l'm ATM

in #esteem6 years ago

နည်းနည်း​လောက်​ ကြီးမြတ်​ချင်​​သော အတ္တနှင့်​ပင်​ တရားကျခဲ့မိပါသည်​။
တစ်​​လှေလုံး အပုတ်​​စေလိုခဲ့​သော ငါးတစ်​​ကောင်​အဖြစ်​သည်​ပင်​ တစ်​​ကောင်​ထဲကား ​လတ်​ဆတ်​ခြင်း မမည်​ခဲ့...။
တစ်​စီးထဲ​သော ခရီးသည်​တို့၏ ကံအ​ကြောင်းတရားဖြစ်​​စေခဲ့​လေပြီ...။
ကိရိယာ အစိတ်​အပိုင်းတို့၏ အားကြီးရာ ​နေရပ်​တို့ဖြင့်​ပင်​ အကြီးမားဆုံး​သော ဝက်​သစ်​ချပင်​ကြီးလည်း ပြို၏...
အကျယ်​​ပြောဆုံး​သော ပင်​လယ်​အားလည်း ကူးဖြတ်​လိုက်​ကြ၏.....
သို့​သော်​ ဘဝတစ်​ခု၏ ထွက်​သက်​ထွက်​သက်​တို့ ကုန်​ခမ်းသွားခဲ့​သော အဖြစ်​သည်​ကား ​မှေးမှိန်​ ​သေးသိမ်​သွားခဲ့ရ​လေသည်​...။
အ​ကောင်းဆုံး ​လောကဓံတွင်​ အညစ်​ယုတ်​ဆုံး အခက်​အခဲ ရှိစမြဲတည့်​...။
လွန်​ကျူး ကုန်​​မြောက်​ခြင်းငှါ မစွမ်းသာသည့်​တိုင်​ ကြံ့ကြံ့ခံ ရင်​ဆိုင်​ခြင်းကိုမူ တတ်​​မြောက်​ရ​လေသည်​။
အချိန်​တို့၏ တန်​ဖိုးကို တွက်​ချက်​ပြ​သော ပုဂ္ဂိုလ်​တို့၏ ကြီးမြတ်​မှုတွင်​ ဖြစ်​သန်းခဲ့​သော အစိတ်​အပိုင်းများကို စုဆက်​တပ်​ဆင်​ရာ ပညာအား မြတ်​နိုး တန်​ဖိုးထားမိခြင်းမှ အစပြု၍
ငါသည်​.....လူတစ်​​ယောက်​ ဖြစ်​၏...
ငါသည်​ ခွန်​အား ကြီးမား၏....
ငါသည်​ အသိဉာဏ်​ရှိ၏...
ငါ၏ ဖြစ်​​မြောက်​လိုရာသည်​ ငါ၏ ကြိုးစားမှု ဖြစ်​၏ဟု ​ကြွေး​ကြော်​ခြင်းသည်​ လူပြုံး သူပြုံးဖြင့်​ ကြီးကျယ်​​နေ​လေ​တော့၏.....

I'm ATM. image

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63033.54
ETH 2434.49
USDT 1.00
SBD 2.54