တွေနဲ့ ပြန်လည် ပြည့်စုံဖို့ မျှော်လင့်ခဲ့ပါသတဲ့ ။

ဒီလိုနဲ့ မှော်ဆရာလေးနဲ့ ရေလောင်းပေါင်းသင်သူ သစ်ပင်ကြီးကို အသက်သွင်းသွားသူတွေက အသက်ကိုစွန့်သွားခဲ့ရပါသတဲ့ ။ ဒါပေမဲ့ သူတို့ရဲ့ မျှော်လင့်တဲ့ စိတ်ဓါတ်ကိုပါ သစ်ပင်ကြီးရဲ့ အရိပ်မှာ ခိုလှုံလာသူမှန်သမျှကို ခံစားမိစေဖို့ သစ်ပင်ကြီးကိုအသက်သွင်းရင် အဲ့ဒီမျှော်လင့်ချက်တွေကိုပါ ထည့်သွင်းပေးသွားခဲ့ပါသတဲ့ ။

ဒီလိုနဲ့ အရိပ်ခိုလိုသူတွေ ရင်တမမနဲ့ စောင့်ကြည့်နေကြရင်း ဒီလိုနေ့မျိုးရဲ့ မနက်ခင်းစောစောမှာ သစ်ပင်ကြီးဟာ ပြန်လည် အသက်ရှင်လာခဲ့ပါတော့ သတဲ့ကွယ် ။

အရိပ်ခိုလိုသူတွေဟာ မျက်ရည်ဖြိုင်ဖြိုင်နဲ့ ဝမ်းသာဝမ်းနည်း နဲ့ ပြန်လည်ရှင်သန်လာတဲ့ သစ်ပင်ကြီးကို ကြိုဆိုခဲ့ကြပါတော့တယ် ။

မှော်ဆရာလေးကို မနိုင်လို့သာ အရှုံးပေးလိုက်ရတဲ့ ပိုင်ဆိုင်လိုသူတွေဟာ သစ်ပင်ကြီးကို ပိုးမျိုးများစွာ ထည့်သွင်းပေးသွားခဲ့တဲ့အတွက် သစ်ပင်ကြီးဟာ အခုထိ ပိုးကိုက်ခံနေရပြီး အရင်ကလို မဝေစည်နိုင်သေးဘူးတဲ့ကွယ် ။

သစ်ပင်ကြီးက ပိုးတွေကို သတ်ဖို့ ကြိုးစားရင်း ရေလောင်းသူလောင်း ပေါင်းသင်သူသင်နဲ့ သစ်ပင်ကြီးကို အသေအလဲ ပြုစုနေကြဆဲ ဖြစ်သတဲ့ ။

ပြီးတော့ သစ်ပင်ကြီးရဲ့ အရိပ်ကို ခိုနေသူတွေက သန်းပေါင်း ငါးဆယ်ကျော်တောင်ရှိသတဲ့ ။ အရိပ်ခိုသူတွေထဲမှာ တချို့က အခက်ချိုးဖို့ စောင့်နေကြသလို တချို့က အသီးခူးဖို့စောင့်နေကြသူတွေလည်းရှိသတဲ့ ။

ဒါပေမဲ့ အားလုံးဟာ သစ်ပင်ကြီး ဒုတိယအကြိမ် အသက်ဝင်လာတဲ့ ဒီလိုနေ့ရောက်တိုင်း ဝမ်းနည်း ဝမ်းသာနဲ့ မှော်ဆရာလေးနဲ့ ရေလောင်း ပေါင်းသင်ခဲ့သူတွေကို အောက်မေ့သတိရနေကြလေ့ရှိတာ ယနေ့ထိတိုင်ပါပဲတဲ့ကွယ် ။ ။

လွပ်လပ်ရေးနေ့

                                     (  I'm  ATM. )

Msu 021. image

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62685.52
ETH 2436.42
USDT 1.00
SBD 2.51